• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Artist to Artist Respect ရှိစေချင်တယ်”လို့ ပြောတဲ့ ကျားပေါက်

by ယုဖြူဟန်
30 June 2019
in Entertainment
A A
အဆိုတော် ကျားပေါက်  / The Voice Myanmar Facebook Page

အဆိုတော် ကျားပေါက် / The Voice Myanmar Facebook Page

4.9k
VIEWS
Share on FacebookShare on Twitter

The Voice Myanmar Season 2 သီချင်းဆို ပြိုင်ပွဲမှာ Coach တယောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ အဆိုတော် ကျားပေါက်ကတော့ ပြိုင်ပွဲဝင်များအပေါ် ကြိုက်တယ်၊ မကြိုက်ဘူး ပြောလို့ရပေမယ့် Artist to Artist Respect ရှိစေချင်တယ်လို့ ပြောပါတယ်။

“ကျနော်က ဘယ်တော့မှ သူများရဲ့အမြင်ကို စွက်ဖက်မှာ မဟုတ်ဘူး။ ကြိုက်နိုင်တယ်၊ မကြိုက်နိုင်ဘူး။ အဲဒီ နှစ်မျိုးပဲ ရှိတယ်။ အကုန်လုံးကို လက်ခံတယ်။ ဘယ်လိုမျိုး ဖြစ်စေချင်လဲဆိုရင် Artist to Artist Respect တော့ ရှိစေချင်တယ်။ သီချင်းဆိုတဲ့ ကလေးမလေးအပေါ် မဟုတ်ဘူး။ နောက်မှာ ကိုဓိရာမိရ် ပါနေတယ်။ ကိုဓိရာမိုရ်လောက် သီချင်းကို စေတနာထားပြီးလုပ်တဲ့သူ ဒီနေ့ထိ မတွေ့ဖူးသေးဘူး။ လက်လွတ်စပယ်နဲ့ Artist to Artist Respect ကျမှာကို စိုးတယ်”လို့ အဆိုတော် ကျားပေါက်က ပြောပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
244
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
797
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

The Voice Myanmar Season 2 ရဲ့ နောက်ဆုံး Final ညမှာ ပြိုင်ပွဲဝင် ဟေဇယ်ရဲ့ သီဆိုဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဝါရင့် အဆိုတော်ကြီး တယောက်မှ ဝေဖန်တဲ့အပေါ် ကျားပေါက်က သူ့ရဲ့သဘောထားအမြင်ကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့တဲ့အပေါ် အခုလိုပဲ ပြောပြခဲ့ပါတယ်။

“အဓိက ကျနော် ဝင်ပြောရခြင်း အကြောင်းက လူကြီးက လူငယ်ကို ဘယ်လိုဖြစ်လို့၊ လူငယ်တွေက ဘယ်လိုဖြစ်လို့ အဲဒါတွေကို ကျနော် စိတ်မဝင်စားဘူး။ လူတွေကို Positive ဖြစ်စေချင်တယ်။ ပြောလို့ ရတယ်။ တယောက်နဲ့ တယောက် ကောင်းအောင် ပြောလို့ ရတယ်။ အဲဒါကို အဓိက ပြောချင်တာပါ” လို့ ကျားပေါက်က ပြောပါတယ်။

ကျားပေါက်ကတော့ ဝေဖန်မှုများကို တောင့်ခံနိုင်တဲ့သူဟာ ရှေ့ဆက် တက်လှမ်းသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များအနေနဲ့ လေးလေးနက်နက် ရှိရင် ပိုကောင်းမယ်လို့ ဆိုပါတယ်။

“ကျနော် ဖြစ်စေချင်တာကတော့ အဆိုတော် ဖြစ်လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ထက် ပိုပြီး တခြားခံယူချက်လေးတွေ ရှိသင့်တယ်လို့ ထင်တယ်။ ဥပမာ ဒီဂီတလောကထဲကို တခုခု အသစ် ထပ်ထည့်မယ်။ Stepping Stone အနေနဲ့ သုံးမယ်။ ဒီဟာသည် လှေကားထစ်လေး တခုလို သုံးမယ်။ လေးလေးနက်နက်လည်း ရှိရင်ပိုကောင်းမယ် ထင်တယ်။ နောက်ပြီး စကေးကတော့ ရှိရမှာပေါ့နော်။ ပြိုင်ပွဲဆိုတော့”လို့ ကျားပေါက်က ပြောပါတယ်။

အဆိုတော် ကျားပေါက်ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ Coach အနေနဲ့ ပါဝင်နေတာ Season ၂ ခု ရှိပြီဖြစ်ပြီး ယခုနှစ် Season 2 မှာတော့ သူ့ရဲ့ Team KP မှ ပြိုင်ပွဲဝင် Novem Htoo က Winner ဆုကို ရရှိခဲ့ပါတယ်။

Your Thoughts …
Tags: The Voice Myanmar Season 2ကျားပေါက်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် ဟန်နေတာ၊ နိုဗန်ထူး၊ ရေမွန်နဲ့ ကျားပေါက်  / Han Htue Lwin's Facebook

ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း

by ဧရာဝတီ
10 March 2021
9.1k

“ဒီမိုကရေစီ ရရှိရေး၊ မတရားဖမ်းဆီးထားသမျှ ပြန်လွှတ်ပေး၊ ဒါဘယ်သူ့ အာဏာလဲ။ ငါတို့အာဏာပဲ။ စစ်အာဏာရှင် ကျရှုံးရေး ဒို့အရေး” စတဲ့ စာသားများ ပါရှိပါတယ်။

The Voice Myanmar Season 2 ရဲ့ Winner Novem Htoo  / The Voice Myanmar Facebook Page

ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo

by ယုဖြူဟန်
17 June 2019
11.9k

Novem Htoo ဆုရရှိခဲ့တဲ့အပေါ် ဂီတလမ်းအသစ်ကို ဖောက်ချင်တဲ့ လူငယ်အများစုကတော့ ဝမ်းသာအားရနဲ့ ကြိုဆိုလျက် ရှိကြပြီး တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပါတယ်။

သားဖြစ်သူ ကျားပေါက်၊ သမီးဟန်နေလွင်လွင်နဲ့ အဆိုတော်ရင်ဂို  / Ringo's Facebook

ဂီတကိုပဲ ဝါသနာပါတဲ့ သားနဲ့ သမီးအကြောင်းပြောပြတဲ့ အဆိုတော်ရင်ဂို

by ယုဖြူဟန်
28 March 2019
11.1k

“သားသမီးကံတော်တော် ကောင်းတယ်လို့ပြောလို့ရတယ်။ သူတို့ကို မမျှော်လင့်ထားဘဲနဲ့ ကိုယ်ဖြစ်ချင်တဲ့ အလုပ်တွေကို လုပ်တာပေါ့။ သူတို့နဲ့ ၃ယောက် စင်ပေါ်မှာဆိုထားတဲ့ ပုံလေးတွေမြင်ရင် ကျေနပ်တယ်။

The Voice Myanmar Season 2 ရဲ့ Finalists ပြိုင်ပွဲဝင် Hazel / ဝေဝေနှင်း / ဧရာဝတီ

“တစ်ကျော့နှစ်ကျော့ တေးကိုသီ”သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူးလို့ ဟေဇယ် ပြော 

by ချစ်ပိုး
21 June 2019
25.8k

သူတို့ အရမ်းကြိုက်ခဲ့တဲ့ သီချင်း အပြောင်းအလဲ ဖြစ်သွားချိန်မှာ နားထောင်ရတာ ထူးထူးဆန်းဆန်းဖြစ်ပြီး နားမယဉ်သေးတာမျိုးကြောင့်ပါ။ သီချင်းချစ်လို့ ဖြစ်ကြတာပါ”လို့ ဟေဇယ်က ပြောပါတယ်။

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

by ဧရာဝတီ
1 February 2022
16.3k

ကျနော်တို့ အငြိမ့်နဲ့ တော်လှန်မယ်။ အာဏာသိမ်း တနှစ်ပြည့်ဆိုတာထက် တော်လှန်ရေး တနှစ်ပြည့်ဆို ပိုမှန်မယ်။ အဲဒီတော့ အငြိမ့်နဲ့ ဖျော်ဖြေမယ်။ ပြည်သူလူထုကို အားအင်ရှိစရာ အကြောင်းအရာတွေ တတ်နိုင်တဲ့ဘက်ကနေ အားအင်ပေးမယ်။

၂၀၁၉ ဇွန်လအတွင်းက တကိုယ်တော် ပန်းချီပြပွဲတွင် တွေ့ရသည့် ကျားပေါက်  / ဧရာဝတီ 

ကိုယ် ယုံကြည်ပြီး တည်ဆောက်ခဲ့သမျှ အားလုံး ပျက်စီးသွားတာပဲ

by ဧရာဝတီ
1 October 2021
46.4k

ဆုံးရှုံးခဲ့ရတာတွေက အကုန်လုံးပေါ့လေ။ အဲဒါတွေက အခုပြောလည်း ညည်းပြသလို စိတ်ဓာတ်ကျပြသလို ဖြစ်မှာလည်း စိုးတယ်။ ကျနော်မေ့ထားရတဲ့ ကိစ္စတွေ အများကြီးပဲ။ ဒီအချိန်မှာ ကျနော်တို့တွေ ဘာကို ခေါင်းထဲ ထည့်ထား ရမလဲဆိုတော့ ကိုယ်က တစုံတရာကို ဆုံရှုံးခဲ့တယ်ဆိုရင်...

Next Post
လှည်းကူးစက်မှုဥယျာဉ်စီမံကိန်းအတွက် ကုမ္ပဏီ တာဝန်ရှိသူများနဲ့ဆွေးနွေးနေပုံ / Yangon Region Government

စက်မှုဥယျာဉ် စီမံကိန်းကို လှည်းကူးမြို့တွင် ဖော်ဆောင်မည်

The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo  / ဝေဝေနှင်း / ဧရာဝတီ

The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate