• English
Monday, December 11, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home Lifestyle Entertainment

          The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo နဲ့ တွေ့ဆုံခြင်း

          by ယုဖြူဟန်
          30 June 2019
          in Entertainment
          Reading Time: 1 min read
          A A
          The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo  / ဝေဝေနှင်း / ဧရာဝတီ

          The Voice Myanmar Season 2 Winner ဆုရှင် Novem Htoo / ဝေဝေနှင်း / ဧရာဝတီ

          4.1k
          VIEWS
          Share on FacebookShare on Twitter

          Underground ဂီတလောကမှာ Artist တယောက်အနေနဲ့ အချိန်အတော်ကြာ ရပ်တည်လာခဲ့ပြီး ကိုယ်ပိုင် တီးဝိုင်းနဲ့ သီချင်းများစွာကို ဖန်တီးလျက်ရှိကာ မြန်မာနိုင်ငံမှာ ပရိသတ်အားပေးမှု နည်းနေသေးတဲ့ ဂီတအမျိုးအစား Metal ဂီတကို ရူးသွပ်စွာ ဖန်တီးလျက်ရှိတဲ့ Novem Htoo ဟာ မကြာသေးခင်က The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုကို ရရှိခဲ့ပါတယ်။

          The Voice Myanmar Season 2 ရဲ့ Winner ဆုရှင် Novem Htoo ကို Underground မှာ အချိန်အတော်ကြာ ရပ်တည်လာခဲ့ပုံ၊ The Voice Myanmar Season 2 ကို ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပုံနဲ့ သူ လျှောက်လှမ်းခဲ့တဲ့ ဂီတလမ်းကြောင်းရဲ့ အခက်အခဲများအကြောင်းကို ဧရာဝတီ သတင်းဌာနက အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။

          RelatedPosts

          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          10 December 2023
          1.5k
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          9 December 2023
          755
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          7 December 2023
          2.3k

          မေး။ ။ Winner ရပြီး နောက်ပိုင်း ဘာတွေ လုပ်ဖြစ်နေလဲ။

          ဖြေ။ ။ Winner ရပြီး နောက်ပိုင်း အင်တာဗျူးတွေ လိုက်ဖြေနေတယ်။ အလုပ် မလုပ်ရသေးဘူး။ အခုထက်ထိ။

          မေး။ ။ Winner ရပြီး ပြောင်းလဲသွားတဲ့ အစိတ်အပိုင်းဆိုရင် ဘာဖြစ်မလဲ။

          ဖြေ။ ။ အပြင်သွားရင်တော့ ဘာညာ ဒီတယောက်ပါလားပေါ့။ အဲ့လောက်ပါပဲ။

          မေး။ ။ ရရှိခဲ့တဲ့ ဆုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အသုံးပြုသွားမလဲ။

          ဖြေ။ ။ ကျနော့်ရဲ့ Band ရှိတယ်။ အခွေကိစ္စလေး တိုင်ပင်နေတယ်။ ငါတို့ဂျူတီ ဘယ်မှာ ဂျူတီယူမယ်ပေါ့နော်။ ဘယ်လိုတွေ လုပ်မယ်ပေါ့။ ပြီးတော့ Show လုပ်ဖို့ ကိစ္စ ရှိတယ်။ တဆင့်ပြီး တဆင့် ဖြတ်မယ်ပေါ့။ အများကြီးကျတော့ ရူးသွားမှာလည်း စိုးတယ်။ မနိုင်ဘဲနဲ့ ဆိုရင်လည်း မကောင်းဘူး။

          မေး။ ။ ပြိုင်ပွဲ ဝင်ပြိုင်ကြတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက် Winner ရပြီးတော့ရော အဲဒီဝေဖန်မှုတွေ၊ အခက်အခဲတွေ ပြေလည်သွားပြီလား။

          ဖြေ။ ။ အခုကျတော့ အရင်ကထက်စာရင် မဆိုးဘူးပေါ့။ အရင်ကပြောသလို ပိုက်ဆံက အရေးမကြီးပါဘူးဆိုပေမယ့် ပိုက်ဆံရတော့ အရှိန်က နည်းနည်း ပိုမြန်သွားတာပေါ့။

          မေး။ ။ ကိုယ်ပိုင် Band လည်း ရှိတယ်ဆိုတော့ Band က လူတွေကရော သဘောတူခဲ့လား။

          ဖြေ။ ။ Band က လူတွေမှ မဟုတ်ဘူး။ အကုန်လုံးက ခေါင်းတော့စားတယ်။ မင်းနဲ့ ဘာဆိုင်လို့လဲပေါ့။ အဲဒီ မင်းနဲ့ ဘာဆိုင်လို့လဲ ဆိုတာက အသိုင်းအဝိုင်း တခုလုံးနဲ့ ဆိုင်တယ်။ ကျနော့်မှာ ကျနော်အဖြေ ကျနော်ရှိပြီးသား။ အဲ့အပေါ်မှာလည်း ပထမတော့ ရှင်းပြတယ်။ နောက်တော့ မရှင်းပြတော့ဘူး။ ကိုယ်ဖြစ် ကိုယ်ခံပဲပေါ့။ ငါတခုခု လွဲသွားရင် ဂီတလောကထဲက ထွက်သွားရမှာ။ နိုင်သွားတော့လည်း အပြောင်းအလဲတခု ဖြစ်သွားတာပေါ့။

          မေး။ ။ အခွေလုပ်ဖို့အတွက်ကျတော့ သီချင်းတွေက အဆင်သင့်ပဲလား။

          ဖြေ။ ။ သီချင်းတွေက ရေးပြီးသားတွေပါ။ အကြမ်းတွေတော့ တီးထားတယ်။ အခုကျတော့ စတူဒီယိုမှာ ကောင်းကောင်းမွန်မွန်လေး တီးကြမှာပေါ့။

          မေး။ ။ ရတဲ့ဆုကြေးကိုရော အခွေအတွက်ပဲ အသုံးပြုသွားမှာလား။

          ဖြေ။ ။ အခွေအပြင် တခြားဘာတွေ အသုံးချမလဲဆိုရင် ဒီ Show ပိုင်း ဆိုင်ရာရယ် အမေ့ကိုလည်း အကြွေးတွေ ဘာတွေ ဆပ်ပေါ့။ မိဘကျေးဇူး ဆပ်တာထက် ကျနော့်မှာ အကြွေးတွေ အများကြီးပဲ။ အဲဒီအကြွေးတွေ ဆပ်ရမယ်။ ကျန်တာတွေကတော့ Organization တို့၊ Show တို့အတွက် သုံးဖြစ်မယ် ထင်တယ်။

          မေး။ ။ အမေက ပြိုင်ပွဲဝင်တုန်းက အားပေးနေတာကို တွေ့ရတယ်ဆိုတော့ ကိုယ့်အပေါ် အားပေးတာကို တွေ့ရတဲ့အခါမှာ ဘယ်လိုခံစားရလဲ။

          ဖြေ။ ။ အမေက ကိုယ့်ကို အထင်မှ မကြီးတာ အစကတည်းက။ အထင်မကြီးဘူး ဆိုတာလည်း နားလည်ပါတယ်။ တီဗီကနေ အငြင်းပွားတဲ့သူတွေမှ မဟုတ်ဘူး။ ဘာတွေအော်မှန်း မသိဘူး ဆိုတာကလည်း အမေကိုယ်တိုင်က ဖြစ်နေတာဆိုတော့ အဲ့အပေါ်မှာ ပြောစရာ မရှိဘူး။ အခုကျတော့ “ဟာ” ဆိုပြီးဖြစ်သွားတာ။ “ငါ့သား မဆိုးပါဘူးပေါ့”။

          မေး။ ။ ဒီဂီတကို စလုပ်ခဲ့တုန်းကရော အမေနဲ့ ဘယ်လို ရင်ဆိုင်ခဲ့ရလဲ။

          ဖြေ။ ။ ရင်တော့ မရင်ဆိုင်ခဲ့ရပါဘူး။ “မုန့်ဖိုး မပေးတာတို့၊ နင်ဒါပဲ လုပ်နေတော့မှာလား” တို့ နည်းနည်းကောတဲ့ဘက်က များပါတယ်။ အကောင်းမပြောဘူးဆိုတာက မြန်မာနိုင်ငံက ပြောသလိုပဲ။ “နင် သီချင်းအေးအေးလေးတွေ လုပ်ပါလား၊ လူနားဝင်တဲ့သီချင်းလေးတွေ လုပ်ပါလား” ဆိုတာ လူတိုင်းပြောနေကျ စကားပဲလေ။ “လူနားလည်တဲ့ သီချင်းတွေ မလုပ်ဘူးလား” ဆိုတော့ ကျနော်တို့က “လူ မဟုတ်တော့ဘူးလား” ဆိုရင်ကျ မဟုတ်ပြန်ဘူး။ ကျနော်တို့ စိတ်ခံစားချက်အတိုင်း သွားနေတဲ့အခါကျတော့ အေးဆေးပါပဲ။

          မေး။ ။ ကိုကျားပေါက်နဲ့ သီချင်းတွေလုပ်တဲ့ အခါမှာရော ဘယ်လိုတွေ တိုင်ပင်ဖြစ်လဲ။

          ဖြေ။ ။ ကိုကျားနဲ့ ညှိရတာ သိပ်တော့ မခက်ပါဘူး။ သူလည်း ကိုယ့်ကို အပြည့်အဝ နားလည်တယ်။ ကိုယ်လည်း သူ့ကို အပြည့်အဝ နားလည်တယ်။ အစ်ကိုလိုလည်း ဖြစ်နေတော့လေ။ ဆီမီးဖိုင်နယ်မှာ ဆိုတဲ့ ဦးညီထွဋ်သီချင်းမှာ မင်းကို သူများတွေက မယ်လိုဒီ မဆိုတတ်ဘူး ထင်မှာစိုးလို့ ဆိုပြလိုက်ဦး ပြောတာကြောင့် ဆိုဖြစ်ခဲ့တယ်။

          ပြိုင်ပွဲဝင် Novem Htoo နဲ့ အဆိုတော် ကျားပေါက် /The Voice Myanmar Facebook Page

          မေး။ ။ နောက်ပိုင်းရော သူနဲ့ ဘယ်လိုတွေ လုပ်သွားဖို့ ရှိမလဲ။

          ဖြေ။ ။ နောက်ပိုင်းတော့ သီချင်းတွေ တွဲလုပ်သွားဖို့ ရှိတယ်။ သူကလည်း စိတ်ဝင်စားတယ်။ ငါတို့ ချကြမယ်ဆိုပြီးတော့။ ကျနော်ရယ်၊ သူရယ် နောက်ထပ် Artist တွေလည်း ပါဦးမယ်။

          မေး။ ။ Metal ဂီတကို ရူးသွပ်စွာ လုပ်ခဲ့ပြီး ပြိုင်ပွဲမှာလည်း ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် လူငယ်တွေကိုရော ဘယ်လောက်ထိ လက်တွဲ ခေါ်သွားမလဲ။

          ဖြေ။ ။ Metal နဲ့ ဆုရသွားပေမယ့် Metal ကိုယ်စားပြုကြီးလို့ မပြောရဲဘူး။ ကျနော် နိုင်သလောက်လေး ဝင်ထမ်းတာ။ Metal မှာက ဂိုဏ်းချုပ်ကြီးတွေ၊ ဆရာကြီးတွေ ရှိပြီးသား။ ကိုယ်က အငယ်ဆိုပြီးတော့လည်း အရမ်းငယ်တဲ့ထဲတော့ မပါပါဘူး။ နည်းနည်းတော့ ကြီးနေပြီ။ ကိုယ်စားပြုဆိုတာကြီးတော့ မခံယူထားပါဘူး။ ကျနော် ကိုယ်ကြိုက်တဲ့ ဂီတကို နေရာတနေရာ ရဖို့အတွက် ကျနော်လည်း တတ်နိုင်တဲ့နေရာကနေ ဝင်ကြည့်တဲ့ ပုံစံပါပဲ။ ခေါင်းဆောင်ဖို့တို့၊ မင်းတို့ရှေ့က ဦးဆောင်တာတို့ ဘာတို့ မဟုတ်ပါဘူး။ တပ်သားအနေနဲ့ပဲ လှုပ်ရှားတာပေါ့။

          မေး။ ။ အပြင်လူတွေက ဝေဖန်တာထက် ကိုယ့်လောကက လူတွေ ဝေဖန်တဲ့အခါမျိုးမှာ ဘယ်လိုမျိုး ခံရခက်တဲ့ အပိုင်းတွေ ရှိမလဲ။

          ဖြေ။ ။ ဖြစ်ပါတယ်။ အပြင်ကလူတွေ Bad Comment ပေးတာကတော့ ကျနော့် ဦးနှောက်ထဲလည်း မရှိဘူး။ ဂရုလည်း မစိုက်ဘူး။ အဲ့ထဲက လူနည်းနည်းလေး ကြိုက်ရင်လည်း ရတယ်၊ မကြိုက်လည်း ကိစ္စ မရှိဘူး။ ကျနော် လုပ်နေတဲ့ဂီတက လူတွေကြားထဲမှာ ပြန့်ပြူးစေချင်တဲ့ ဆန္ဒ အပြည့်အဝ ရှိတယ်။ ဒါပဲ ကျနော့်ရဲ့ Main Target က။ လူတွေ အများကြီးထဲမှာမှ ၁၀၀ မှာ နှစ်ယောက် ကြိုက်တယ်ဆိုရင် ကျနော့် အတွက် Win ပဲ။ Win ဆိုတာ ရည်ရွယ်ချက်ကြီး ပြည့်မြောက်သွားတယ်ပေါ့။

          နောက်ပြီးတော့ လွယ်ကူတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒီသီချင်းမျိုးတွေ ကြိုက်ဖို့ဆိုတာက။ ဒီထဲမှာ အချင်းချင်း ဖိုက်နေတယ် ဆိုတာတွေက ကျနော်လည်း တခါတလေ စိတ်မထိန်းနိုင်ရင် စကားပြန်ပြောတယ်။ တချို့ တော်တော်များများကိုတော့ ဥပေက္ခာ ပြုလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို မရောက်သေးခင်တော့ မပြောတာ ပိုကောင်းမယ် ထင်တယ်။

          မေး ။ ။ အဲဒီလို ပြောကြတဲ့ထဲမှာရော ရင်းနှီးတဲ့သူတွေ ပါလား။

          ဖြေ။ ။ ပါတယ်။ တချို့ဆိုဘော်ဒါတွေ။ တချို့တွေဆို အရင်က ကိုယ့်ရဲ့ Fan တွေတောင် ပါသေးတယ်။ ကိုယ့်ထက် ငယ်ပြီးတော့ ကိုယ့်နောက်မှ Band လုပ်တဲ့ ကောင်လေးတွေတောင် ပါသေးတယ်။ အခုကျမှဆရာလိုလို ဘာလိုလိုနဲ့ ပွဲခံတဲ့ ကောင်တွေလည်း ပါတာပေါ့။ အဲ့ပေါ်မှာလည်း သိပ်တော့ ကိစ္စ မရှိပါဘူး။

          မေး။ ။ ဂီတကို ဘယ်အရွယ်ကတည်းက ရူးသွပ်ပြီး လုပ်ခဲ့တာလဲ။

          ဖြေ။ ။ ငယ်ပါတယ်။ ကလေး ကတည်းကပေါ့။ ကလေးဆိုတာ ၈ တန်း၊ ၉ တန်း လောက်ကတည်းက။ စလုပ်တာကတော့ ၁၀ တန်း ပြီးမှပါ။

          မေး။ ။ စလုပ်ကတည်းကနေ အခုချိန်ထိ Inspire ဖြစ်ရတဲ့သူ ဆိုရင်ရော။

          ဖြေ။ ။ ဒီဂီတကို အမုန်း လက်ကိုင်ထားတဲ့သူဆိုရင် ပြည်တွင်းမှာဆိုရင် ဆရာ ညီညီထွေး၊ ကျနော်တို့ရဲ့ ဆရာ။ ဆရာ့ရဲ့ ခံယူချက်တွေ Attitude တွေ ဘာတွေက အားဖြစ်တယ်။ ပြီးတော့ ကျနော် သဘောကျတာက “Nightmare”၊ ကျနော့်ရဲ့အရင် Band။ သူတို့ရဲ့စိတ်ဓာတ်တွေလည်း အရမ်း သဘောကျတယ်။ ပြီးတော့ရှိတယ် အများကြီး။ Mainstream ထဲမှာဆိုရင် ကိုရေမွန်၊ ကိုကျားပေါက်။ ပြီးတော့ ဦးမျိုးကျော့မြိုင်ဆိုရင် ကျနော့်ရဲ့ Idol ကြီးပေါ့။

          မေး။ ။ ကိုယ်တွေစတင်ခဲ့တဲ့ အချိန်က အခုထက်စာရင် နည်းနည်းတော့ အမြင်ကျဉ်းဦးမယ်ဆိုတော့ ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရလဲ။

          ဖြေ။ ။ အဲဒီတုန်းက တီဗီမှာပါရင်တောင် သက်ဆိုင်ရာလူကြီးက ပိတ်ခိုင်းတာတွေ ဘာတွေ ရှိတယ်။ အဲ့ခေတ် ကတည်းက ကျနော်တို့က ဖြတ်သန်းလာတာ။ Show ပွဲတွေမှာဆိုရင် Metal ပွဲရဖို့ တော်တော် ပြောရတယ်။ တခါပေးပြီးရင် နောက်တခါ အဲ့နေရာကို မရတော့ဘူး။ အရမ်း ဆူညံတယ်၊ မူးယစ် ရမ်းကားတယ်ပေါ့။ တော်တော်တော့ ရုန်းကန်ခဲ့ရတယ်။ ခက်ခဲပါတယ်။

          မေး။ ။ Novem Htoo လို ဂီတနဲ့ ပတ်သက်ပြီး ဖောက်ထွက်ချင်တဲ့ လူငယ်တွေအတွက်ကိုရော ဘယ်လိုမျိုးအားပေးစကား ပြောချင်လဲ။

          ဖြေ။ ။ အားပေးစကားကတော့ လုပ်ပါပေါ့။ ကိုယ်လုပ်ချင်နေတာပဲ လုပ်လိုက်ပေါ့။ မလုပ်ချင်ရင် ရပ်လိုက်ပေါ့။ အဲ့အပေါ်မှာတော့ ဆရာကြီး မလုပ်တတ်ဘူး။ ကိုယ့်ဘာသာ အချိန်ရှိရင်လုပ်၊ သူများကို မကောင်းပြောတာကတော့ စမတ် မဖြစ်စေပါဘူး။ ကိုယ်ကြိုးစားစရာ ရှိတာ ကြိုးစား၊ အလုပ်နဲ့ သက်သေပြတာ ပိုကောင်းပါတယ်။ ကျနော် ကိုယ်တိုင်လည်း သီချင်း မထွက်သေးတော့ အလုပ်နဲ့ သက်သေ မပြနိုင်သေးဘူးပေါ့။

          ကျနော့်သီချင်း ထွက်မှ “ဒီကောင် ဘယ်လောက်အဆင့် ရှိတယ်။ မိုက်တယ်၊ မမိုက်ဘူး” အဲ့ကျမှ အဖြေပေါ်မှာလေ။ သူများသီချင်းတွေ ယူဆိုနေပြီး “ကျနော့်ကို အားပေးပါဦး” ဆိုတာထက် သီချင်း ထွက်ထားတယ်။ ဒါတွေ အားပေးတာမျိုးကို ပိုလိုချင်တယ်။ အဲဒါကြောင့် နောက်လုပ်မယ့် Band တွေအတွက် ကိုယ့်ဘာသာ အားစိုက်ကြပါပေါ့။ ။

          Your Thoughts …
          Tags: Novem HtooThe Voice Myanmar Season 2
          ယုဖြူဟန်

          ယုဖြူဟန်

          ဧရာဝတီ

          Similar Picks:

          The Voice Myanmar Season 2 ရဲ့ Winner Novem Htoo  / The Voice Myanmar Facebook Page

          ဝေဖန်မှုတွေ ကြားထဲက The Voice Myanmar Season 2 ရဲ့ Winner ဖြစ်ခဲ့တဲ့ Novem Htoo

          by ယုဖြူဟန်
          17 June 2019
          11.9k

          Novem Htoo ဆုရရှိခဲ့တဲ့အပေါ် ဂီတလမ်းအသစ်ကို ဖောက်ချင်တဲ့ လူငယ်အများစုကတော့ ဝမ်းသာအားရနဲ့ ကြိုဆိုလျက် ရှိကြပြီး တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပါတယ်။

          The Voice Myanmar Season 2 ရဲ့ Finalists ပြိုင်ပွဲဝင် Hazel / ဝေဝေနှင်း / ဧရာဝတီ

          “တစ်ကျော့နှစ်ကျော့ တေးကိုသီ”သီချင်းက ရသ လုံးဝ ပျက်သွားတာ မဟုတ်ဘူးလို့ ဟေဇယ် ပြော 

          by ချစ်ပိုး
          21 June 2019
          25.8k

          သူတို့ အရမ်းကြိုက်ခဲ့တဲ့ သီချင်း အပြောင်းအလဲ ဖြစ်သွားချိန်မှာ နားထောင်ရတာ ထူးထူးဆန်းဆန်းဖြစ်ပြီး နားမယဉ်သေးတာမျိုးကြောင့်ပါ။ သီချင်းချစ်လို့ ဖြစ်ကြတာပါ”လို့ ဟေဇယ်က ပြောပါတယ်။

          အဆိုတော် နိုဗန်ထူး / ချစ်ပိုး / ဧရာဝတီ

          လည်ချောင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး မကောင်းတာကြောင့် သီချင်းဆို နားထားတဲ့ နိုဗန်ထူး

          by ချစ်ပိုး
          30 October 2019
          17k

          ကျနော့်မှာ သီချင်း သိပ်မရှိတော့ ရှိုးပွဲတွေလည်း သိပ်မဆို ဖြစ်တာ။ ကျနော်က သူများသီချင်းဆိုဖို့တော့ စိတ်မဝင်စားဘူး။

          အဆိုတော်ကျားပေါက် / Han Htue Lwin's Facebook

          “The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

          by ချစ်ပိုး
          25 January 2019
          15.9k

          "အပြောခံရတာလည်း ဘယ်လိုမှမနေဘူး။ စိတ်လည်း မဆိုးဘူး။ ကိုယ့်ဆုံးဖြတ်ကြောင့် တယောက်ထိခိုက် မှာတို့ ဆက်လျှောက်ဖို့ ခက်သွားတာတို့ဖြစ်မှာတော့ ကြောက်တယ်။

          Next Post
          ကနေဒါနိုင်ငံရဲ့ “Canada Pride” ပွဲတော်ဟာ LGBT တွေအတွက် သီးသန့် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်

          LGBT တွေကို မခွဲခြားဘဲ နွေးနွေးထွေးထွေး ဆက်ဆံတဲ့ နိုင်ငံများ

          Wisdom Hill ကျောင်းက ဇွန်လ ၁ ရက် ညနေတွင် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ  / မိုးမိုး  /  ဧရာဝတီ

          လိင်အကြမ်းဖက်ခံရသူ ကလေးငယ်အမှု နိုင်ငံ့အကြီးအကဲများ စောင့်ကြည့်နေ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          3 days ago
          17.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          6 days ago
          12.9k

          Most Read

          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved