• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြို့ကြီး ၈ မြို့ကို Music Tour သွားရောက် ဖျော်ဖြေမယ့် Idiots အဖွဲ့

by ယုဖြူဟန်
30 June 2019
in Entertainment
A A
Music Tour ဖျော်ဖြေမယ့် Idiots အဖွဲ့  / Raymond Idiots' Facebook

Music Tour ဖျော်ဖြေမယ့် Idiots အဖွဲ့ / Raymond Idiots' Facebook

6.1k
VIEWS
Share on FacebookShare on Twitter

Idiots အဖွဲ့ဟာ လာမယ့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံက မြို့ကြီး ၈ မြို့ကို သွားရောက်ပြီး Music Tour ဖျော်ဖြေဖို့ ရှိတယ်လို့ အဆိုတော် ရေမွန်က ပြောပါတယ်။

“ကျနော်တို့ Single သီချင်း ၃ ပုဒ်လောက် ထုတ်ချင်တယ်။ အဲဒါထွက်ပြီးရင် Music Tour သွားဖို့ ရှိပါတယ်။ ဇူလိုင်လ လယ်လောက်ပေါ့။ တူးပို့ဘီယာနဲ့ ရန်ကုန်၊ မန္တလေး ၊ လားရှိုး တခြားမြို့တွေ ပါသေးတယ်။ အားလုံးပေါင်း ၈ မြို့ သွားဖို့ ရှိတယ်”လို့ Idiots အဖွဲ့မှ အဆိုတော် ရေမွန်က ပြောပါတယ်။

RelatedPosts

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
108
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
570

အဆိုပါ Music Tour ကို ဇူလိုင်လလယ်မှ စတင်ကာ ရန်ကုန်၊ မန္တလေးမြို့များ အပါအဝင် မြို့ ၈ မြို့ကိုသွားရောက် ဖျော်ဖြေမယ်လို့ သိရပါတယ်။ “အဲ့က ပြန်လာရင် Music Video တွေ ထွက်ဖို့ ရှိတယ်။ တတိယအခွေကိုလည်း အမြန်ဆုံး ထွက်နိုင်အောင် လုပ်မယ်”လို့ ရေမွန်က ပြောပါတယ်။

မကြာသေးခင်ကလည်း ရေမွန်က ညီမဖြစ်သူ လပြည့်ကဗျာရဲ့ တကိုယ်တော် အခွေမှာ ညီမနဲ့ အတူ “မောင်နှမတွေ”ဆိုတဲ့ သီချင်းကို တွဲဖက် သီဆိုထားပါတယ်။

“စိတ်ဝင်စားတာကတော့ စိတ်ဝင်စားတယ်။ ကျနော်တို့နဲ့က ရူးသွပ်တဲ့ပုံစံ မတူတာပေါ့။ သူဆိုရင် ငယ်ငယ်ကတည်းက အမေနဲ့ နေတယ်ဆိုတော့ Note တွေ၊ ဟာမိုနီဆိုတာတွေ ရင်းနှီးပြီးသားပေါ့။ Instrument တီးပြီး ဆိုတာမျိုး သူ့ကို ဖြစ်စေချင်တယ်။ အခုလည်း တီးပါတယ်။ ဂစ်တာ တီးတယ်ပေါ့။ နောက်ပိုင်း ပီယာနိုတွေ၊ ဘာတွေလည်း တီးခိုင်းထားတယ်။ သူက အမေနဲ့ နေတာဆိုတော့ အမေ့ကို ကူရတယ်။ ကျနော်ကျတော့ အေးဆေးပဲလေ”လို့ ရေမွန်က ညီမဖြစ်သူနဲ့ ပတ်သက်ပြီး ပြောပါတယ်။

မောင်နှမ နှစ်ယောက်သာရှိတဲ့ ရေမွန်နဲ့ လပြည့်ကဗျာတို့ကတော့ အရင်ကလည်း သီချင်းအတူတူ တွဲဖက် သီဆိုခဲ့ပြီး ညီမဖြစ်သူနဲ့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲလို့ ရေမွန်က ဆိုပါတယ်။

“ကျနော်တို့က ပုံမှန် မောင်နှမတွေလိုပါပဲ။ ခဏခဏ ရန်ဖြစ်တယ်။ ရန်ဖြစ်ရင် တပတ် ၂ ပတ်၊ ၁ လ၊ ၂ လလောက် စကား မပြောဘူး။ ပြီးရင် ကျနော် စချော့ရတာ များတယ်။ သီချင်းထဲက အတိုင်းပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ”လို့ ရေမွန်က ပြောပါတယ်။

ဂီတကို လွတ်လပ်စွာ ဖန်တီးလုပ်ကိုင်လာတဲ့ အဆိုတော် ရေမွန်ကတော့ ညီမဖြစ်သူကိုလည်း လွတ်လပ်စွာ ဖန်တီးစေချင်ပြီး ကိုယ်ပိုင် အတွေ့အကြုံများ ရစေချင်တယ်လို့ ပြောပါတယ်။

“သူ့ကို ဂီတလောကထဲ ကိုယ်ပိုင် အတွေ့အကြုံ ရစေချင်တယ်။ တော်ရုံတန်ရုံဆို ဘာမှ သိပ်မပြောဘူး။ ကျနော့်တုန်းကဆို လွတ်လပ်တာကို ကြိုက်တယ်။ ဟိုလို လုပ်ရမယ်၊ ဒီလို လုပ်ရမယ် မကြိုက်ဘူး။ ကိုယ့်ဘာသာ ရှာဖွေရတာ ကြိုက်တယ်”လို့ ရေမွန်က ပြောပါတယ်။

အဆိုတော် ရေမွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့ဟာ တေးသံရှင် ခင်မြတ်မွန်ရဲ့ သားနဲ့ သမီးဖြစ်ပြီး ရေမွန်ကတော့ Idiots အဖွဲ့နဲ့အတူ ဂီတလောကမှာ ၁၃ နှစ်ကျော်ကြာ ရပ်တည်နေတဲ့ အဆိုတော် တဦးဖြစ်ပါတယ်။ လပြည့်ကဗျာကတော့ မကြာသေးခင်က “ငါ့ရဲ့ကဗျာ”ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပါတယ်။

You May Also Like These Stories:

ပြည်တွင်းက ဂီတသမားတွေကိုလည်း အားပေးစေချင်တဲ့ ရေမွန်

ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့တဲ့ အဆိုတော် ရေမွန်

“Artist to Artist Respect ရှိစေချင်တယ်”လို့ ပြောတဲ့ ကျားပေါက်

Your Thoughts …
Tags: IdiotsMusic Tourရေမွန်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် ရေမွန်  / Raymond Idiots Page

စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်

by ဧရာဝတီ
23 June 2021
33.3k

Idiots ရဲ့ သီချင်းတွေကို အရမ်းကြိုက်တာ "မင်းနဲ့ နီးဖို့" ၊ "ဝမ်းနည်းတတ်တဲ့ ချစ်သူ" ၊ "တွေ့ရတာ ဝမ်းသာတယ်" သီချင်းတွေ ဖုန်းထဲ အခုထိ ရှိတယ်။ နားထောင်နေဆဲ။

အဆိုတော် ရေမွန်  / Raymond Idiots Page

အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို

by ဧရာဝတီ
23 June 2021
69k

ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ်။ ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ။

အဆိုတော် ရေမွန်  / Raymond Idiots Page

အဆိုတော် ရေမွန် ကွယ်လွန်မှုအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

by ဧရာဝတီ
23 June 2021
45.5k

Idiots Band ရဲ့ ပင်တိုင်အဆိုတော် ရေမွန် ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး သူ့ကို ချစ်ခင်ကြတဲ့ ဂီတအသိုင်းအဝိုင်းမှ အနုပညာရှင်များက အခုလိုပဲ စိတ်မကောင်းစကားများ ဆိုထားကြပါတယ်။

သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ရေမွန်  / Thin Zar Wint Kyaw's Facebook

ရေမွန်နဲ့ အမှတ်တရတွေကို ဝမ်းနည်းစွာ မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
25 June 2021
22.7k

“နောက်ဘဝဆိုတာ ရှိခဲ့ရင်လည်း အခုလို နင့်ရဲ့သူငယ်ချင်း ဖြစ်ချင်ပါတယ်။ နင်မရှိတော့ပေမယ့်လည်း နင့်နာမည်နဲ့ နင့်သီချင်းတွေကို ငါအမြဲတမ်း အမှတ်ရနေမှာပါ။“

အဆိုတော် ရေမွန်နဲ့ လပြည့်ကဗျာ   / Lapyae Gabyar's Facebook

အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ

by ဧရာဝတီ
24 June 2021
14.2k

မောင်နှမ နှစ်ယောက်လုံးက မွေးလာကတည်းက အတောင် တဖက်စီ ပဲ့လာသူ အချင်းချင်းမို့ ကိုယ့်ခံစားချက် သူနားလည်သလို သူ့ခံစားချက်တိုင်းလည်း နားလည်ပေးတယ်။

အဆိုတော် ရေမွန်၊ တေးရေး စံပီး  / Sangpi's Facebook

ဂီတကြယ်ပွင့် ရေမွန်အတွက် တေးရေး စံပီး ဂုဏ်ပြု ရေးတဲ့စာ

by ဧရာဝတီ
23 June 2021
54.2k

သူလိုလူဟာ ခေတ်တခေတ်အတွက် အရေးပါတဲ့ ဒေါက်တိုင် တခုလို့တောင် တင်စားလို့ရမယ့် တကယ့် အနုပညာရှင်စစ်စစ်၊ တေးရေးဆရာ၊ အဆိုတော် တယောက်ပါ

Next Post
 အမေရိကန် ကုမ္ပဏီတွေနဲ့ Huawei ကို ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်

အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီ

မိုင်းလားမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနား  / ဇော်ဇော် /  ဧရာဝတီ

ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်မည်ဟု မိုင်းလားခေါင်းဆောင်ပြော

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate