Entertainment

ကျောင်းပြီးရင် ကိုယ်ပိုင် Brand နဲ့ ကုမ္ပဏီထောင်မယ့် ယွန်းဝတီလွင်မိုး

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ ယွန်းဝတီလွင်မိုးကတော့ ကျောင်းပြီးဖို့ အချိန် ၂ နှစ် ကျောင်းတက်ရဦးမှာဖြစ်ပြီး ကျောင်းပြီးပါက ကိုယ်ပိုင် Brand နဲ့ ကုမ္ပဏီထောင်ဖို့ရှိတယ်လို့ ပြောပါတယ်။

“ကျောင်းကတော့ ၂ နှစ် တက်ရဦးမယ်။ မိသားစုအတွက်ကို အခုကတည်းက အလုပ်လုပ်ပေးတယ်။ ပိုက်ဆံ ရှာတယ်။ နောက်ဆိုရင်လည်း ကိုယ့် Brand နဲ့ကိုယ့် ကုမ္ပဏီထောင်ပါမယ်” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်ကို ပြန်ရောက်နေပြီး သားလေးနဲ့ ရသလောက် အချိန်ပေးနေဖြစ်တယ်လို့ ဆိုပါတယ်။

“သားလေးက ကိုယ့်သားလေးဆိုတော့ လွမ်းတာပေါ့နော်။ Face Time တွေ ဘာတွေ လုပ်တယ်။ ရန်ကုန်မှာ ရှိတုန်းတော့ ရသလောက်အချိန်ကို သားလေးကိုပေးနေပါတယ်။ သားလေး ဖေဖေ၊ မေမေလို့ ခေါ်မလား ဆိုပြီး စောင့်နေတာပေါ့နော်။ သူ့သာသာခေါ်တာ သဲသဲတဲ့” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

သြစတြေးလျနဲ့ ရန်ကုန် အချိန်ကွာဟမှုကြောင့် အချိန်ညှိပြီး သားလေးနဲ့ တွေ့ရပြီး ဖုန်းထဲမှာတော့ သားလေးရဲ့ ပုံတွေဟာ ပုံ ၆ ထောင်ကျော်နေပြီလို့ သိရပါတယ်။

“ဘယ်လို အလွမ်းသယ်လဲဆိုရင် ဖုန်းထဲမှာဆိုရင် သားလေး ဓာတ်ပုံတွေနဲ့ ပြည့်နေလို့ ပုံ ၆ ထောင်လည်းကျော်သွားပါပြီ။ အချိန်ကလည်း ကွာသေးတာဆိုတော့ သားလေး အိပ်ချိန်ရယ်၊ ညီမကလည်း ကျောင်းတက်ရသေးတယ်။ အဲဒါကြောင့် အချိန်ညှိပြီးတော့ Face Time လေးတွေ ဘာတွေ လုပ်ဖြစ်ပါတယ်။ အဘိုးရဲ့ အသည်းပါ။ နေ့တိုင်း အဘိုးနဲ့ အဘွားနဲ့ပဲ အိပ်ပါတယ်” လို့ ယွန်းဝတီလွင်မိုးကပြောပါတယ်။

အခုအချိန်မှာတော့ သားဖြစ်သူနဲ့ ခွဲခွာနေရပေမယ့် ဒီအသက်အရွယ်မှာ ပညာရေးက အရေးကြီးတာကြောင့် ပညာသွားရောက် သင်ကြားနေရပေမယ့် ကျောင်းပြီးရင်တော့ သားလေးနဲ့ တဘဝလုံး အတူရှိတော့မှာပါလို့ ဆိုပါတယ်။

“သားလေးက အခု ၁၁ လတောင် မပြည့်သေးဘူးဆိုတော့ ဖေဖေ ပြောသလိုပဲ အရေးကြီးတာက သမီးရဲ့ပညာရေးက အရေးကြီးပါတယ်။ အဲ့တော့ ပညာရေးကို ပြီးအောင် သင်ယူမယ်။ ပြီးရင် သားလေးနဲ့ တဘဝလုံး အတူတူ ရှိတော့မှာပါ” လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားနေပြီး သားဖြစ်သူ Liam လေးကတော့ အဘိုးအဘွားများနဲ့ အတူ မြန်မာနိုင်ငံမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

You may also like these stories:

“ကလေးပုံမှာ Sad React ပေးတာကို အမေတယောက်အနေနဲ့ စိတ်မကောင်းဘူး”

“အဖေကနေ ညီမ၊ ညီမကနေ သားလေးအထိ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်”

အလုပ်တည်ငြိမ်တဲ့အခါ ဒုတိယ ကလေးတယောက် ထပ်လိုချင်တဲ့ ယွန်းဝတီလွင်မို

Did you find apk for android? You can find new Free Android Games and apps.
Loading