Entertainment

"သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို မြန်မြန်ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်"လို့ ဖြိုးငွေစိုး ပြော

Want create site? Find Free WordPress Themes and plugins.

လတ်တလော ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ နေပြည်တော်က သက်ငယ် မုဒိမ်းမှုအပေါ် ကျူးလွန်သူတွေကို မြန်မြန် ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်လို့ သရုပ်ဆောင် ဖြိုးငွေစိုးက ပြောပါတယ်။

“ကျနော် သိသလောက်က လူ့ပတ်ဝန်းကျင်မှာ မဖြစ်သင့်တဲ့ ကိစ္စ၊ တရားခံကို ဖုံးကွယ်ပေးထားတာ၊ လျော့အောင် သက်သာအောင် ပြောပေးတာတို့၊ လမ်းကြောင်းမှား သတင်းအမှား ပေးတာတို့၊ အဲ့လို လူတွေ ကို အရင် အပြစ်ပေးသင့်တယ်။ ကာကွယ်ပေးရမယ့်အရာ မဟုတ်တာကြောင့် ကိုယ်ချင်းစာတရားလေးတော့ ထားပေးသင့်တယ်။ ကလေး ကလေးချင်း မကလို့ ဘာကြီးဖြစ်နေဖြစ်နေ ကိုယ့်သားသမီးဆို ဘယ်လိုလုပ်မလဲ”

“ကလေးတွေ ဘာလို့ ဒီလို ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကတော့ ရှိရမှာပေါ့။ နေရင်း ထိုင်ရင်းနဲ့တော့ မဖြစ်နိုင်ဘူး။ တခုခုတော့ ရှိမယ်။ မြန်မြန်လေး ဖော်ထုတ်ပြီးတော့ ထိုက်တန်တဲ့ ပြစ်ဒဏ် ပေးသင့်ပါတယ်။ ဥပဒေက ပြစ်ဒဏ် မပေးနိုင်ရင် ကိုယ့်ဘာသာကိုယ် ပြစ်ဒဏ်ပေးလိုက်ဖို့ပဲ ရှိတယ်။ သူ့ဘာသာသူ ငယ်ငယ်ကြီးကြီး အပြစ်ပေးဖို့ ထိုက်တန်ပါတယ်။ အမှုတွေ လုပ်နေတာ၊ ရုံးချိန်းတွေ၊ ရုံးထုတ်တွေ ကြာတယ်။ ဒီလို ကျူးလွန်သူတွေ တွေ့ရင် တွေ့တဲ့နေရာ ရိုက်သတ်လိုက်”လို့ ဖြိုးငွေစိုးက ပြောပါတယ်။

သားတယောက်ရဲ့ ဖခင်ဖြစ်တဲ့ ဖြိုးငွေစိုးကတော့ သားကို Sex Education သင်ပေးရင် အိမ်သားတွေက ကလေးကို ဘာတွေပြောနေတာလဲ ဆိုပြီး ပြောကြတာကြောင့် အိမ်မှာ သင်ပေးလို့ မရတော့ အပြင်သွားပြီး သင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ လူမျိုးက ဘာမှန်း မသိတာနဲ့ တိုင်ပတ်နေကြတယ်။ Sex Education သင်ပေးရမှာကို ရှက်စရာလို့ ထင်နေကြတယ်။ ကျနော့် ပတ်ဝန်းကျင်ကိုပဲ ပြောမယ်။ အပြောင်းအလဲကို ကြောက်ကြတယ်။ နင်တို့တုန်းကတောင် ဒီလို မပြောခဲ့တာ ကလေးတွေကို ဒီလိုပြောစရာလားဆိုတာ အဓိပ္ပာယ် မရှိဘူးလေ။ ကျနော်တို့တုန်းက မပြောခဲ့တာ ဒီကလေးတွေ လက်ထက်မှာ ပြောသင့်နေပြီပေါ့”

“အဲဒါတွေကို လူကြီးတွေရော၊ လူငယ်တွေရော အားလုံး နားလည်ရမှာ။ အခုက လူငယ်တွေက နားလည်ပြီး လူကြီးတွေ နားမလည်ရင်လည်း ဘာမှ လုပ်လို့ မရဘူး။ ကျနော်သားကိုလည်း အိမ်မှာ Sex Education သင်ပေးချင်တယ်။ ပြောပြချင်တယ်။ ဒါပေမဲ့ အိမ်က ကလေးကို ဘာတွေပြောနေတာလဲပေါ့။ ပြဿနာတော့ရှိတယ်။ အဲ့တော့ အိမ်မှာ သင်ပေးလို့ မရတော့ အပြင်သွားသင် ပေးလိုက်တယ်”လို့ ဖြိုးငွေစိုးက ဆိုပါတယ်။

ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် ဖြိုးငွေစိုးကတော့ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး “ဂုဏ်ပြည့်စုံဖြိုး” ဆိုတဲ့ သားလေး တယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

You May Also Like These Stories:

“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော

“သက်ငယ်မုဒိမ်း ကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာတယ်”လို့ ထက်ထက်ထွန်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading