ကွယ်လွန်သူ တောင်ကိုရီးယားမင်းသမီး Jeon Mi-seon ဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင်မှာ သူ့ရဲ့ ဖခင်ဆီ ဖုန်းခေါ်ခဲ့တယ်လို့ China Press မီဒီယာမှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ မင်းသမီးဟာ ဖခင်ဆီကို မနက် ၂ နာရီမှာ အဆုံးမစီရင်ခင် မိနစ် ၂၀ လောက်အလိုမှာ ဖုန်းခေါ်ခဲ့တာလို့ သိရပါတယ်။ ဒ့ါပြင် သူ သေဆုံးသွားပြီးနောက် သူ့ဆီကို ဖုန်းခေါ်ထားတဲ့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီက ဖုန်းခေါ်ဆိုမှုတွေ (သူ မကိုင်နိုင်တော့တဲ့ ဖုန်း Call တွေ) ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အသက် ၄၈ နှစ်အရွယ်၊ မင်းသမီး Jeon ဟာ ဆိုးလ် မြို့ ကနေ ၂၄၀ ကီလိုမီတာလောက် ဝေးတဲ့ မြေပိုင်း Jeolla ပြည်နယ်က ဟိုတယ်တခုမှ အလုပ်ကိစ္စအတွက် ၂ ရက်ကြာ ငှားရမ်းနေထိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီအခန်းထဲမှာပဲ ဇွန်လ ၂၉ ရက်မနက်ပိုင်းမှာ အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့မန်နေဂျာက မင်းသမီး ပျောက်နေကြောင်း ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ခဲ့ပြီးတဲ့ နောက်သူ့ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ မင်းသမီး Jeon ဟာ Jeonju မှာရှိတဲ့ ချွန်းဘို့အမျိုးသားတက္ကသိုလ်၊ ဆမ်ဆောင်း ယဉ်ကျေးမှုစင်တာမှာ ပြဇာတ်တခု တင်ဆက်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့သူ့ရဲ့ သေဆုံးခဲ့တဲ့သတင်းကို ကြားခဲ့ရပြီးတဲ့နောက် အဲ့ဒီအစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
သူဟာ စိတ်ကျရောဂါကို ခံစားနေခဲ့ရတာလို့ သူ့ရဲ့အေဂျင်စီက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ မင်းသမီးဟာ အာရှတခွင်မှာ ကျော်ကြားခဲ့တဲ့ ဒရာမာစီးရီး တော်တော်များများမှာ ဇာတ်ပို့အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ ဒရာမာစီးရီးတချို့ကတော့ “Love In The Moonlight” (၂၀၁၆)၊ “Reply 1988” (၂၀၁၅) နဲ့ “The Moon Embracing The Sun” (၂၀၁၂) တု့ိပဲ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ မင်းသမီးရဲ့ မိခင်ဟာ နေမကောင်းဖြစ်နေပြီး သူ့ရဲ့ ဆွေမျိုးတဦးဟာလည်း ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ အကြောင်းအချက်တွေကြောင့် မင်းသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက အနုတ်လက္ခဏာ ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မင်းသမီးဟာ သူ့ရဲ့ ဖခင်နဲ့ ဖုန်းခေါ်မှုအတွင်းမှာ သူအဆုံးစီရင်တော့မယ်လို့ ပြောခဲ့ဟန် ရှိတဲ့အကြောင်း၊ အဲဒါကြောင့်သာ သူကွယ်လွန်ပြီး မိနစ် ၂၀ နောက်ပိုင်းမှာ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက သူနဲ့ စကားပြောဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
Ref:asiaone
You may also like these stories:
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့မှုအတွက် အဆိုတော် ဂိုဟာရာ တောင်းပန်
သေသင့်၊ မသေသင့် Instagram မှာ မဲပေးခိုင်းပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေး
Prodigy အဖွဲ့ဝင် Keith Flint နေအိမ်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်