Entertainment

Marvel ရုပ်ရှင်ကားတွေမှာ Lady Gaga ကို မြင်တွေ့ရဖွယ်ရှိ

Marvel ပရိသတ်တွေအားလုံးက “Guardians of the Galaxy Vol. 3” ကို ထွက်ရှိဖို့ စောင့်မျှော်နေကြပါတယ်။ ဒါ့အပြင်ကို ပရိသတ်တွေက ပိုပြီး ထူးခြားတဲ့ တွဲဖက်မှုကို မျှော်လင့်တယ်ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာပါတယ်။ လောလောဆယ် အချိန်အတွင်းမှာတော့ ကောလာဟလသာ ရှိသေးတဲ့ ဒီသတင်းဟာ ပရိသတ်တွေကို ပျော်ရွှင်သဘောကျနေစေတာကို တွေ့မြင်ရပါတယ်။

သတင်းကတော့ Marvel ရုပ်ရှင်တွေမှာ Lady Gaga ပါဝင်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အော်စကာဆုကို ရရှိထားတဲ့ “A Star Is Born” ရုပ်ရှင်ဇာတ်ကားမှာ အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Bradley Cooper နဲ့ Lady Gaga တို့ရဲ့ တွဲဖက်မှုကို ပြန်လည်မြင်ချင်နေကြတဲ့ ပရိသတ်တွေကြောင့် ဒီကောလာဟလက အမှန်ဖြစ်လာနိုင်ပါတယ်။

“Guardians of the Galaxy” ရုပ်ရှင်မှာ မင်းသား Bradley Cooper က Rocket နေရာက သရုပ်ဆောင်ထားပါတယ်။ နောက်ထွက်မယ့် “Guardians of the Galaxy” မှာ Rocket အတွက် အချစ်ဇာတ်လမ်းတွေ ပါဝင်လာဖို့ရှိတယ်လို့ ဇာတ်ကား ရိုက်ကူးသူတွေက ပြောထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် Rocket ရဲ့ ချစ်သူဖြစ်တဲ့ Lylla နေရာမှာ Lady Gaga အနေနဲ့ အသံသရုပ်ဆောင်ခွင့်ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တောင်းဆိုနေကြတာကို တွေ့မြင်ရပါတယ်။

Ref. comicbook.com

You may also like these stories:

အဆိုတော် လေဒီဂါဂါ ပါဝင်သရုပ်ဆောင်ထားတဲ့ “A Star Is Born” ရုပ်ရှင် မကြာခင် ရုံတင်ပြသမည်

ရုံဝင်ငွေစာရင်းမှာ “A Star Is Born” ရုပ်ရှင်ကို ကျော်တက်သွားတဲ့ “Venom”

အထက်တန်းကျောင်းတုန်းက အနိုင်ကျင့်ခံခဲ့ရဖူးတယ်လို့ လေဒီဂါဂါ ပြော

Loading