ဟောလိဝုဒ် အက်ရှင် ရုပ်ရှင်လောကမှာ နေလိုလလို ထွန်းလင်းပြီး ၁၉၈၀ ပြည့်လွန်နှစ်မှာ မွေးဖွားခဲ့သူတွေရဲ့ အသည်းစွဲ မင်းသားတလက်ဖြစ်တဲ့ မင်းသား Tom Cruise ဟာ ဒီနေ့ (ဇူလိုင်လ ၃ ရက်နေ့) မှာ အသက် ၅၇ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။
မင်းသား Cruise ဟာ သူ့ရဲ့ အက်ရှင်ရုပ်ရှင်တွေမှာ စတန့်ပြကွက်တွေကို သူကိုယ်တိုင် ပါဝင်လုပ်ဆောင်ရတာကို ကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မင်းသားဟာ ဇာတ်ကောင်အနုဘက်ကို သွားခဲ့ပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တော့ တကယ့်ကို အက်ရှင်မင်းသား စစ်စစ် တယောက်အနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
Tom Crusie ပါဝင်ခဲ့တဲ့ အက်ရှင်ကားတွေဟာလည်း ဝင်ငွေ အတော်ကောင်းခဲ့တာကြောင့် နောက်ဆက်တွဲ ဇာတ်လမ်းတွေ တသီကြီး ရိုက်ခဲ့ရတဲ့အပြင် အနုပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသင့်တဲ့ မင်းသားတွေထဲက တယောက်ဆိုပြီးတော့ တင်စားကြပါတယ်။ သူ့ရဲ့ ၅၇ နှစ်ပြည့်မွေးနေ့မှာတော့ အသက်အန္တရာယ်နီးပါး ရင်ဆိုင်ရိုက်ကူးခဲ့တဲ့ အက်ရှင်စတန့် ၅ ခု အကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) Mission Impossible: Rogue Nation
အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ မင်းသား Cruise ဟာ မြေပြင်အထက်ပေ ၅,၀၀၀ လောက်မှာ ပျံသန်းနေတဲ့ Airbus A400M ရဲ့ဘေးကနေ တွယ်လိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ ကြည့်ရှုသူပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးရရှိဖို့ လက်သည်းခွံံ ပမာဏလောက်ရှိတဲ့ အပျက်အစီး အပိုင်းအစတွေကို ရှောင်ရှားခဲ့ရပါတယ်။ တကယ်လို့သာ မရှောင်ရှားနိုင်ခဲ့ဘူးဆိုရင် မင်းသားဟာ နံရိုးကျိုးတဲ့ ဝေဒနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
(၂) Mission Impossible: Ghost Protocol
မင်းသား Cruise ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ Burj Khalifa ဘေးကနေ တွယ်တက်တဲ့ ဇာတ်ဝင်ခန်းဟာ ပရိသတ်တွေအတွက် အမှတ်တရ ဖြစ်ခဲ့ပါတယ်။ မြေပြင်အထက် ပေ ၃,၀၀၀ လောက်မှာ လေတိုက်နှုန်း ပြင်းထန်ပြီး အရိုးကွဲမတတ် အေးတဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒီလိုမျိုး အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးခွင့်ပြုတဲ့အတွက် မင်းသား Cruise က အာမခံကုမ္ပဏီကို တရားစွဲသင့်တယ်လို့ ပရိသတ်တချို့ကတော့ ထင်ကြေးပေးခဲ့ပါတယ်။
(၃) Mission Impossible – Fallout
မင်းသားဟာ ဟောလိဝုဒ် ရုပ်ရှင်လုပ်ငန်းမှာ တကယ့်ကို မောင်းနှင်သူကောင်းတယောက် ဖြစ်ခဲ့ရုံသာမက မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ Mission Impossible ရုပ်ရှင်မှာလည်း ပဲရစ်မြို့ လမ်းမထက်မှာ ဆိုင်ကယ်တစီးနဲ့ မောင်းနှင်နေတဲ့ ပြကွက်၊ မြန်နှုန်းမြင့် မောင်နှင်းနေတဲ့ ပြကွက်တွေဟာ ပရိသတ်တွေကို ရင်တဖိုဖို ဖြစ်စေပါတယ်။ ဒါပေမဲ့ ဆိုင်ကယ် မောင်းနှင်နေစဉ်မှာ အန္တရာယ်ကင်းဦးထုပ် ဆောင်းမထားတာကြောင့် မင်းသားရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ကြသူများ ရှိခဲ့ပါတယ်။
(၄) The Last Samurai
ဒီရုပ်ရှင်ရဲ့ နောက်ဆုံး အက်ရှင် ဇာတ်ဝင်ခန်းတွေကတော့ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ပြောစမှတ် ပြုရလောက်မယ့် အချိန် အခိုက်အတန့်တွေ ဖြစ်ပါတယ်။ မင်းသား Cruise ဟာ တကယ့်ကို မြင်းစီး ကျွမ်းကျင်သူ တယောက်လို စစ်ပွဲထဲက စစ်သည်တော် တဦးအနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ပြီး ယမ်းငွေ့ဝေတဲ့ စစ်မြေပြင်ထဲက ခက်ခဲကြမ်းတမ်းလွန်းတဲ့ စတန့်ပြကွက်တွေမှာ ကိုယ်တိုင် သရုပ်ဆောင်တာကို ကြည့်မယ်ဆိုရင် သူဟာ အထင်ကြီး လေးစားလောက်တဲ့ မင်းသားတယောက်ဆိုတာ မြေကြီး လက်ခတ် မလွဲအောင် အမှန်အကန်ပါပဲ။
(၅) Mission Impossible
ဒီရုပ်ရှင်မှာတော့ ဝါယာကြိုးတွေချည်ပြီး မြေပြင်အထက် ပေ ၃၀ လောက်မှာ တွဲလောက်ခိုပြီး ဆင်းတဲ့ ပြကွက်ကတော့ အသည်းထိတ်ထိတ်ရမယ့် ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ ဒီလိုမျိုး ခက်ခဲ ပင်ပန်းလွန်းတဲ့ ဇာတ်ဝင်ခန်းကို သူကိုယ်တိုင် စတန့်သမား မသုံးဘဲ သရုပ်ဆောင်ခဲ့တာပါ။ ကြိုးနဲ့ ခိုထားရတဲ့ ကိုယ်နေဟန်ထားကို ထိန်းသိမ်းဖို့ လုပ်ဆောင်ရတဲ့ ပင်ပန်းခက်ခဲမှုဟာ ပရိသတ်တွေကို အသည်းထိတ်စေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
“Mission: Impossible” ရုပ်ရှင်တွေမှာ စတန့်လုပ်ဖို့ မငြင်းခဲ့ဖူးတဲ့ မင်းသား Tom Cruise
MMA ကြိုးဝိုင်းအတွင်းမှာ ယှဉ်ပြိုင်ထိုးနှက်ဖို့ Tom Cruise ကို Justin Bieber စိန်ခေါ်
“Mission: Impossible” ရုပ်ရှင်အသစ် ၂ကားမှာ မင်းသား Tom Cruise ကို ထပ်မံမြင်တွေ့ရဦးမည်
Jack Reacher အဖြစ် သရုပ်ဆောင်ဖို့ အရပ်ပုလွန်းနေတဲ့ မင်းသား Tom Cruise
မင်းသား Tom Cruise ပရိသတ်တွေ ပြန်လည်ကြည့်ရှုသင့်တဲ့ The Firm (1993)