Entertainment

"ပြည့်စုံချိန်မှာ ကွယ်လွန်သွားတဲ့ အဘွားကို သတိရတယ်"လို့ ပြောတဲ့ အဆိုတော် ပိုပို

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ပိုပိုရဲ့ အိမ်သစ်တက်ပွဲနဲ့ Studio အသစ် ဖွင့်လှစ်ပွဲကို ယနေ့၊ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အိမ်စဆောက်ကတည်းက အိမ်နဲ့ စတူဒီယိုကို ကိုယ်တိုင်ပဲ ပြင်ဆင်မွမ်းမံခဲ့တဲ့ ပိုပိုရဲ့ အခုချိန်မှာ အိပ်မက်တွေ တကယ်ဖြစ်လာတယ်လို့ ပြောပါတယ်။

“ Studio ဖွင့်ပွဲလေးလုပ်ချင်တာနဲ့ အိမ်သစ်တက်ဖြစ်တာပေါ့။ အိမ်စဆောက်ကတည်းက ပိုပိုကိုယ်တိုင်ပဲ အကုန်လုပ်တယ်။ စတူရီယိုလည်း ပိုပိုကိုယ်တိုင်ပဲ လုပ်တယ်။ သီချင်းဆိုချင်ရင် ဆင်းဆိုမယ်။ မဆိုချင်ရင် နားနေမယ်။ ဒါကပိုပိုရဲ့ အိပ်မက်ပေါ့။ လောလောဆယ်တော့ ပြည့်စုံသွားပြီလို့ ခံစားရပါတယ်”

“မိန်းကလေးတယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင်၊ ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖန်တီးနိုင်တယ်ဆိုတော့ စိတ်ချမ်းသာတယ်။ ပျော်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ၆ ထပ်ဆောက်ချင်တာ။ ဒါပေမဲ့ အစ်မက ပြောတယ်၊ ၆ ထပ်လုံးမှာ တယောက်တည်း နေမလို့လားတဲ့။ ဟုတ်တယ်လေလို့ စီးပွားရေးလည်း လုပ်မယ်၊ ဘယ်နှထပ် အထိပေါ့ စဉ်းစားတာ”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

ဆက်လက်ပြီး “ဒါပေမဲ့ ပိုက်ဆံက မလောက်တော့ ၃ ထပ်ပဲ ဆောက်ဖြစ်တာ။ ကာလာတွေဆိုရင်လည်း အဖြူတွေပဲ ကြိုက်တော့ အဖြူကို ရွှေနဲ့ တွဲထားတယ်။ အဖြူချည်းပဲ ဆိုရင်တော့ မလှဘူးလို့ ပြောကြတော့ အနက်ရောင်ကို သွားတွေ့တာနဲ့ အနက်ရောင်လေး လုပ်ဖြစ်တယ်”

“IT ပိုင်းကလူတွေက ပြောတယ် အနက်ရောင်က ဘယ်သူမှ မလုပ်ဘူးနော်ဆိုတော့ ဘယ်သူမှ မလုပ်လည်း ငါလုပ်မယ်ဆိုပြီးတော့ ထားဖြစ်တယ်။ အဲဒါလေးကိုတော့ ဝိုင်ဘားနဲ့ တွဲဖြစ်တယ်ပေါ့နော်။ အဲဒါကတော့ ကိုယ့်သီးသန့်ပေါ့။ ကိုယ်သောက်ဖို့တော့ မဟုတ်ဘူး အလှပဲ။ ပိုပိုက မသောက်တတ်ဘူး။ သူငယ်ချင်းတွေ လာရင်တော့ မပြောတတ်ဘူးပေါ့နော်”လို့ ပိုပိုက ပြောပါတယ်။

အခုလိုမျိုး ပြည့်စုံချိန်မှာ ကွယ်လွန်သွားတဲ့ အဘွားကို သတိရတယ်လို့ ပိုပိုက ပြောပါတယ်။

“ပြည့်စုံချိန်မှာ အဘွားကို အရမ်းသတိရတယ်။ ငါပြည့်စုံချိန်မှာ သူဘာလို့ မရှိတော့တာလဲ စဉ်းစားတယ်။ ပိုပိုတို့အဘွား အသက်ရှိချိန်တုန်းကတော့ မကျွေးနိုင်ဘူး။ ဒါပေမဲ့ ပြုစုတယ်။ အဘွားကို ဂရုစိုက်ခဲ့တယ်။ ၇ တန်းကတည်းက ပြုစုခဲ့တာ။ အဘွားတော့ သတိရတယ်။ ကျန်တာတော့ ဒီတိုင်းပဲ ကောင်းပါတယ်။ ဒီတိုင်းပဲ နေသားကျနေပါပြီ”လို့ ပိုပိုက ဆိုပါတယ်။

Studio အသစ်လုပ်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်လို့လည်း ပိုပိုက အခုလိုပဲ ပြောပါတယ်။

“နောက် ကိုယ်တိုင်လည်း သူများတွေကို သီချင်းကောင်းကောင်း ဆိုစေချင်တာကြောင့် ပစ္စည်းကောင်းကောင်းတွေ သုံးထားတယ်။ အခုလို Studio ဆောက်နိုင်ခဲ့တာ ကျေလည်း ကျေနပ်တယ်။ ဂုဏ်လည်း ယူပါတယ်။ အခုတော့ Studio ကို ကေကေမိုးတို့၊ မဆူဇီတို့ လာသွင်းတယ်ပေါ့။ ပိုပိုလည်း ပိုပို့ သီချင်းလေးတွေ သွင်းတာပေါ့”

“ကိုယ်တွေ မသိတဲ့ မျက်နှာစိမ်းတွေတော့ လက်မခံဘဲ ကိုယ်နဲ့သိတဲ့ အဆိုတော်တွေတော့ လက်ခံမှာပါ။ နောက်ပိုင်းလည်း ကိုယ်တိုင် ထုတ်လုပ်သူ လုပ်မှာ။ အခုတော့ စုစန္ဒီထွန်းကို လုပ်ပေးနေတယ်။ ပိုပို ၂ နှစ်၊ ၃ နှစ်လာက်နေရင်တော့ Entertainment အကြီးကြီး လုပ်မယ်။ ၇ လပိုင်းမှာ “ငှက်”ဆိုတဲ့ သီချင်းလေးထွက်ဖို့ရှိတယ်” လို့ ပိုပိုက ဆိုပါတယ်။

You may also like these stories:

အဘွားတည်ခဲ့တဲ့ ဘုရားမှာ မွေးနေ့အလှူ လုပ်မယ့် အဆိုတော် ပိုပို

“သီလရှင်ဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေ ကင်းလာတယ်”လို့ ပြောတဲ့ အဆိုတော် ပိုပို 

Did you find apk for android? You can find new Free Android Games and apps.
Loading