ဇွန်လ ၃ ရက်နေ့မှာ Le Mans ’66 Trailer ကို Twenty Century Fox အနေနဲ့ စတင်မိတ်ဆက်ပြသခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ ၂၀၁၉ ခုနှစ်မှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချိပြသတော့မှာ ဖြစ်ပါတယ်။
ဒါရိုက်တာ James Mangold ရိုက်ကူးထားတဲ့ Action,Biography,Drama အမျိုးအစား Le Mans ’66 ရုပ်ရှင်မှာတော့ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Christian Bale, Matt Damon တို့အပြင် တခြားသောသရုပ်ဆောင်ကောင်း များစွာက ပါဝင်သရုပ်ဆောင်ထားကြပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတကားပဲ ဖြစ်ပါတယ်။
ကမ္ဘာကျော်ကားကုမ္ပဏီနှစ်ခုဖြစ်တဲ့ Ford နဲ့ Ferrari တို့ရဲ့ပြိုင်ဆိုင်မှုတွေအပြင် အမေရိကန်ကားဒီဇိုင်နာတဦးဖြစ်တဲ့ Carroll Shelby နဲ့ ပြိုင်ကားမောင်းသမား Ken Miles တို့ကြားက ပုဂ္ဂိုလ်ရေးရာပြိုင်ဆိုင်မှုတွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ကားဒီဇိုင်နာ Carroll Shelby အဖြစ် Matt Damon က သရုပ်ဆောင်ထားပြီး ပြိုင်ကားမောင်းသမား Ken Miles အဖြစ် Batman မင်းသား Christian Bale က သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်နောက်ခံရုပ်ရှင်ဇာတ်ကားကို နာမည်ကျော်မင်းသားတွေရဲ့ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ အပြည့်အဝခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Trailer မှာတော့ Ford ကုမ္ပဏီဟာ သူတို့ရဲ့စီးပွားရေးခြေလှမ်းသစ်ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ပြိုင်ကား တစီးကို ဖန်တီးပေးဖို့ Shelby ကို ချဉ်းကပ်ခဲ့တာနဲ့ စတင်ထားပါတယ်။ Ford ကုမ္ပဏီရဲ့အရေးပါသူ Lee Iacocca က Shelby ကို ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကားတစီးရဖို့ သူတို့အနေနဲ့ ဘာပြန်ပေးရမလဲလို့ မေးတဲ့အခါ Shelby က “ ပိုက်ဆံနဲ့ ဝယ်လို့မရတာ တခုခုပေါ့ဗျာ” လို့ပြန်ဖြေခဲ့ပါတယ်။
Le Mans ’66 ရုပ်ရှင်ကို Ford V Ferrari အဖြစ်သိရှိထားကြပြီး ကားဘီးနဲ့ လက်ကိုင်ကို အသီးသီးထိန်းချုပ်ထားကြတဲ့ အမျိုးသားနှစ်ဦးရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေကို နာမည်ကျော်မင်းသားနှစ်လက်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ရင်သပ်ရှုမော ခံစားကြရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Ref. www.empireonline.com
You may also like these stories:
“The Little Mermaid” ရုပ်ရှင်မှာ ရေသူမလေး အဖြစ် Halle Bailey သရုပ်ဆောင်မှာဖြစ်
တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တဲ့ “Spider-Man: Far From Home”
Marvel ရုပ်ရှင်ကားတွေမှာ Lady Gaga ကို မြင်တွေ့ရဖွယ်ရှိ