ပုလင်းအဖုံးဖွင့်တဲ့ Challenge လုပ်ဖို့ မင်းသား Tom Cruise ကို စိန်ခေါ်လိုက်တဲ့ Justin Bieber
အဆိုတော် Mariah Carey ဟာ ပုလင်းအဖုံးကို ခြေထောက်နဲ့ ကန်ဖွင့်ရတဲ့ စိန်ခေါ်မှု (The Bottle Cap Challenge) ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် အဲ့ဒီစိန်ခေါ်မှုဟာ အခြားအနုပညာရှင်တွေဆီ ပျံ့နှံ့သွားတာ တွေ့ရပါတယ်။ အဲ့ဒီထဲမှာ ပါဝင်လာတာကတော့ အဆိုတော် Justin Bieber ဖြစ်ပြီး အဲ့ဒီစိန်ခေါ်မှုကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
သူက အဲ့ဒီစိန်ခေါ်မှုကို လုပ်ဆောင်နေတဲ့ ဗီဒီယိုကို Instagram မှာ ပြန်တင်တဲ့အခါ “ကျနော်က Tom Cruise နဲ့ Hailey Bieber ကို အဆိုပြုပါတယ်” လို့ ရေးသားခဲ့ပါတယ်။
Justin Bieber ဟာ သူ့ရဲ့ ခြေထောက်နဲ့ ပုလင်းအဖုံးကို ကန်ဖွင့်စဉ်မှာ သူက “ဒါဟာ Tom Cruise ရဲ့ခေါင်းဖြစ်မှာပါ” လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ စိန်ခေါ်မှုနဲ့ ပတ်သက်လို့ မင်းသား Tom ဘက်က တခုခု တုံ့ပြန်ပြောဆိုတာမျိုး ရှိသေးပါဘူး။ မကြာသေးခင်တုန်းကတော့ အဆိုတော် Bieber ဟာ UFC ကြိုးဝိုင်းအတွင်းမှာ တပွဲတလမ်း အကဲစမ်းမယ်ဆိုပြီး “Mission Impossible” ရုပ်ရှင်မင်းသား Cruise ကို စိန်ခေါ်ခဲ့ပါသေးတယ်။
အဲ့ဒီအချိန်တုန်းကလည်း မင်းသား Cruise ဘက်နေ တခုခုတုံ့ပြန်ပြောဆိုတာမျိုး မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆိုတော် Bieber က သူက နောက်ပြောင်ပြီး စိန်ခေါ်လိုက်တာ ဖြစ်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။
အခုလိုမျိုး နောက်ဆုံးပေါ် စိန်ခေါ်မှုကို နောက်ထပ် လိုက်လုပ်တဲ့သူက အဆိုတော် Bieber ရဲ့ ဇနီး Hailey Bieber ဖြစ်ပြီးတော့ ပုလင်းအဖုံးကို အမိုက်စားပုံစံနဲ့ ဖွင့်သွားတာကို တွေ့ရပါတယ်။
မော်ဒယ် Hailey ဟာ ပုလင်းအဖုံးကို ခရီးကြမ်းစီးဆိုင်ကယ်(ATV) ပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ ဖွင့်သွားတာဖြစ်ပါတယ်။ သူက အဲ့ဒီဗီဒီယိုကို Instagram အကောင့်မှာ ပြန်တင်ချိန်မှတော့ Kendall Jenner နဲ့ Justine Skye တို့ကို စိန်ခေါ်ခဲ့တာ တွေ့ရပါတယ်။
Ref. etcanada
You May Also Like These Stories:
ကမ္ဘာအနှံ့ကလူတွေ ရိုက်ကူးခဲ့တဲ့ ကမ္ဘာမြေရဲ့ 10 Years Challenge ပုံရိပ်များ
သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေတဲ့ အမှိုက်ကောက် Challenge ရဲ့ အကောင်းဆုံး ဓာတ်ပုံများ
မြန်မာနိုင်ငံကနေ စတင်ခဲ့တဲ့ “ပိုးဟပ် Challenge” လတ်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေ