Titanic ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးသီချင်းကို သီဆိုခဲ့တဲ့ ကမ္ဘာကျော် အဆိုတော် Celine Dion ဟာ ရုပ်ရှင်ထဲက ဆွဲကြိုးပုံစံတူကို ဆွဲပြီး လူမြင်ကွင်းကို ထွက်လာခဲ့ပါတယ်။ Titanic ရုပ်ရှင်ဇာတ်ကားဟာ သူနဲ့ ကံစပ်တဲ့ ဇာတ်ကားလို့ ဆိုနိုင်ပြီး “My Heart Will Go On” ဆိုတဲ့ သီချင်းနဲ့ အော်စကာ ရခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Celine Dion ဟာ ပြင်သစ်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပြီး အပေါ်ထပ်ကုတ်၊ စကပ်အမည်းနဲ့ အင်္ကျီအဖြူတို့ကို ဝတ်ဆင်ပြီး ဆွဲကြိုး ဆွဲထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လိုက်ဖက်မှု မရှိတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ထားတယ်လို့ ဝေဖန်နေပေမယ့် သူကတော့ ဂရုစိုက်ပုံ မပေါ်ပါဘူး။
သူ ဝတ်ဆင်ထားတဲ့ I Love Paris ဆိုတဲ့ အင်္ကျီကို “I Love Paris Hilton” လို့ အရွှန်းဖောက်တဲ့ သဘောနဲ့ ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ မကြာသေးခင်ကမှ ပြုလုပ်ထားတဲ့ ပဲရစ်ဖက်ရှင်ရှိုးပွဲမှာတော့ ဆင်စွယ်ရောင် ခပ်ဖျော့ဖျော့ ဂါဝန်ကို ရွှေရောင် ဖိနပ်နဲ့ တွဲစီးပြီး ပွဲတက်လာတာကြောင့် လူအများမျက်စိကျခြင်းကို ခံခဲ့ရပါသေးတယ်။
Celine Dion ဟာ ဒီဆွဲကြိုးကို ၁၉၉၈ ခုနှစ် အော်စကာ ဆုပေးပွဲမှာ ပထမဆုံးအကြိမ် ဝတ်ဆင်ခဲ့ပါတယ်။ ၅၆ ကာရက်ရှိတဲ့ ဒီဆွဲကြိုးကို အခုလို သွားရင်းလာရင်း ဆွဲထားတာကတော့ အံ့သြစရာဖြစ်တယ်လို့ ဝေဖန်သံတွေလည်း ထွက်ပေါ် နေပါတယ်။
Ref. today.com
You may also like these stories:
အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန်
Céline Dion ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပုံဖော်မည့် “ The Power Of Love” ရုပ်ရှင် ရိုက်ကူးမည်
Celine Dion ရဲ့ အလွန်ပိန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်များ စိုးရိမ်နေ
Las Vegas မှာ အခြေစိုက်ဖျော်ဖြေပွဲတွေကို အဆုံးသတ်တော့မယ့် အဆိုတော် Celine Dion