Entertainment

"မောင်နာလီဇာ" ရုပ်ရှင်မှာ အငြိမ့်မင်းသမီးအဖြစ် မြင်တွေ့ရမယ့် မအေးသောင်း

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “မောင်နာလီဇာ” ရုပ်ရှင်ကားကြီးမှာ အငြိမ့်မင်းသမီး နေရာက ပါဝင်ထားတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက အငြိမ့်မင်းသမီး ကာရိုက်အတွက် လေ့လာခဲ့ရပုံတွေကို အခုလိုပဲ ပြောပါတယ်။

“လတ်တလောမှာတော့ မောင်နာလီဇာ ဆိုတဲ့ ကားလေး ရိုက်ထားတယ်။ ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး) ပါ။ ဟာသကားလို့ ထင်ရပေမယ့် ဒရာမာ ချိုးလိုက်တဲ့ ကားပေါ့။ ဇာတ်ထဲက အဖြစ်အပျက်လေးကို ရိုက်ထားတာပေါ့။ မြင့်မြတ်ရယ်၊ စမိုင်းလ်ရယ်၊ မခိုင်လေးရယ် ပါတယ်။ ဇာတ်ကတော့ ခက်ခဲတယ်။ အကအတွက် ကြိုတင်ပြီးတော့လည်း လေ့ကျင့်ခဲ့ရတယ်”လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ပြောပါတယ်။

“ကျမတို့ ရိုက်ရတဲ့ ဇာတ်သဘင်ပုံစံက မြို့က ဇာတ်ပွဲတွေလို မဟုတ်ဘူး။ မြို့ဇာတ်ဆိုတာ ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်းတို့လို ဇာတ်မျိုး မဟုတ်ဘူး။ နယ်က ဇာတ်ပွဲလေးပေါ့။ ကိုယ်နဲ့ အလှမ်းဝေးတော့ သူတို့ နေတာ ထိုင်တာ၊ စားသောက်တာတွေကို မေးရတာပေါ့။ မန္တလေးက ယဉ်ကျေးမှုက သူတွေကလည်း အဝတ်အစားတွေရော နေပုံထိုင်ပုံတွေရော၊ အသုံးအဆောင်တွေရော၊ နောက် ဇာတ်သေတ္တာရော အဲ့သေတ္တာဆို နှစ် ၄၀ လောက်ရှိပြီ မင်းသမီး သုံးနေတာကို ပေးလိုက်တယ်”

“အမေ ကြည်ခိုင်မိုးကလည်း အကုန် သင်ပေးတယ်။ မိတ်ကပ်လိမ်းတာတွေကအစ အကုန် သင်ပေးတယ်။ ဇာတ်အဖွဲ့ထဲမှာ ပြောတဲ့ စကားလေးတွေကအစ သင်ပေးကြတယ်”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းက MNTV ရုပ်သံလိုင်းမှာ လွှင့်ခဲ့တဲ့ Win Show Time အစီအစဉ်မှာ အဝင်းက သီချင်းဆိုပေးပါဆိုလို့ “Shake Shake” သီချင်းနဲ့ သီဆို ကပြဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပြပါတယ်။

“Win Show Time မှာ အဝင်းနဲ့ ပထမဆုံး ဆုံတာပဲ။ သူက စကားလည်း ပြောတတ်တယ်။ အရမ်းလည်း သွက်တယ်။ သူက Talent ရှိတယ်။ သူအိုက်တင် လုပ်တာလေးကအစ သူအမူအရာ လုပ်တာတွေ အဲ့ဒါတွေ ကောင်းတယ်။ သူ့ဆီက ပညာရတယ်။ အဲ့မှာ ဆိုဖြစ်တဲ့ သီချင်းလေးက ရေးထားတာ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်ကတည်းက ရေးထားတာ။ ကိုဇော်ဇော် ရေးပေးထားတာ။ သီချင်းက ရယ်စရာ ဖြစ်နေတော့ မဆိုရဲဘူး”

“အစီအစဉ်မှာ သီချင်း မဆိုလို့ မရဘူး၊ ဆိုပေးပါ ဆိုပေးပါ ပြောတယ်။ အလွမ်းသီချင်း ဆိုမလား မေးတော့ အမြဲလွမ်းနေတာ အလွမ်းသီချင်း မဆိုချင်ဘူး။ ဒီသီချင်းလေးကို ကပြီး ဆိုဖြစ်သွားတာ။ ကိုယ်နဲ့လည်း အခု အဲ့သီချင်းက တိုက်ဆိုင်နေတော့ ဆိုဖြစ်သွားတာ။ အမြူးလေးဆိုတော့ ထူးထူးခြားခြားလေး ဖြစ်သွားတာပေါ့”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲ တကျော့ ပြန်လည် ဝင်ရောက်ခဲ့တာဖြစ်ပြီး မအေးသောင်းအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို အထူး ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ပေးပွဲကြီးမှာ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” အကယ်ဒမီ တစ် ကြိုပေးခြင်း ခံခဲ့ရပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ပါတယ်။

You May Also Like These Stories:

“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်”လို့ ပြောတဲ့ မအေးသောင်း 

“ကိုယ့်ကိုယ်ကိုယ် ပေါက်စီလို့ မသုံးတော့ဘဲ ကျမလို့ ပြောင်းသုံးတော့မယ်”လို့ ပြောတဲ့ မအေးသောင်း

သင်္ကြန်မှာ စတုဒီသာကျွေးပြီး အလှူလုပ်ခဲ့တဲ့ မအေးသောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading