Entertainment

ချစ်သူဟောင်း ပေးထားတဲ့ ဝက်ဝံရုပ်ကို ထုတ်ရောင်းဖို့ ပြင်ဆင်နေတဲ့ မင်းသမီး ဖန်ပင်းပင်း

Want create site? Find Free WordPress Themes and plugins.

တရုတ်မင်းသမီး ဖန်ပင်းပင်းကတော့ ချစ်သူဟောင်း မင်းသား လီချန်းပေးထားတဲ့ လက်ဆောင်တွေကို ထုတ်ရောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၄၀ နှစ်အရွယ် မင်းသားလီနဲ့ အသက် ၃၇ နှစ်အရွယ် မင်းသမီး ဖန်တို့ဟာ လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့တုန်းက Weibo လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲ့လို လမ်းခွဲပြီး ၃ ရက်အကြာ မှာတော့ သူတို့နှစ်ဦး နေ့လယ်စာအတူ သုံးဆောင်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဲ့ဒါဟာ အလုပ်သဘော နေ့လယ်စာ စားတာသာဖြစ်တယ်လို့ ပရိသတ်တွေက သိရှိခဲ့ရပါတယ်။

အခုတော့ မင်းသမီးဖန်ဟာ ချစ်သူဟောင်းနဲ့ သံယောဇဉ် လုံးဝ ဖြတ်တောက်မယ့် သဘောမှာ ရှိနေပြီး အင်တာနက် သုံးစွဲသူတွေကတော့ အွန်လိုင်း တပတ်ရစ် ပစ္စည်းအရောင်းဆိုင်မှာ နှင်းဆီတွေနဲ့ ပြုလုပ်ထားတဲ့ ကြီးမားတဲ့ Teddy ဝက်ဝံရုပ်ကို ယွမ် ၃၈,၈၈၈ နဲ့ ရောင်းချဖို့ ပြင်ဆင်နေတာကို သတိပြုမိခဲ့ကြပါတယ်။

အဲ့ဒီဝက်ဝံရုပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက မင်းသမီး ဖန်ကိုပေးခဲ့တဲ့ မင်းသားလီရဲ့ လက်ဆောင်ဖြစ်ပြီး တန်ဖိုးကတော့ ယွမ် ၉ သောင်းနီးပါးလောက် ရှိပါတယ်။ အဲ့ဒီဝက်ဝံရုပ်ရဲ့ နောက်မှာရှိတဲ့ ပစ္စည်းပုံတွေကို မြင်တွေ့ခဲ့ရတာကြောင့် မင်းသားလီရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေဟာ မင်းသမီးရဲ့ အိမ်ကနေ ဖယ်ရှားလိုက်ပြီဆိုတာ သိရှိရပါတယ်။

ဒါပေမဲ့ ဟောင်ကောင် Apple Daily မီဒီယာရဲ့ အဆိုအရ အဲ့ဒီ ဝက်ဝံရုပ်ကို မင်းသမီးရဲ့ အွန်လိုက်ဈေးဆိုင်မှာ ရောင်းချခဲ့ပြီး ယွမ် ၉၈၀ လောက်နဲ့ ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ သို့ပေမယ့်လည်း အဲ့ဒီဝက်ဝံရုပ်ဟာ ရောင်းချနေတုန်းပဲလား၊ နှစ်ဦးသား လမ်းမခွဲခင်ကတည်းက ရောင်းဖို့ ပြင်ထားတာလား၊ လမ်းခွဲပြီးမှ ရောင်းဖို့ပြင်ထားတာလား ဆိုတာကိုတော့ အသေးစိတ် ဖော်ပြခဲ့တာမျိုး မရှိခဲ့ပါဘူး။

မင်းသား လီကတော့ ကဏ္ဍစုံ အစီအစဉ်ဖြစ်တဲ့ Keep Running မှာ မကြာသေးခင်တုန်းက ပါဝင်ခဲ့ပြီး စေ့စပ်လက်စွပ်ဝတ်ထားတာတော့ မတွေ့ခဲ့ရပါဘူး။ တချို့ကတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်တာဟာ နှစ်ဦးသားအတွက် ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

Ref: straitstimes

You may also like these stories:

လမ်းခွဲပြီး ၃ ရက်အကြာ စားသောက်ဆိုင်မှာ အတူတူ မြင်တွေ့ခဲ့ရတဲ့ ဖန်ပင်းပင်းတို့ စုံတွဲ

စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ တရုတ်မင်းသမီး ဖန်ပင်းပင်း

ပရိသတ်ရှေ့မှောက် တဖန်ပြန်ရောက်လာခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်း

Did you find apk for android? You can find new Free Android Games and apps.
Loading