မင်းသားကြီး Will Smith ရဲ့ သားဖြစ်သူ အဆိုတော့ Jaden Smith ဟာ အိမ်ရာမဲ့တွေအတွက် စားသောက်ဆိုင်တဆိုင် ဖွင့်လှစ်ထားကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။ အသက် ၂၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Jaden Smith ရဲ့ စားသောက်ဆိုင် နာမည်ကတော့ “I Love You” ဖြစ်ပြီး သက်သတ်လွတ် ဟင်းလျာတွေကို ဝန်ဆောင်ပေးတယ်လို့ သိရပါတယ်။
ဒီစားသောက်ဆိုင်ဟာ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလစ်မြို့၊ စကစ်ရိုး ဧရိယာတလျှောက်မှာ စားစရာတွေ ဝေပေးခဲ့ပြီး ဒီလို ပြုလုပ်ရတာဟာ အမေရိကန်နိုင်အတွင်း များပြားလာတဲ့ အိမ်ရာမဲ့တွေကို ကူညီပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၇ ရက်နေ့က စတင်တဲ့ ဒီပရဟိတ စားသောက်ဆိုင်ဟာ အစပဲ ရှိသေးတယ်လို့ Jaden Smith က ပြောပါတယ်။
သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ ” I Love You စားသောက်ဆိုင်ဟာ ထိုက်တန်တဲ့ သူတွေကို ထိုက်တန်အောင် လှူဒါန်းတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။ အရသာရှိပြီး ကောင်းမွန်တဲ့ သက်သတ်လွတ် ဟင်းလျာတွေကို ဝန်ဆောင် ပေးပါတယ်”လို့ ရေးသားထားပါတယ်။
အစားအသောက်တွေကို မြို့ထဲ သွားရောက် လှူဒါန်းခဲ့ပြီး အိမ်ရာမဲ့ အများအပြား လာရောက် စားသုံးခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ထားတာ တွေ့ရပါတယ်။ Jaden Smith ဟာ ဇူလိုင် ၅ ရက်နေ့က သူ့ရဲ့ တကိုယ်တော်ခွေ ထွက်ရှိထားပြီး Tyler, The Creator နဲ့ အတူ “Igor” လို့ အမည်ရတဲ့ နယ်လှည့် ဖျော်ဖြေရေးအစီအစဉ်ပြုလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
Ref. revolt.tv
You may also like these stories:
အိမ်ရာမဲ့သူ လူ ၁၀၀၀ ကျော်ကို ဆံပင် လိုက်ညှပ်ပေးတဲ့ ဆံသဆရာ
Chess Championship မှာ ချန်ပီယံဖြစ်သွားတဲ့ အသက် ၈ နှစ်အရွယ် အိမ်ရာမဲ့ ကလေး
အိမ်ရာမဲ့တွေနဲ့ ဆင်းရဲသူတွေကို သင်ကူညီနိုင်မယ့် နည်းလမ်းမျာ