မင်းသားကြီး Tom Hanks ဟာ သူ့ရဲ့ မွေးနေ့မှာ စတိုင်ကျကျနဲ့ ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ သိတဲ့သူ တယောက် ဖြစ်ပြီး သူ့ရဲ့ အသက် ၆၃ နှစ်ပြည့် မွေးနေ့မှာ ရိုက်ကူးထားတဲ့ အထူးဗီဒီယို တခုကို မျှဝေခဲ့တာ တွေ့ရပါတယ်။
“The Da Vinci Code” မင်းသား Hanks က “ကျနော့် အသက် ၆၃ နှစ်ပြည့် မွေးနေ့အတွက် ဝတ်ထားတဲ့ ကမ်းခြေ ဝတ်စုံလေးကို ကြည့်လိုက်ပါဦး” လို့စာရေးပြီး Twitter မှာ ဗီဒီယိုတင်ခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုထဲမှာတော့ မင်းသားကြီးဟာ အဝတ်အစား မချွတ်ဘဲ ရွက်လှေထိပ်ကနေ ခုန်ချခဲ့တာကို မြင်တွေ့ရပါတယ်။
Look at the cool beach clothes I got for my 63rd Birthday! Hanx! pic.twitter.com/r89pNZp02L
— Tom Hanks (@tomhanks) July 9, 2019
အဲ့ဒီဗီဒီယိုဟာ မင်းသားကြီးရဲ့ ပရိသတ်တွေကြားထဲမှာ တော်တော်လေး လူပြောများခဲ့ရပြီး ကြည့်ရှုတဲ့ အကြိမ်ရေ ၂ ဒဿမ ၁ သန်းကျော် ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် မင်းသားကြီးဟာ သားဖြစ်သူ Colin Hanks ဆီကနေ မွေးနေ့ ဆုတောင်းစကားကိုလည်း လက်ခံ ရရှိခဲ့ပါတယ်။
“Fargo” ရုပ်ရှင်မင်းသား Colin က “ကျနော့် အဖေရဲ့ ပျော်ရွှင်ဖွယ် ၆၃ နှစ်ပြည့် မွေးနေ့အတွက် ဆုမွန်ကောင်း တောင်းချင်ပါတယ်။ သူဟာ ဟာသအမြင်ရှိတဲ့ လူကောင်းတယောက် ဖြစ်ပါတယ်။ ချစ်တယ် အဖေ” လို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။
မင်းသားကြီး Hanks ကို ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးနဲ့ လူအသိအမှတ်ပြု အခံရဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပြီး အမေရိကန်ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါရိုက်တာကြီး Steven Spielberg ရိုက်ကူးခဲ့တဲ့ “Saving Private Ryan”၊ “Catch Me If You Can” ၊ “The Terminal၊ Bridge of Spies” နဲ့ “The Post” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ “Forrest Gump” ရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ နာမည်ကျော်တဲ့ မင်းသားကြီးဟာ အော်စကာဆု ၂ ခု၊ ရွှေကမ္ဘာလုံးဆု ၄ ခုနဲ့ အမ်မီဆု ၇ ခုရရှိထားပြီး အခြားဆုတွေကိုလည်း သိမ်းပိုက်ရရှိထားသူ ဖြစ်ပါတယ်။
Ref: etcanada
You May Also Like These Stories:
စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရဖူးခြင်း မရှိဘူးလို့ ပြောတဲ့ Tom Hanks
ပရိသတ်တွေကို Surprise လုပ်ပြီး စားထားသမျှ ရှင်းပေးခဲ့တဲ့ Tom Hanks