Entertainment

ဝန်ထမ်းများအပေါ် လိင်အကြမ်းဖက်မှုနဲ့ ဗလက္ကာရ ပြုလုပ်မှုတို့ဖြင့် မင်းသား Kang Ji-hwan ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားမင်းသား Kang Ji-hwan ဟာ သူ့ရဲ့ အေဂျင်စီက ဝန်ထမ်းထဲက တဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ပြီး နောက်တဦးကို ဗလက္ကာရ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဝရမ်းမပါဘဲ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဂွမ်ဂျူရဲစခန်းက အသက် ၄၁ နှစ်အရွယ် မင်းသားကို ဆိုးလ်မြို့၊ တောင်ဘက်မှာရှိတဲ့ ဂွမ်ဂျူမြို့က သူ့ရဲ့နေအိမ်ကနေ ဇူလိုင်လ ၉ ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မင်းသား Kang ဟာ အရက်သောက် ဝိုင်းဖွဲ့တွေ့ဆုံမှုအပြီး သူ့ရဲ့ အိမ်က အခန်းတခုမှာ အိပ်ပျော်နေကြတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်လို့ ဆိုပြီး သံသယရှိထားခံရပါတယ်။

မင်းသားနဲ့ အဲ့ဒီအမျိုးသမီး နှစ်ဦးဟာ နေရာတခုမှာ အေဂျင်စီက အခြားအဖွဲ့ဝင်တွေနဲ့ ပါတီတခုကို ကျင်းပခဲ့ပြီးတဲ့နောက် အိမ်ထဲမှာ အရက်သောက်နေခဲ့ကြတာလို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုကျင့်ခံရတဲ့ အမျိုးသမီးတဦးရဲ့ သူယ်ချင်းတဦးက သူ့သူငယ်ချင်းဟာ မင်းသား Kang ရဲ့ အိမ်မှာ အရက်သောက်နေခဲ့ပြီး တံခါးပိတ်ခံထားရတယ်လို့ စာတို လက်ခံ ရရှိခဲ့တာကြောင့် အဲ့ဒီနေ့ ည ၉ နာရီ ၄၁ မိနစ်အချိန်မှာ ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့လို့ အဲ့ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ မင်းသားကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ မင်းသားရဲ့အိမ်ကို ရောက်ရှိလာခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့ မင်းသားကို သီးခြားစီ ခွဲထုတ်ပြီးတဲ့နောက် အဲ့ဒီအမျိုးသမီး နှစ်ဦးဆီကနေ စစ်ချက်ရယူခဲ့ကာ မင်းသားကို ဖမ်းဆီးထိန်းသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ စစ်မေးချက်အတွင်းမှာ မင်းသား Kang က “ကျနော် သူတို့နဲ့ အရက်သောက်နေခဲ့တယ် ဆိုတာကိုပဲ မှတ်မိပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ကျနော် မမှတ်မိပါဘူး။ သူတို့ အိပ်နေခဲ့တဲ့ တခန်းမှာ ကျနော် နိုးလာခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဇူလိုင်လ ၁၀ ရက်နေ့ နှောင်းပိုင်းမှာ မလျော်မကန် ပြုကျင့်မှုနဲ့ သူ့ကို ဆက်လက် စစ်ဆေးမေးမြန်းဦးမှာ ဖြစ်ပါတယ်။ မင်းသား Kang ဟာ TV Chosun ရုပ်သံကနေ ထုတ်လွှင့်နေတဲ့ “Joseon Survival” ဒရာမာမှာ ပါဝင်သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

Ref: Yonhap

You May Also Like These Stories:

ကမ္ဘာပေါ်မှာ မုဒိမ်းမှု အဖြစ်ပွားဆုံး နိုင်ငံများ

ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို မုဒိမ်းမှုဖြင့် စွဲချက်တင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading