Entertainment

LGBT နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဝေဖန်မှုများကြောင့် ဆော်ဒီဖျော်ဖြေပွဲမှ Nicki Minaj နုတ်ထွက်

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Nicki Minaj ဟာ လာမယ့် သီတင်းပတ်ထဲ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲမှာ ပါဝင်တင်ဆက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အကြောင်းကတော့ သူဟာ LGBT နဲ့ အမျိုးသမီးအခွင့်အရေးတွေကို ထောက်ခံတဲ့အတွက် ဆိုပြီးတော့ ပြောဆိုထားပါတယ်။

အခုလိုမျိုး ဆော်ဒီရဲ့ Jeddah မြို့မှာ ကျင်းပမယ့် ပွဲတော်မှာ ပွဲဝင်ဖို့ စီစဉ်တာကို ဖျက်သိမ်းလိုက်ရတာဟာ အဲ့ဒီနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေအပေါ် ဝေဖန်သူတွေထံကနေ ရှုတ်ချမှုနဲ့ ရင်ဆိုင်ခဲ့ရလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တချို့သူတွေကတော့ ရှေးရိုးဆန်လွန်းတဲ့ Conservative ဘုရင့်နိုင်ငံမှာ ဘယ်လိုအဝတ်အစားတွေ ဝတ်ပြီး ဘယ်လိုစာသားတွေကို သီဆိုမယ်ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

ဆော်ဒီနိုင်ငံဟာ ဖျော်ဖြေရေး ကဏ္ဍအပေါ်မှာ တင်းကြပ်မှုတွေကို ဖြေလျှော့ဖို့ ကြိုးစားနေပြီး အနုပညာကဏ္ဍမှာလည်း တိုးတက်ဖွံ့ဖြိုးမှုတွေရှိနေစေဖို့ တွန်းအားပေးလုပ်ဆောင်နေပါတယ်။

အဲ့ဒီနိုင်ငံရဲ့ လူ့အခွင့်ရေးမှတ်တမ်း စိစစ်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် Jamal Khashoggi လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက် ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာပဲ ဆော်ဒီဟာ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို တရားရုံးမှာ စွဲချက်တင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ပိုမိုတိုးလာခဲ့ပါတယ်။

“တော်တော်လေး စဉ်းစား သုံးသပ်ပြီးတဲ့နောက်မှာ Jeddah World Fest မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို ရှေ့ဆက် လုပ်ဆောင်ခြင်း မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသမီးတွေ၊ LGBTQ လူမှု အသိုက်အဝန်းတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ထောက်ခံတာကို ရှင်းရှင်းလင်းလင်း ပြသဖို့ အရေးကြီးတယ်လို့ ယုံကြည်တာကြောင့် ဒီကိစ္စတွေအပေါ် ကိုယ့်ကိုယ်ကိုယ် ပိုသိစေပြီးရင်တော့ ဆော်ဒီမှာ ရှိတဲ့ ကျမရဲ့ ပရိသတ်တွေဆီကို ဖျော်ဖြေပွဲ ယူဆောင်လာမှာဖြစ်ပါတယ်”လို့ အဆိုတော် Nicki Minaj က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက အဆိုတော် Nicki ထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် ပွဲကနေ နုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဆော်ဒီနိုင်ငံရဲ့ ငွေကို လက်မခံဖို့နဲ့ ထိန်းသိမ်းထားတဲ့ အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရေး သူ့ရဲ့လွှမ်းမိုးမှုကို အသုံးချဖို့ တောင်းဆိုခဲ့ပါတယ်။

Ref:BBC

You May Also Like These Stories:

“Angry Birds 2” ရုပ်ရှင်မှာ အသံသရုပ်ဆောင်မယ့် Nicki Minaj

Shanghai Music Festival မှာ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့ Nicki Minaj

ကျေးဇူးတော်နေ့မှာ ကြက်ဆင်တွေအခမဲ့ဝေငှပေးခဲ့တဲ့ Nicki Minaj

Did you find apk for android? You can find new Free Android Games and apps.
Loading