အဆိုတော် Taylor Swift ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဝင်ငွေ အများဆုံး နာမည်ကျော်ကြားသူ စာရင်းမှာ Kardashian မျိုးနွယ်ထဲက အဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ အလှကုန်ပစ္စည်း ဘုရင်မ Kylie Jenner နဲ့ Rap အဆိုတော် Kanye West တို့ကို ကျော်တက်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
Forbes မဂ္ဂဇင်းကနေ နှစ်စဉ် ထုတ်ပြန်နေကျ နာမည်ကျော်ကြားသူ အယောက် ၁၀၀ စာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးနေရာမှာ ဘောလုံး အကျော်အမော်တွေဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီ၊ ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ နေမာတို့ ရှိနေပါတယ်။ ဗြိတိသျှအဆိုတော် Ed Sheeran နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေကနေစလို့ နာမည်ကျော်ကြားခဲ့တဲ့ Soft Rock ဂီတတီးဝိုင်း The Eagles တို့လည်း ပါဝင်နေတာကို တွေ့ရပါတယ်။
Kim Kardashian ရဲ့ ခင်ပွန်းဖြစ်တဲ့ အဆိုတော် West ကတော့ ၄ နှစ်ကြာ စာရင်းထဲ မပါဝင်ခဲ့ပြီးတဲ့နောက် အခုစာရင်းထဲမှာ တကျော့ပြန် ပါဝင်လာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သူ့ရဲ့ နာမည်ကျော် Yeezy အမည်ရှိ Sneaker ဖိနပ်ကြောင့် ဒေါ်လာ သန်း ၁၅၀ (အခွန် မပါမီ) ခန့်ရရှိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စာရင်းရဲ့ တတိယနေရာမှာရှိနေတဲ့ West ရဲ့ ဇနီး Kim Kardashian ကတော့ နံပါတ် ၂၆ မှာ ရပ်တည်နေပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက “Reputation” နယ်လှည်ဖျော်ဖြေပွဲနဲ့ အယ်လ်ဘမ်ကြောင့် ခန့်မှန်းချေ ဒေါ်လာ ၁၈၅ သန်း ရရှိပြီး ထိပ်ဆုံးနံပါတ် ၁ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အဆိုတော် Swift ဟာ “1989” နယ်လှည့်ဖျော်ဖြေပွဲနဲ့ အယ်လ်ဘမ်တွေကြောင့် ၂၀၁၆ ခုနှစ်တုန်းကလည်း အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါသေးတယ်။
Kim ၊ Khloe နဲ့ Kourtney Kardashian တို့ရဲ့ ဝမ်းကွဲညီမ အသက် ၂၁ နှစ်အရွယ် Jenner ကတော့ သူ့ရဲ့ အွန်လိုင်းပေါ်ကနေ နှုတ်ခမ်းနီရောင်းတဲ့ လုပ်ငန်းနဲ့ အလှကုန် ကုမ္ပဏီကြောင့် ခန့်မှန်းချေ ဒေါ်လာ သန်း ၁၇၀ ဝင်ငွေနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
အခုနှစ် အစောပိုင်းတုန်းကတော့ Jenner ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဘီလီယံနာဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ကြေညာခဲ့ပါသေးတယ်။ Forbes မဂ္ဂဇင်းဟာ အခု ၂၀၁၉ ခုနှစ်အတွက် စာရင်းကို ၂၀၁၈ ခုနှစ် ဇွန်လကနေ ၂၀၁၉ ခုနှစ် ဇွန်လအထိ အခွန်ငွေနဲ့ မန်နေဂျာတွေအတွက် လခ မပါသေးတဲ့ ဝင်ငွေတွေကို ခန့်မှန်း တွက်ချက်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီ မဂ္ဂဇင်းကမှာ ကမ္ဘာပေါ်က ဝင်ငွေအကောင်းဆုံး နာမည်ကျော် အယောက် ၁၀၀ ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ အခွန်မပါမီ ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဝင်ငွေရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန် လက်ဝှေ့အကျော်အမော် Floyd Mayweather နဲ့ မင်းသား George Clooney ကတော့ ပြီးခဲ့တဲ့နှစ် စာရင်းမှာ ထိပ်တန်းအဆင့် ဝင်ခဲ့ပေမယ့် အခု တကြိမ်မှာတော့ ထိပ်တန်း ၁၀ ဦးစာရင်းမှာတောင် ပါမလာခဲ့တာ တွေ့ရပါတယ်။
Ref:asiaone
You may also like these stories:
သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift
ရောင်အသွေးစုံတဲ့ သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ အဆိုတော် Taylor Swift