• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပုဂံ ယူနက်စကို ဂုဏ်ပြုကြိုဆိုပွဲမှာ သီဆို ဖျော်ဖြေမယ့် အဆိုတော် ဖြိုးကြီး

by ချစ်ပိုး
12 July 2019
in Entertainment
A A
အဆိုတော် ဖြိုးကြီး  / ချစ်ပိုး / ဧရာဝတီ

အဆိုတော် ဖြိုးကြီး / ချစ်ပိုး / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

မကြာခင် ပုဂံမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် အဆိုတော် ဖြိုးကြီးကတော့ ပုဂံ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ဝင်သွားတဲ့အတွက် အရမ်းဂုဏ်ယူတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လတ်တလော ပုဂံ ယူနက်စကို ဝင်တဲ့ပွဲ သွားဆိုဖို့ ရှိမယ်။ ပြန်လာရင် Single Song ထွက်ဖို့ ရှိပါတယ်။ ယူနက်စကို ဝင်အောင် ကြိုးစားကြတဲ့လူတွေ အားလုံးကို ကျေးဇူးတင်တယ်။ ပုဂံ အမှတ်တရတွေ ကတော့ အများကြီးပေါ့။ E Bike စီးရတာ ပျော်ဖို့ကောင်းတယ်။ ပုဂံရောက်တိုင်း မရောက်မဖြစ် သွားတာ ကတော့ အလိုတော်ပြည့်ပါ။ ကျနော်တို့ အိမ်နီးနားချင်း ထိုင်းမှာလည်း အယုဒ္ဓယဆို ယူနက်စကို ဝင်ထားတယ်။ ကျနော်တို့ ပုဂံလည်း ယူနက်စကို ဝင်လိုက်တော့ ဘောင်ဝင်သွားတာပေါ့”လို့ ဖြိုးကြီးက ပြောပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
301
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
277
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k

ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတဲ့ အဆိုတော် ဖြိုးကြီးကတော့ အချစ်သီချင်းတွေ အွန်လိုင်းကနေ တင်ပေးဖို့ရှိပြီး အဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်လို့ ဒိုင်လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

“ကျနော် Single Song က သြင်္ကန်ပြီးကတည်းက ထွက်ရမှာ။ မအားတာနဲ့ စိတ်က တည်လို့ မရတာနဲ့ မလုပ် ဖြစ်ဘူး။ ပုဂံက ပြန်ရောက်တာနဲ့ လုပ်မယ်။ သီချင်းတွေက ရေးပြီးသားတွေလည်း ရှိတယ်၊ တီးပြီးသားတွေလည်း ရှိတယ်။ မဆိုသေးတာ။ အချစ်အကြောင်းတွေ ဆိုထားတာတွေ အွန်လိုင်းကနေ တင်ပေးဖို့ရှိတယ်။ အခု အဆိုပြိုင်ပွဲတွေ ရှိပေမယ့် ကျနော် ဒိုင်လုပ်ဖို့ မရှိပါဘူး။ အဲ့အတွက်လည်း ပြင်ဆင်ထားတာ မရှိပါဘူး။ ကမ်းလှမ်းလာရင်လည်း လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာလည်း မစဉ်းစားထားသေးပါဘူး”လို့ ဖြိုးကြီးက ပြောပါတယ်။

အဆိုတော်သစ်တွေ ထွက်ပေါ်လာတဲ့ အကြောင်းကိုလည်း ဖြိုးကြီးက “ပြိုင်ပွဲတွေ များလာပြီး အဆိုတော် သစ်လေးတွေ ထွက်ပေါ်လာတာတော့ ကောင်းပါတယ်။ ဂီတကို ချစ်တဲ့ စိတ်တခုတည်းနဲ့ သီချင်းဆိုတဲ့ သူတွေ များလာတာကို ကြိုဆိုပါတယ်။ ကျန်တာတွေတော့ နားမလည်ဘူး။ အခု နောက်ပိုင်းဂီတနဲ့ ပတ်သက်ပြီး လေ့လာစရာတွေလည်း အများကြီး၊ Instrument တွေဆိုရင်လည်း ထိုက်သင့်တဲ့ ငွေကြေးနဲ့ အလွယ်တကူ ရတယ်။ အများကြီး တိုးတက်လာတာ တွေ့ရတော့ နောက် မျိုးဆက်တွေအတွက် အရမ်းဝမ်းသာတယ်”လို့ ပြောပါတယ်။

အဆိုတော် ဖြိုးကြီးဟာ ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေပေမယ့် နယ်ဖျော်ဖြေပွဲတွေကိုတော့ သီဆိုနေရဆဲ အဆိုတော် ဖြစ်ပါတယ်။ အဆိုတော် ဖြိုးကြီးဟာ မကြာသေးခင်က ”ငါ့ရဲ့ အရာရာ” ဆိုတဲ့ တကိုယ်တော် တေးစီးရီးကို ထွက်ရှိထားပါတယ်။

You May Also Like This Story:

“ငါ့ရဲ့ အရာရာ” နဲ့ ပရိသတ်ထံ ပြန်လာတဲ့ အဆိုတော် ဖြိုးကြီး

Your Thoughts …
Tags: ပုဂံယူနက်စကိုအဆိုတော် ဖြိုးကြီး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

လူထုသင်္ကြန် ပြန်လာမယ်

လူထုသင်္ကြန် ပြန်လာမယ်

by ဇေယျ (အညာ)
16 April 2024
4.3k

မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့

by ဧရာဝတီ
20 April 2025
1.6k

မူလ အမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းလို့ ပြောင်းလဲ ခေါ်တွင် ခဲ့တယ် လို့လည်း…

Next Post
Victoria အမှု တရားခံအစစ် မဖော်နိုင်ရင် လူတွေအယုံအကြည် ကင်းမဲ့သွားလိမ့်မယ် (ရုပ်/သံ)

Victoria အမှု တရားခံအစစ် မဖော်နိုင်ရင် လူတွေအယုံအကြည် ကင်းမဲ့သွားလိမ့်မယ် (ရုပ်/သံ)

မလေးရှားနိုင်ငံက ကြောင်လေး Bibi

၂၀၁၉ ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate