Horror ရုပ်ရှင်ကြိုက်သူတွေဟာ စိတ်ချောက်ချားစရာ ကောင်းပြီး သည်းထိတ်ရင်ဖို ခံစားမှုမျိုးကို ပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အများအားဖြင့် ရွေးချယ် ကြည့်ရှူလေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ Horror ရုပ်ရှင် ကြိုက်သူတွေတောင် အဆုံးထိ ကြည့်ဖို့ ခဲယဉ်းပြီး စိတ်ချောက်ချားစရာ ကောင်းတဲ့ Horror ရုပ်ရှင်ကားကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) Hereditary (2018)
“Conjuring”၊ “Annabelle” ဇာတ်ကားတွေထက် ပိုကြောက်စရာ ကောင်းပြီး သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေ၊ စိတ်ချောက်ချားစရာ Sound Effect တွေကြောင့် ဇာတ်လမ်း အဆုံးထိ ကြည့်ရှုဖို့ ခဲယဉ်းတဲ့ Horror ရုပ်ရှင် ဇာတ်ကား ကောင်းတကားပဲ ဖြစ်ပါတယ်။
(၂) Silent Hill (2006)
မြူတွေပိတ်နေတဲ့ အဝေးပြေးလမ်းမ တခုရဲ့ မလှမ်းမကမ်းမှာ “Silent Hill” ဆိုတဲ့ မြို့အဝင် ဆိုင်းဘုတ်က လွဲပြီး ဘာဆိုဘာမှ ရှိမနေတာမျိုးကလည်း ရုပ်ရှင်ကို ကြည့်နေရင်းကနေ ရုပ်ရှင်ထဲရောက်သွားစေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပြီး စိတ်ချောက်ချားစရာ ကောင်းလွန်းတာကြောင့် အဆုံးထိ ကြည့်ရှုဖို့ ခက်ခဲတဲ့ ရုပ်ရှင်ကား တကားလည်း ဖြစ်ပါတယ်။
(၃) Mother (2017)
Horror ရုပ်ရှင်လို့ ပြောလို့ မရပေမယ့် စိတ်ချောက်ချားစရာ ကောင်းပြီး စိတ်အနှောင့်အယှက်တွေ အပြည့်နဲ့ (Thriller) သည်းထိတ်ရင်ဖို ခံစားမှုမျိုးကို ဇာတ်ဝင်ခန်း တိုင်းလိုလိုမှာ ကြည့်ရှုရမှာ ဖြစ်တာကြောင့် စိတ်ရှုပ်ထွေးနေချိန် မကြည့်ရှုသင့်တဲ့ ဇာတ်ကားတကားပဲ ဖြစ်ပါတယ်။
(၄) Vernoica (2017)
၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Ouija” ရုပ်ရှင်ထဲက ဝိညာဉ်ခေါ်ကားချပ်နဲ့ စမ်းသပ် ကစားရာက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေလိုပဲ Vernoica ရုပ်ရှင်ဟာလည်း လက်ရှိလောကကနေ အမှောင်ဘက်ခြမ်းဆီ ဖွင့်လိုက်မိတဲ့ တံခါးတချပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခြောက်လှန့်မှုတွေကို တွေ့မြင်ကြရမှာပါ။ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားတကား ဖြစ်တာကြောင့်လည်း ဆက်လက် ကြည့်ရှုဖို့ မဝံ့မရဲ ဖြစ်နေစေမှာ အမှန်ပါပဲ။
(၅) Raw (2016)
နိုင်ငံတကာမှာ အောင်မြင်မှုတွေ ရရှိထားပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်ကြိုက်သူတွေကြား နာမည်ကြီးခဲ့တဲ့ ဒီဇာတ်ကားကို စိတ်အာရုံ နောက်ကျိနေအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Ref. www.buzzfeed.com
You may also like these stories:
ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ စိတ်လှုပ်ရှားမှုတွေပေးနိုင်တဲ့ Ghoul (2018)
ဖြစ်ရပ်မှန် အကြောင်းတွေကို အခြေခံရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားများ
စိတ်ချောက်ချားမှု အပြည့်နဲ့ ကြည့်ရှုရမယ့် “Hereditary” ရုပ်ရှင်
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကို ချောက်ချားစေမယ့် “The Eyes Of My Mother”