Harper’s Bazaar China မဂ္ဂဇင်းပေါ်က အဆိုတော် Rihanna ရဲ့ ဖက်ရှင်စတိုင်ဟာ ယဉ်ကျေးမှုဆိုင်ရာ ဆီလျော်မှု ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တာကို တွေ့ရပါတယ်။
အဆိုတော် Rihanna ရဲ့ အာရှစတိုင် အသားပေးထားတဲ့ ဝတ်စုံတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအပေါ် အကောင်းအဆိုး ရောထွေးတဲ့ တုံ့ပြန်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး တချို့ကတော့ ဒါဟာ ယဉ်ကျေးမှုကို မဆီမလျော်တဲ့ ပုံစံမျိုးနဲ့ ဖျက်ဆီးလိုက်တာပဲလို့ စွပ်စွဲတာတွေလည်း ရှိခဲ့ပါတယ်။
Instagram က Harper’s Bazaar China စာမျက်နှာမှာ ဝေမျှထားတဲ့ ဓာတ်ပုံ တပုံပေါ်မှာ မှတ်ချက်လာရေးသွားသူတဦးကတော့ “ကျနော်က အာရှတိုက်သား ဖြစ်တယ်။ ဒါကိုတော့ စော်ကားလိုက်တယ်လို့ မြင်ပါတယ်”လို့ ရေးပါတယ်။ သူ့ရဲ့ပြောဆိုချက်အရ အာရှပုံစံကို ဖန်တီးချင်တယ်ဆိုရင် ဘာလို့ အာရှတိုက်သား အနုပညာရှင်လည်း မဖိတ်ကြားတာလဲ ဆိုပြီး မဂ္ဂဇင်းကို ဝေဖန်တာမျိုးလည်း ရှိခဲ့ပါတယ်။
တခြား အသုံးပြုသူတဦးကတော့ “ဒါဟာ အာရှယဉ်ကျေးမှုရဲ့ မျက်နှာကို လုံးဝ အိုးမဲ သုတ်လိုက်တာပဲ”လို့ ဆိုပါတယ်။ ဒါပေမဲ့ Rihanna ဘက်ကနေ ကာကွယ် ပြောဆိုသူတွေကတော့ အဲဒီ ဓာတ်ပုံတွေမှာ ပါဝင်တဲ့ ပုံစံဟာ ယဉ်ကျေးမှုကို တန်ဖိုးထားမှုဖြစ်တယ်လို့ ဖော်ပြရေးသားပါတယ်။
ထောက်ခံသူတဦးကတော့ “သူတို့ဟာ တရုတ် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်တွေကို အလေးအမြတ်ပြုဖို့ Rihanna ရဲ့ နာမည်ကျော်ကြားမှုကို အသုံးပြုခဲ့တာပါ။ ဒီ Instagram ဆိုက်မှာ မော်ဒယ် လုပ်နေတဲ့ တရုတ်အမျိုးသမီးတွေ ပြတ်လပ်သွားတာမျိုး မရှိပါဘူး။ စိတ်အေးအေး ထားကြပါ။ ကိုယ့်လူတို့”လို့ ဆိုပါတယ်။
ပုံစာတွေမှာတော့ Harper’s Bazaar China က အဲ့ဒီမျက်နှာဖုံးရဲ့ ရည်ရွယ်ချက်ဟာ Rihanna အတွက်တော့ အနောက်တိုင်း စတိုင်သမားတယောက်ဟာ အရှေ့တိုင်းအလှ မျက်နှာစာနဲ့ တွေ့ဆုံတဲ့ ပုံစံကို ပြသထားတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အသက် ၃၁ နှစ်အရွယ် အဆိုတော် Rihanna ကတော့ အဲ့ဒီဓာတ်ပုံတွေ ကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Ref: nydailynews
You may also like these stories:
ကုန်ပစ္စည်းနာမည်ကိစ္စနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို Rihanna တရားစွဲ
၂၀၁၉ ခုနှစ်မှာ အယ်လ်ဘမ်သစ်ဖြန့်ချိမည်ဟု Rihanna အတည်ပြု
ချစ်သူဟောင်း Rihanna ရဲ့ Sexy ပုံမှာ Comment ပေးမိလို့ ဝေဖန်ခံနေရတဲ့ Chris Brown