Sony ရဲ့ “Spider-Man: Far From Home” ရုပ်ရှင်ဟာ နိုင်ငံရပ်ခြား နယ်မြေတွေမှာတော့ ဝင်ငွေအကောင်းဆုံး ပင့်ကူလူသားရုပ်ရှင်အဖြစ် သမိုင်းမှတ်တမ်းသစ် တခုကို စိုက်ထူနိုင်လိုက်ပြီ ဖြစ်ပါတယ်။
ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသအပြီး ၁၇ ရက်အကြာမှာ စူပါဟီးရိုး စွန့်စားခန်းရုပ်ရှင်ဟာ နိုင်ငံတကာမှာ ဝင်ငွေ ဒေါ်လာ ၅၇၂ ဒဿမ ၅ သန်းရရှိခဲ့ပြီးတော့ “Spider-Man 3” ရုပ်ရှင်ရဲ့ ဒေါ်လာ ၅၅၅ သန်းနဲ့ တင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြောက်အမေရိက ပြည်တွင်းဈေးကွက် ဝင်ငွေ ဒေါ်လာ ၂၇၄ သန်းနဲ့ ပေါင်းမယ်ဆိုရင်တော့ အဲ့ဒီ ပင့်ကူလူသား ရုပ်ရှင်ဟာ ဒေါ်လာ သန်း ၈၀၀ ဝင်ငွေရခဲ့ပြီး လက်ရှိအထိတော့ ဒေါ်လာ ၈၄၇ သန်းနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။
Marvel Cinematic Universe ရဲ့ ၂၃ ကားမြောက် ရုပ်ရှင်ဟာ အီတလီမှာ ပွဲဦးထွက်ပြသချိန်မှာ ဒေါ်လာ ၆ သန်းရရှိမှု အပါအဝင် ဈေးကွက် ၆၇ ခုမှာ ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ထပ်မံရရှိထားပါတယ်။ Disney ရဲ့ ကာတွန်းရုပ်ရှင်ကို ပြန်လည် အသက်သွင်းထားတဲ့ “The Lion King” ရုပ်ရှင်ကတော့ တရုတ်နိုင်ငံမှာ ရုံတင်ခဲ့ပြီး ဝင်ငွေ ၅၄ ဒဿမ ၇ သန်းရရှိခဲ့တာ တွေ့ရပါတယ်။
အဲ့ဒီ စာရင်းအရဆိုရင် Diseny ကနေ ရုံတင်ခဲ့တဲ့ “The Jungle Book”၊ “Beauty and the Beast” နဲ့ “Aladdin” ရုပ်ရှင်တို့ရဲ့ ဝင်ငွေထက် ကျော်လွန်သွားခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ဟာ မြောက်အမေရိက ဈေးကွက်မှာလည်း ပြသနေပြီး လာမယ့် သီတင်းပတ်ကုန် ပိုင်းကစလို့ ကျန်ရှိတဲ့ ဈေးကွက်အ များစုမှာလည်း ပွဲဦးထွက် ပြသတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာပဲ စတင်ပြသခဲ့တဲ့ နောက်ထပ် ရုပ်ရှင်တကားကတော့ Paramount ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Crawl” ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ပေါင်း ၂၀ မှာ ဝင်ငွေ ဒေါ်လာ ၄ ဒဿမ ၈ သန်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသမှာတော့ ဒေါ်လာ ၁ ဒဿမ ၄ သန်းနဲ့ ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာလည်း ဝင်ငွေကောင်းခဲ့တာ တွေ့ရပါတယ်။
Warner Bros. ရဲ့ သဘာဝလွန် သည်းထိတ်ရင်ဖိုရုပ်ရှင် “Annabelle Comes Home” ကတော့ နိုင်ငံတကာ ဈေးကွက် ၇၈ ခုမှာ ဒေါ်လာ ၁၈ သန်း ရရှိခဲ့ပါတယ်။ အခုအထိဆိုရင် ဝင်ငွေ ဒေါ်လာ ၁၇၃ သန်းရရှိထားပြီ ဖြစ်ပါတယ်။
Universal နဲ့ Illuminations တို့ရဲ့ “The Secret Life of Pets 2” ရုပ်ရှင်ဟာ ဈေးကွက် ၆၆ ခုမှာ ဝင်ငွေဒေါ်လာ ၁၄ သန်းရရှိခဲ့ပြီး စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၂၉၈ သန်း ရရှိထားပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အရင်ရုပ်ရှင်ဖြစ်တဲ့ “The Secret Life of Pets” က ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၈၇၅ သန်းရရှိခဲ့တာမို့လို့ ပထမစံချိန်ကို လိုက်မီနိုင်ဖို့ အတော်လေး ကွာဟနေတာကို တွေ့ရပါတယ်။
Ref: variety
You may also like these stories:
ခန့်မှန်းထားတာထက် ဝင်ငွေ ပိုရပြီး စံချိန်တင်ခဲ့တဲ့ “Spider-Man: Far From Home” ရုပ်ရှင်
တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တဲ့ “Spider-Man: Far From Home”
အသစ်ထွက်လာမယ့် ‘Spider-Man’ ရုပ်ရှင်မှာ ဗီလိန်အဖြစ် ပါဝင်ထားတဲ့ Jake Gyllenhaal
Iron Man ကို ပြန်အသက်သွင်းပေးရန် Marvel ပရိသတ်များ တောင်းဆို