James Bond ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အများကြီး ထွက်ပေါ်နေတဲ့ အထဲကမှ လူမည်းအမျိူးသမီး James Bond ဖြစ်နိုင်ချေ ရှိတယ်ဆိုတဲ့ သတင်းက နာမည်အကြီးဆုံး ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၂ လခန့်က ထွက်ရှိခဲ့တဲ့ Captain Marvel ရုပ်ရှင်ဇာတ်ကားမှာ Captain Marvel ရဲ့ သူငယ်ချင်းအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး Lashana Lynch ကို အမျိုးသမီး 007 အဖြစ် တွေ့ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ James Bond အနေနဲ့ တွေ့ရမှာမျိုးတော့ မဟုတ်ပေမယ့် MI6 ကနေ အနားယူသွားတဲ့ James Bond အစား ဝင်လာမယ့် အမျိုးသမီး အဖြစ်တွေ့မြင်ရမှာပါ။
တာဝန်ရှိသူ တဦးကတော့ “ရုပ်ရှင်ရဲ့ အခရာကျတဲ့ နေရာဖြစ်တဲ့ ဇာတ်လမ်းအစမှာ 007 အသစ်ကို မြင်တွေ့ရမှာ ဖြစ်ပြီး 007 ဟာ လှပကျော့ရှင်းတဲ့ လူမည်းအမျိုးသမီးကို တွေ့မြင်ရမှာပါ။ ဟာခနဲ ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ James Bond က James Bond အတိုင်းရှိနေပေမယ့် 007 ကို အမျိုးသမီး အဖြစ်မြင်ရမှာပါ”လို့ ပြောပါတယ်။
၂၅ ကားမြောက် ရုပ်ရှင်အဖြစ် ထွက်ရှိလာမယ့် ဒီရုပ်ရှင်အကြောင်းကို သေသေချာချာ မသိရသေးပေမယ့် ၂၀၂၀ ပြည့်နှစ်ထဲမှာ ရုံတင်သွားဖို့ ရှိနေပါတယ်။ Disney က ထွက်ရှိမယ့် “Little Mermaid” ရုပ်ရှင်ဇာတ်ကားမှာလည်း လူမည်း ရေသူမကို အသုံးပြုသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိပြီးနောက်မှာ အခုလို လူမည်းအမျိုးသမီး James Bond အကြောင်း ကောလာဟလတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
လူမျိုးရေး ခွဲခြားမှုတွေ မရှိအောင် ပြုလုပ်နေတယ်လို့ ပြန်လည် ဖြေရှင်းတာတွေ ရှိနေပေမယ့် သမိုင်းတလျှောက် နာမည်ကြီးခဲ့တဲ့ ဇာတ်ကောင်တွေနေရာမှာ လူမည်းတွေ အလွန်အမင်း သုံးနေတာမျိုးကိုတော့ ဟောလိဝုဒ် အနေနဲ့ ဝေဖန်ခံနေရပါတယ်။ လူမည်းတွေ အနေနဲ့လည်း အခုလို ပြုလုပ်နေတာကို အပို ပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းကို ဗီဒီယိုတွေ ရိုက်ကူးပြီး လှောင်ပြောင်နေတာကို တွေ့ရပါတယ်။
Ref. comicbook.com
You May Also Like These Stories:
ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် Tom Hardy ကို သရုပ်ဆောင်စေချင်တဲ့ မင်းသား Pierce Brosnan
ဂျိမ်းစ်ဘွန်းနေရာမှာ ဘယ်တော့မှ အမျိုးသမီး ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြောကြား