Entertainment

"သရုပ်ဆောင်ပိုး ပေါ်လာရင် မျိုသိပ်ထားရတယ်"လို့ ပန်းဖြူ ပြော

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်ဇာတ်ကားများကို အချိန်ကာလ အတော်ကြာ ရိုက်ကူးမှု မလုပ်တာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ ပန်းဖြူကတော့ သရုပ်ဆောင် မလုပ်တော့တဲ့အတွက် သရုပ်ဆောင်ချင်တဲ့ပိုး ပေါ်လာရင် မျိုသိပ်ထားရတယ်လို့ ပြောပါတယ်။

“ရုပ်ရှင် ပြန်ရိုက်ဖို့တော့ အစီအစဉ် မရှိပါဘူး။ ကျမ အမျိုးသားရဲ့ အလုပ်တွေကိုပဲ ဝိုင်းကူ လုပ်ပေးနေတာပါ။ သူ့ရဲ့ ကားထဲထည့်တဲ့ ဆီသန့်ဆေးတို့ ဘာတို့ သွင်းတာတွေ ရှိတယ်။ အဲဒါတွေကိုပဲ သူ့ကို ဝိုင်းကူ လုပ်ပေးတာပါ။ ပိုးက ပေါ်လာရင်လည်း ပေါ်လာမှာပေါ့။ မျိုသိပ် ထားရမှာပေါ့”လို့ ပန်းဖြူက ပြောပါတယ်။

ပန်းဖြူတို့ ခေတ်က ဖြတ်သန်းခဲ့တဲ့ ခေတ်ဟာ ဖလင်ခေတ် ဖြစ်ခဲ့တဲ့အတွက် စိတ်ဖိစီးမှု များစွာဖြစ်ခဲ့ပြီး ယနေ့ခေတ် လူငယ်တွေကတော့ လွတ်လွတ်လပ်လပ် သရုပ်ဆောင်နိုင်ကြတယ်လို့ ပြောပါတယ်။

“ကျမတို့တုန်းကဆိုရင် ဖိစီးမှု များသလိုပဲ။ အခုခေတ်ကလေးတွေ သရုပ်ဆောင်ရတာ အရမ်း လွတ်လပ်တယ်။ ကျမတို့ ခေတ်က ဖလင်နဲ့ လုပ်ကြရတာဆိုတော့ ဖလင်ရဲ့ ကုန်ကျစရိတ်ကလည်း ကြီးမားတယ်။ အဲ့အပေါ်မှာလည်း စိတ်ဖိစီးမှုတွေ ရှိတယ်။ အခုကျတော့ လွတ်လွတ်လပ်လပ် သရုပ်ဆောင်လို့ရတော့ သူတို့လေးတွေ သရုပ်ဆောင်တာလည်း အရမ်းကောင်းတယ်”လို့ ပန်းဖြူက ပြောပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကားများ နိုင်ငံတကာမှာ သွားရောက် ပြသခွင့် ရတဲ့အပေါ်မှာ “မြန်မာရုပ်ရှင်ကား သရုပ်ဆောင်မှုတွေကို ဒီနိုင်ငံတကာက မြင်တွေ့ခွင့်ရတယ်ဆိုတာ ကျမတို့အတွက် ဂုဏ်ယူစရာပေါ့။ အနုပညာလောကအတွက်လည်း ခြေလှမ်းအသစ်တွေ ဖြစ်တာပေါ့။ ကောင်းပါတယ်”လို့ ပန်းဖြူက ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လောကဟာ အရင်ကနဲ့ မတူတော့ဘဲ ရုံ အပြိုင်အဆိုင် တင်မှုများ၊ တခြားသော ပြိုင်ဆိုင်မှုများနဲ့ ပြည့်နက်နေပြီး အဆိုပါ အကြောင်းအရာများကိုတော့ ကောင်းတဲ့ တိုးတက်မှုတွေ ဖြစ်တယ်လို့ ပန်းဖြူက ဆိုပါတယ်။

“ကောင်းတဲ့ဘက်ကနေ တွေးရင် တိုးတက်မှုလို့ပဲ မြင်ပါတယ်။ ဆုတ်ယုတ်မှုကတော့ အခုထိ မတွေ့သေးဘူး။ အပြိုင်အဆိုတွေ ရှိလာတဲ့အပေါ်မှာ ဆုတ်ယုတ်မှုလို့ ပြောချင်ပြောကြမယ်ပေါ့။ ဒါပေမဲ့ အပြိုင်အဆိုင်တွေက ကောင်းသော ပြိုင်ဆိုင်ခြင်းတွေပေါ့။ ကျမကတော့ အားပေးတယ်” လို့ ပန်းဖြူကပြောပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ပန်းဖြူကတော့ အနုပညာလောကထဲက အနားယူခဲ့ပြီး နောက်ပိုင်း Body Shamimg လုပ်ခံရတဲ့ အကြောင်း ရိုက်ကူးထားတဲ့ “ဂယက်တွေ ပါဟယ်” ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

You may also like these stories:

အနုပညာနဲ့ ပတ်သက်ရင် အိုက်တင်တွေပဲ လုပ်ချင်နေတဲ့ ဆုပန်ထွာ

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး

Did you find apk for android? You can find new Free Android Games and apps.
Loading