“The Little Mermaid” ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားတွေကဟာ မင်းသား Eric နေရာမှာ သရုပ်ဆောင်ဖို့ တက်သစ်စ လူငယ်တဦးကို ရှာဖွေနေတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ အဆိုတော်၊ မင်းသား Harry Styles ဟာ Disney ရဲ့ ရေအောက် စွန့်စားခန်းရုပ်ရှင်မှာ Prince Eric အဖြစ် သရုပ်ဆောင်ဖို့ ကနဦးဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
One Direction အဖွဲ့ဝင်ဟောင်း Harry ဟာ ၂၀၁၇ ခုနှစ်တုန်းက “Dunkirk” ရုပ်ရှင်မှာ ပွဲဦးထွက် ပါဝင်ခဲ့ပြီးနောက် သူ့ရဲ့ အနုပညာ သရုပ်ဆောင်မှုနဲ့ ပတ်သက်လို့ အကောင်းမြင် မှတ်ချက် ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အသံစွမ်းရည်နဲ့ ရုပ်ရည်ချောမောမှုတို့ဟာ “The Little Mermaid” ရုပ်ရှင်ထဲက ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတယ်လို့လည်း ဆိုပါတယ်။
Chloe x Halle အဖွဲ့မှ အဆိုတော် Halle Bailey ကတော့ အဓိကဇာတ်ဆောင် ရေသူမလေး Ariel အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါမယ်။ မင်းသမီး Melissa McCarthy ကတော့ ဗီလိန် ရေဘဝဲစုန်းမကြီး Ursula အဖြစ် သရုပ်ဆောင်မယ်လို့ ကောလာဟလ ထွက်နေပါတယ်။
ကနေဒါ မင်းသား Jacob Tremblay ကတော့ ငါးလေး Flounder အဖြစ် သရုပ်ဆောင်မယ်လို့ ယူဆရပြီး “Crazy Rich Asians” ရုပ်ရှင်စတား Awkwafina ကတော့ ဝံပိုငှက် Scuttle အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေပါတယ်။ ကဏန်းလေး Sebastian နဲ့ ဘုရင် Triton နေရာမှာ သရုပ်ဆောင်ဖို့ အခုထိတော့ လူမရွေးရသေးဘူးလို့လည်း သိရပါတယ်။
ကာတွန်းရုပ်ရှင်ကနေ လူသား သရုပ်ဆောင်တွေနဲ့ ပြန်ဖန်တီးမယ့် “The Little Mermaid” ရုပ်ရှင်ကို ဒါရိုက်တာ Rob Marshall က ရိုက်ကူးမှာ ဖြစ်ပါတယ်။ “Moana” ရုပ်ရှင်တွေ သီချင်းတွေကို Lin-Manuel Miranda ကတော့ အခုရုပ်ရှင်အတွက် Alan Menken နဲ့အတူ သီချင်းတွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကိုတော့ လာမယ့် အစောပိုင်းမှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။ မိန်းကလေး ပရိသတ်တွေရဲ့ တောင်းဆိုမှုထဲမှာတော့ Prince Eric အဖြစ် BTS အဖွဲ့ဝင် Jimin ကိုလည်း သရုပ်ဆောင်စေချင်တယ်လို့ တွေ့ရပါတယ်။
Ref: etcanada