၂၀ ရာစုရဲ့ “Rock and Roll ဘုရင်”လို့ တင်စားခြင်း ခံရသူ Elvis Presley ရဲ့ အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်စာရင်း ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသား Austin Butler က Presley ရဲ့ နေရာမှာ သရုပ်ဆောင်မှာ ဖြစ်ပြီး Austin Butler ဟာ အမေရိကန် ရုပ်သံကွန်ရက် ဖြစ်တဲ့ Nickelodeon နဲ့ Disney တို့မှာ သရုပ်ဆောင်ဖူးခဲ့သူ ဖြစ်ပါတယ်။
ဒီ အတ္ထုပတ္တိကို ရိုက်ကူးမယ့် ဒါရိုက်တာဖြစ်သူ Baz Luhrmann က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ Presley ပုံနဲ့ မင်းသားဖြစ်သူ Austin Butler ရဲ့ ပုံတို့ကို ယှဉ်တွဲဖော်ပြထားပါတယ်။
“ကျနော့်အနေနဲ့ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ဆိုတာ အရမ်း ကြီးလေးတဲ့ တာဝန်ကို ခေါင်းပေါ် ထမ်းထားရသလိုပါပဲ။ မင်းသား ရွေးချယ်တဲ့ နေရာမှာလည်း အများကြီး စဉ်းစားပြီးမှ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်”လို့ ဒါရိုက်တာ Baz Luhrmann က Deadline မီဒီယာကို ပြောပါတယ်။
Presley ရဲ့ မန်နေဂျာဖြစ်သူ Tom Parker ရဲ့ နေရာမှာတော့ မင်းသားကြီး Tom Hank ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Austin Butler ဟာ မကြာခင်မှာ ထွက်ရှိလာတော့မယ့် “Once Upon a Time in Hollywood” ရုပ်ရှင်မှာ မင်းသားကြီးတွေ ဖြစ်တဲ့ Leonardo DiCaprio ၊ ဘရက်ပစ်တို့နဲ့ တွဲဖက် သရုပ်ဆောင်ထားပြီး Entertainment Tonight သတင်းရဲ့ ဖော်ပြချက်အရ သူဟာ Presley ရဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ အခြားနာမည်ကြီး မင်းသားတွေကို ကျော်လွန်ပြီး ရွေးချယ်ခံခဲ့ရတာလို့ သိရပါတယ်။
မင်းသား Austin Butler ဟာ ကလေးအရွယ်ကတည်းက Disney နဲ့ Nickelodeon တို့မှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့သူ ဖြစ်ပြီး အခုလို Presley နေရာမှာ သရုပ်ဆောင်ရမယ်ဆိုတဲ့ သတင်းထွက်ရှိလာပြီး နောက်မှာ သူ့ရဲ့ ချစ်သူ ဖြစ်တဲ့ မင်းသမီး Vanessa Hudgens ကလည်း အရမ်းကို ဝမ်းသာပျော်ရွင်နေတယ်လို့ သိရပါတယ်။
Ref. www.cbsnews.com
You May Also Like This Story:
အဆိုတော်ကြီး အဲဗစ်ပရက်စလေရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် သရုပ်ဆောင်ရွေးချယ်နေပြီဖြစ်