• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သမီးဖြစ်သူကို အနုပညာလောကထဲ မဝင်စေချင်တဲ့ မင်းသားကြီး Simon Yam

by မစ်ကီ
18 July 2019
in Entertainment
A A
မင်းသားကြီး Simon Yam ၊ သမီးဖြစ်သူ Ella Yam

မင်းသားကြီး Simon Yam ၊ သမီးဖြစ်သူ Ella Yam

11.6k
VIEWS
Share on FacebookShare on Twitter

ဟောင်ကောင်မင်းသားကြီး Simon Yam ရဲ့ သမီး Ella Yam ဟာ မကြာသေးခင်တုန်းကပဲ Vogue Taiwan အတွက် ဓာတ်ပုံရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေကို ထုတ်ပြလိုက်ပါတယ်။ အခုလို အနုပညာ ခြေလှမ်းတခုကို စတင်လိုက်ပေမယ့် သူ့ရဲ့ဖခင်ဖြစ်သူကတော့ သိပ်သဘောတွေ့ပုံ မရပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ “Little Q” လို့ အမည်ရတဲ့ ဟောင်ကောင်ရုပ်ရှင် အထူးပွဲမှာ ဝါရင့်မင်းသားကြီး Simon က အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူအတွက် ပျော်ရွှင်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
766
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
519

“သမီးက သူ့ရဲ့အမေ့ ခြေရာ မီတယ်။ ကျနော့် ခြေထောက်တွေ ထက်တောင် သူက ရှည်တယ်။ ဒါပေမဲ့ သူ့ကို ရုပ်ရှင်ရိုက်ဖို့ ကျနော် မတိုက်တွန်းဘူး။ ဘာကြောင့်လဲဆိုတော့ အမြဲ ဗိုက်ဆာနေပြီး အိပ်ရာ ထနောက်ကျတတ်တဲ့ မိန်းကလေး တယောက်အတွက် အဲ့ဒါက အဆင်မပြေလို့လေ။ မိသားစုထဲမှာ ကျနော်တယောက်တည်း သရုပ်ဆောင်လုပ်တာပါ။ အဲ့ဒါဆို လုံလောက်ပါပြီ။ ကျနော်နဲ့ သူက အချိန်ပိုကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ အသက် ၆၄ နှစ်အရွယ် မင်းသားကြီးက Simon က ပြောပါတယ်။

သမီးဖြစ်သူအတွက် လက်ရှိအချိန်မှာ မော်ဒယ်အလုပ်က အဆင်ပြေတယ်လို့ ဆိုနိုင်ပေမယ့် အချိန်ပြည့် မော်ဒယ်လုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အခုဆိုရင် Ella ဟာ Weibo အကောင့်ဖွင့်လိုက်တာနဲ့ ပတ်သက်လို့တော့ အခုရက်ပိုင်း အလုပ်များနေလို့ သမီးဖြစ်သူနဲ့ စကားသိပ်မပြောရသေးတာကြောင့် မသိသေးဘူးလို့ ပြောပါတယ်။

အဲ့ဒီရုပ်ရှင် အထူးပွဲကို မင်းသားကြီးနဲ့အတူ သမီးဖြစ်သူ Ella အပြင် မိခင် စူပါမော်ဒယ် Qi Qi တို့လည်း တက်ရောက်ခဲ့ပါတယ်။ အခု တပတ်အတွင်းမှာပဲ Ella ဟာ သူ့ရဲ့ကိုယ်ပိုင်အကောင့်ကို ဆောက်ခဲ့ပြီးတော့ Vogue Taiwan အတွက် မော်ဒယ်အနေနဲ့ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ကို ဝေမျှခဲ့ပါတယ်။

အရပ် ၁၈၀ စင်တီမီတာ (အရပ် ၅ ပေ ၉ လက်မ) ရှည်တဲ့ Ella ဟာ သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်ကို အသားပေးတဲ့ ပုံစံကို ပြသထားပါတယ်။ Weibo အသုံးပြုသူတွေကတော့ သူ့ရဲ့ ပုံစံကို အကြိုက်တွေ့ခဲ့ကြပြီး “နတ်သမီးလေး” ဆိုပြီး တင်စားပြောဆိုခဲ့ကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ Ella ဟာ ပြီးခဲ့တဲ့လမှာ ထွက်ခဲ့တဲ့ Cosmopolitan Hong Kong မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်ဖြစ်ခဲ့ပြီး အဲ့ဒီနေရာမှာ ပါဝင်ခဲ့တဲ့ အသက် အငယ်ဆုံး မော်ဒယ်အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

Ref:asiaone

You may also like these stories:

မွေးနေ့မှာ Weibo အကောင့်ကို သုံးခဲ့တဲ့ မင်းသမီး Fan Bingbing

ခင်ပွန်းသည်နဲ့ ကွာရှင်းထားတယ်လို့ သတင်းထွက်နေတဲ့ မင်းသမီး ပတ်ချေရင်း

One Direction ပြန်လည်ပေါင်းစည်းနိုင်မည်ဟု Simon Cowell ခန့်မှန်း

Your Thoughts …
Tags: Ella YamSimon Yamဟောင်ကောင်မင်းသားကြီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဟောင်ကောင် မင်းသားကြီး Simon Yam

မင်းသား Simon Yam ဆေးရုံဆင်းလာပြီ ဖြစ်ပေမယ့် ပရိသတ်ရှေ့ ပြန်လာဖို့ အစီအစဉ် မရှိသေး

by မစ်ကီ
25 July 2019
5k

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ မင်းသား Yam ကို ဓားနဲ့ ထိုးပြီး လက်ကို ဓားနဲ့ ခုတ်ခဲ့တဲ့ အမျိုးသားကတော့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
Xiaomi Mi A3 ဖုန်း

အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာတဲ့ Xiaomi Mi A3 ဖုန်းကို မိတ်ဆက်

"Titanic" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း

"Titanic" ရုပ်ရှင်မှာ ဂျက်ခ် သေဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း ငြင်းခုံကြတဲ့ သရုပ်ဆောင်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate