နိုင်ငံတကာမှာ ကျော်ကြားအောင်မြင်နေကြတဲ့ နာမည်ကျော်အဆိုတော်တချို့ဟာ အဆိုပြိုင်ပွဲတွေကနေတဆင့် သူတို့ရဲ့ အိပ်မက်တွေကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ သူတို့တွေထဲက တချို့ပဲဖြစ်ပါတယ်။
(၁) Adam Lambert
နာမည်ကျော်အဆိုတော်တဦးဖြစ်တဲ့ Adam Lambert ဟာဆိုရင်တော့ ၂၀၀၉ ခုနှစ်ရဲ့ American Idol ပြိုင်ပွဲမှာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပေမယ့် သူ့ရဲ့ပထမဦးဆုံး album ဖြစ်တဲ့ “For Your Entertainment” Album ကတော့ အချပ်ရေ ၅ သန်းကျော်အထိရောင်းရကာ စံချိန်တင်နိုင်ခဲ့ပါတယ်။
(၂) Justin Timberlake
နာမည်ကြီးအဆိုတော်တဦးဖြစ်တဲ့ Justin Timberlake ဟာဆိုရင်လည်း ၁၉၉၂ ခုနှစ်တုန်းက Star search ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ခြင်းမရှိပေမယ့် “Cry Me A River”, “SexyBack”, “Rock Your Body” စတဲ့ သီချင်းတွေနဲ့ လူသိများအောင်မြင်ကျော်ကြားခဲ့ပါတယ်။
(၃) Leona Lewis
Leona Lewis ဟာဆိုရင်တော့ ၂၀၀၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ The X Factor UK ရဲ့ season 3 မှာ အနိုင်ရရှိခဲ့ပြီး သူမရဲ့ “Bleeding love”, “Better in Time” သီချင်းတွေဟာဆိုရင် နိုင်ငံတကာအထိ ပေါက်ရောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
(၄) One Direction
မိန်းကလေးတွေရဲ့ အသည်းစွဲ အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ One Direction ဟာဆိုရင်လည်း The X Factor UK ကနေ တက်လာခဲ့တာဖြစ်ပြီး ဒိုင်တွေက ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ Harry, Louis, Niall, Liam နဲ့ Zayn တို့ကို အဖွဲ့တခုအဖြစ် ဖန်တီးပြီး တွဲဖက်သီဆိုစေခဲ့တာဖြစ်ပါတယ်။
(၅) Kelly Clarkson
Kelly Clarkson ကတော့ ၂၀၀၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ American Idol မှာ winner ဖြစ်ခဲ့သူတဦးဖြစ်ပြီး “Breakaway”, “Stronger” နဲ့ “Because of you” စတဲ့ သီချင်းတွေနဲ့ နိုင်ငံတကာအထိပါ အောင်မြင်ကျော်ကြားခဲ့သူတဦးဖြစ်ပါတယ်။
Ref. planetradio.co.uk