အတိတ်ကိုပြန်သွားပြီး အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားမယ့် “The 100th Love With You”
အတိတ်ကိုပြန်သွားနိုင်တဲ့ Time Travel အကြောင်းကို ရိုက်ကူးထားပြီး မင်းသမီး Miwa နဲ့ မင်းသား Kentaro Sakaguchi တို့ခေါင်းဆောင်ပါဝင်ထားတဲ့ “The 100th Love With You” ဂျပန်ဇာတ်ကားဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားကောင်းတကားပါ။ Rating မှာလည်း IMDb 6.7 ရရှိ ထားပါတယ်။
Aoi နဲ့ Riku တို့ဟာ ငယ်ငယ်လေးတည်းက ငယ်သူငယ်ချင်းတွေဖြစ်ပြီး တယောက်နဲ့တယောက်မေတ္တာမျှနေ ကြပေမယ့် ထုတ်ဖော်ဝန်မခံထားကြပါဘူး။ တက္ကသိုလ်ကျောင်းသားဘဝမှာ သူတို့နှစ်ယောက်ဝါသနာပါတဲ့ ဂီတ ကိုလုပ်ဖို့ တခြားသူငယ်ချင်းသုံးယောက်နဲ့ ဂီတအဖွဲ့လေးဖွဲ့ထားပြီး မြို့ရဲ့ဂီတပွဲတော်မှာ ပါဝင်ဖို့ လေ့ကျင့်နေခဲ့ကြ ပါတယ်။
အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ Riku ကို သူငယ်ချင်းသံယောဇဉ်ကနေ ချစ်သူအဖြစ် ဖွင့် ပြောဖို့ ကြိုစားနေစဉ်မှာ မထင်မှတ်ဘဲ အဖွဲ့ထဲက တဖက်သတ်ကြိုက်နေခဲ့တဲ့ ကောင်လေး Naoya က Aoi ကို ဖွင့်ပြောမိသွားခဲ့ပါတယ်။ နှစ်ဦးကြားမှာ ဗျာများနေတဲ့ Aoi ကို သူ့ရဲ့သူငယ်ချင်းမလေး Rina ( Naoya ကို တ ဖက်သတ်ကြိုက်နေသူလေး) ကပါ အထင်လွဲသွားခဲ့ပြန်ပါတယ်။
ဖျော်ဖြေဖို့ လေ့ကျင့်နေစဉ်မှာ အဆင်ပြေခဲ့သလောက် တကယ့်ဖျော်ဖြေပွဲကြီးမှာတော့ Aoi ကြောက်ပြီး ဆက်မဆိုနိုင်ခဲ့ဘဲ ပွဲပျက်ခဲ့ရပါတယ်။ စိတ်ညစ်ညစ်နဲ့ထွက်ပြေးလာတဲ့ Aoi ဟာ လမ်းပေါ်မှာ ပစ္စည်းတခုကောက်ရင်း ကားတိုက်ခံလိုက်ရပါတယ်။ ဒါပေမယ့် သူသတိရတဲ့အချိန်မှာ ဖျော်ဖြေပွဲမစခင် ကျောင်းစာသင်ခန်းထဲမှာ စာ သင်နေတဲ့အတိတ်ကို ပြန်ရောက်နေပါတယ်။
အိပ်မက်လိုလို၊ တကယ်ဖြစ်ခဲ့သလို ဇဝေဇဝါဖြစ်နေရာက ရှေ့ဆက်ဖြစ်တဲ့အဖြစ်အပျက်တွေက သူအိပ်မက်ထဲ ကအတိုင်းဖြစ်လာတဲ့အခါ အံ့သြသွားပါတော့တယ်။ တိုက်ဆိုင်မှုတွေကို တခြားသူတွေကို ပြောပြပေမယ့် ဘယ် သူမှမယုံဘဲ ထူးထူးခြားခြား ငယ်သူငယ်ချင်း Riku က လက်ခံပေးပြီး အတိတ်ကို ပြန်သွားနိုင်တဲ့ ဓာတ်ပြား နဲ့ဖွင့်စက်အကြောင်းကို ပြောပြပါတော့တယ်။
ဒီတော့မှ သူဖြစ်ပျက်ခဲ့တာတွေ တကယ်ဖြစ်ပြီး အနာဂတ်ကနေ အတိတ်ကိုပြန်ရောက်လာတယ်ဆိုတာ နား လည်သွားသလို ဘာကြောင့် Riku တယောက် အရာရာကိုကြိုမြင်ပြီး တည်တည်ငြိမ်ငြိမ်ဆုံးဖြတ်နိုင်တယ်ဆို တာကိုပါ သိလာပါတော့တယ်။
ဒါပေမယ့် Riku တယောက် အတိတ်ကို ခဏခဏပြန်သွားနေရတဲ့ နောက် ကွယ်က အကြောင်းရင်းကို Aoi သိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊ Riku ကရော ဘယ်လိုအကြောင်း တွေရှိလို့ အတိတ်ကို ခဏခဏပြန်သွားနေရတာလဲဆိုတဲ့ အဖြေကို “The 100th Love With You” ဇာတ်သိမ်းပိုင်းလေးမှာ ပရိသတ်တွေ တွေ့ရှိသွားကြမှာပါ။
You may also like these stories:
“Titanic” ရုပ်ရှင်မှာ ဂျက်ခ် သေဆုံးခဲ့တဲ့ ဇာတ်ဝင်ခန်းအကြောင်း ငြင်းခုံကြတဲ့ သရုပ်ဆောင်များ
Coachella ပွဲတော်ကြီးမှာ အောင်မြင်မှု စိုက်ထူနိုင်ခဲ့တဲ့ BlackPink
“ပရိသတ်ကြိုက်မယ့် ဇာတ်ကားမျိုးဆိုရင် Boy Love ဇာတ်ကားလည်း ရိုက်မယ်”လို့ ကောင်းမြတ်စံ ပြော
ဟာသနဲ့ သရဲကား ကြိုက်သူတွေအတွက် Horror Comedy ရုပ်ရှင် “ခေါ်သံ”