• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုယ်စား စတန့်သမား ဒဏ်ရာ ရရှိသွားတာကြောင့် မျက်ရည်ကျမတတ် ဝမ်းနည်းခဲ့ရတဲ့ Vin Diesel

by မစ်ကီ
24 July 2019
in Entertainment
A A
မင်းသား Vin Diesel

မင်းသား Vin Diesel

7.3k
VIEWS
Share on FacebookShare on Twitter

မင်းသား Vin Diesel ဟာ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက “Fast and Furious 9” ရုပ်ရှင် ရိုက်ကွင်းမှာ သူ့ရဲ့ ကိုယ်စား စတန့်သမား ပြုတ်ကျလို့ ဒဏ်ရာရရှိခဲ့ပြီးနောက် မျက်ရည်ကျမတတ် ဖြစ်ခဲ့ရတယ် ဆိုပါတယ်။

Daily Mail Online သတင်းရဲ့အဆိုအရ စတန့်သမား Joe Watts ဆိုသူဟာ အဲ့ဒီနေ့ နေ့လယ်ပိုင်းတုန်းက အင်္ဂလန်နိုင်ငံ တောင်ပိုင်း၊ Hertfordshire အရပ်၊ Leavesden မြို့မှာရှိတဲ့ Warner Bros စတူဒီယိုမှ ပေ ၃၀ အမြင့်ကနေ ပြုတ်ကျခဲ့လို့ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
254

အဆိုပါ ဗြိတိသျှလူမျိုး စတန့်သမားဟာ “Game of Thrones”၊ “Kingsman: The Golden Circle”၊ “Spider-Man: Far From Home” တို့လိုမျိုး စီးရီးနဲ့ ရုပ်ရှင်တွေမှာ အလုပ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မင်းသား Diesel ဟာ စတန့်သမား Watts ဦးခေါင်းနဲ့ ပြုတ်ကျတာကို မျက်မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်ဟာ သူ့နေရာမှာ Watts က ကိုယ်စားဝင်ရောက် သရုပ်ဆောင်နေချိန်လည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တခုက “စတန့်သမားဟာ အနည်းဆုံး ပေ ၃၀ လောက်ရှိတဲ့ နေရာကနေ ပြုတ်ကျခဲ့ပါတယ်။ အဲ့ဒီနောက် မင်းသား Vin Diesel ကို ရိုက်ကွင်းပေါ်မှာ စက္ကန့်ပိုင်းလောက်တွေ့ခဲ့ရပါတယ်။ သူဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး တကယ့်ကို တုန်လှုပ်သွားခဲ့ပါတယ်။ မျက်ရည်မကျအောင် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ခဲ့ပါတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာ သူမြင်တွေ့ခဲ့ရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်ကြောင့် ရိုက်ကူးရေးကို ရုတ်တရက် ရပ်နားလိုက်ရပြီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေဟာ ထိတ်လန့် တုန်လှုပ်မှုတွေနဲ့ အိမ်ပြန်ခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ Warner Bros စတူဒီယိုကတော့ အမျိုးသားတဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ တော်ဝင်လန်ဒန် ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုလို ပြုတ်ကျမှုဟာ ရိုက်ကွင်းမှာ မွန်းတည့် မတိုင်မီ အချိန် ဖြစ်ခဲ့တာဖြစ်ပြီး Hertfordshire ရဲတပ်ဖွဲ့ကတော့ အဲ့ဒီဖြစ်ရပ်နောက်ပိုင်း မွန်းတည့် မတိုင်မီလေးမှာပဲ အကြောင်းကြားချက်ကို လက်ခံရရှိလို့ ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီရိုက်ကွင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသား တယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ လေကြောင်းအရေးပေါ်ယာဉ်လည်း ရောက်လာခဲ့ပြီး ကူညီပေးဖို့နဲ့ ကနဦး မေးမြန်းတာတွေလုပ်ဆောင်ဖို့ ရဲအရာရှိတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။

မင်းသား Diesel ဟာ အရင်တုန်းကလည်း အခုလိုမျိုး ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရဖူးသူ ဖြစ်ပါတယ်။ သူ့ကိုယ်စား စတန့်သမား Harry O’Connor ဟာ ၂၀၀၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “xXx” ရုပ်ရှင်အတွက် Prague မြို့က ရိုက်ကွင်းမှာ မင်းသားနေရာမှာ သရုပ်ဆောင်နေတုန်း သေဆုံးခဲ့ရဖူးပါတယ်။

ဒါ့အပြင် “Fast and Furious” ရုပ်ရှင်မှာ တွဲဖက် ပါဝင်တဲ့ မင်းသား Paul Walker ဟာလည်း ၂၀၁၃ ခုနှစ်တုန်းက ရိုက်ကူးရေး အပြန်လမ်းမှာ ကားတိုက်မိပြီး ကွယ်လွန်ခဲ့ရပါတယ်။ “Fast and Furious” ရုပ်ရှင်ဟာဆိုရင် ကမ္ဘာတဝှမ်းမှာ အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာနိုင်ငံက မင်းသား Vin Diesel ရဲ့ ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။

Ref. aceshowbiz

You may also like these stories:

အနုပညာလောကထဲ ဝင်ရောက်ပြီး နှစ် ၃ဝ ကြာမှ ဘွဲ့ရခဲ့တဲ့ မင်းသား Vin Diesel

“xXx 4” ရုပ်ရှင်မှာ မင်းသား Vin Diesel နဲ့ အတူ ပါဝင်ဖို့ရှိနေတဲ့ ထိုင်ဝမ်အဆိုတော် Jay Chou

Your Thoughts …
Tags: Fast and FuriousVin Dieselစတန့်သမား
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသမီး Deepika Padukone

ဟောလိဝုဒ် အေဂျင်စီ ICM နဲ့ လက်မှတ် ထိုးလိုက်တဲ့ Deepika Padukone

by မစ်ကီ
25 January 2021
4.8k

“xXx” ရုပ်ရှင်နဲ့ ပထမဆုံး ပွဲဦးထွက်ခဲ့တဲ့နောက် မင်းသမီး Deepika ဟာ ဟောလိဝုဒ် ဘယ်ရုပ်ရှင်မှာမှ ပါဝင်ဖို့ လက်မှတ် ရေးထိုးတာမျိုး မရှိသေးပါဘူး။

ကွယ်လွန်သူ မင်းသား Paul Walker

မင်းသား Paul Walker ရဲ့ ကား ၂၁ စီးကို ဒေါ်လာ ၂ ဒဿမ ၃၃ သန်းနဲ့ လေလံပစ် ရောင်းချ

by မစ်ကီ
20 January 2020
4.1k

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ နှစ် ကာလလုံး မင်းသား Walker ကိုယ်တိုင် စီးနင်းခဲ့တဲ့ ကား ၁၈ စီးနဲ့ မော်တော်ဆိုင်ကယ် ၃ စီးကိုလည်း လေလံပစ်ရောင်းချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ Steven Spielberg နဲ့ မင်းသား Vin Diesel

Vin Diesel ဒါရိုက်တာ ပြန်မလုပ်ပါက ရုပ်ရှင်ရာဇဝတ်မှု ဖြစ်သွားနိုင်ကြောင်း Steven Spielberg ပြော

by မစ်ကီ
19 March 2020
5.2k

အသက် ၅၂ နှစ်အရွယ် မင်းသား Vin Diesel ဟာ "Fast & Furious" ရုပ်ရှင်တွေနဲ့ အထူး နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

“Fast & Furious” ရုပ်ရှင်စီးရီး

၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်

by မစ်ကီ
23 October 2020
29.3k

“Fast & Furious Presents: Hobbs & Shaw” လို့ နာမည်ပေးထားတဲ့ ခွဲထွက် ရုပ်ရှင်တကားကိုလည်း ပြီးခဲ့တဲ့နှစ်က ရုံတင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၇၅၉ သန်း ရရှိခဲ့ပါတယ်။

အဆိုတော် Cardi B နဲ့ မင်းသား Vin Diesel

“Fast & Furious” ရုပ်ရှင်မှာ Vin Diesel နဲ့အတူ ပါဝင်လာမယ့် အဆိုတော် Cardi B

by မစ်ကီ
23 October 2019
3.8k

အခုရုပ်ရှင် အသစ်မှာ အဆိုတော် Cardi ပါဝင်လာနိုင်ချေရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မင်းသား Diesel က အခုလိုမျိုး ကြေညာချက်သဘောမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝင်ငွေရှာပေးနိုင်မှု အများဆုံးအဖြစ်ရပ်တည်နေတဲ့ Vin Diesel, The Rock နဲ့ Gal Gadot (ဝဲမှယာ)

The Rock ထက် Vin Diesel က ဇာတ်ကားဝင်ငွေရှာပေးနိုင်မှု အများဆုံးမင်းသားအဖြစ်ရပ်တည်

by ချစ်ဖေ (တောင်တွင်းမြေ)
13 January 2018
9.3k

ကိုယ်တိုင် ပါဝင်သရုပ်ဆောင်မှုကနေ ဇာတ်ကားတွေကို ဝင်ငွေရရှိစေမှုအပိုင်းမှာ Vin နဲ့ The Rock ပြီးရင်တော့ တတိယနေရာမှာ Wonder Woman ထဲတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Gal Gadot က ရပ်တည် နေပါတယ်။

Next Post
ချမ်းမြသာစည်မြို့နယ်ရှိ တည်ဆောက်ဆဲ မိုးရေထိန်းကန် / Ye Lwin / Facebook

မန္တလေး မိုးရေထိန်းကန် သြဂုတ်လတွင် ပြီးစီးမည်

ဗီယက်နမ်နိုင်ငံ ပြည်တွင်းအီလက်ထရွန်းနစ်လုပ်ငန်း Asanzo က ထုတ်လုပ်သည့် ရုပ်မြင်သံကြားစက်များသည် တရုတ်နိုင်ငံတွင် လုံးဝနီးပါးပြုလုပ်ထားသည့် သွင်းကုန်များဖြစ်ကြောင်း ပြည်တွင်း သတင်းစာတစောင်က ဖော်ပြခဲ့သည် / Voice of Vietnam

အခွန်ရှောင်သော တရုတ် ပို့ကုန်လမ်းကြောင်းများကို ဗီယက်နမ်နှိမ်နင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate