Entertainment

“ည” ရုပ်ရှင် ကြည့်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ပရိသတ် ဖြစ်ခဲ့တာလို့ ထွန်းအိန္ဒြာဗို ပြော

Want create site? Find Free WordPress Themes and plugins.

မကြာခင် ရုံတင်မယ့် “သူစိမ်းအိမ်” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းအိန္ဒြာဗိုက ဒီကားမှာ ပါဝင်တဲ့ ကာရိုက်တာဟာ သူနဲ့ အလွန်လိုက်ဖက်တာကြောင့် လက်ခံဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒီကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ “ည” ရုပ်ရှင် ကြည့်ပြီးကတည်းက သူရဲ့ ပရိသတ်ဖြစ်ခဲ့တာလို့လည်း ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။

“သူစိမ်းအိမ် ဇာတ်ကားကို လက်မခံမီ ‘ည’ဇာတ်ကားကို ကြည့်ရှုစဉ်ကတည်းက ကျမက ထူးပိုင်ဇော်ဦးရဲ့ ပရိသတ်ပါ။ သူ့ကို ကြိုက်တယ်။ ဇာတ်ညွှန်း ဖတ်ချိန်မှာ ကျမနဲ့ ကွက်တိဖြစ်တယ်လို့ ခံစားရတယ်။ သူကအရာရာ အလွန် အသေးစိတ်ပါတယ်။ ကားရိုက်တုန်းကလည်း သူတို့ Team Work အရမ်း ကောင်းတာ တွေ့ရတယ်”

“နောက်တခုက အသံသွင်းတဲ့အချိန်မှာ ကျမပြောတဲ့ အသံက အစားစားရင်း ပြောတဲ့အသံဆိုရင် အပြင်မှာ တကယ် အစားစားခိုင်းပြီး အသံသွင်းပါတယ်။ Mood ကိုပါ လိုချင်တဲ့အတွက် မရရအောင် ခိုင်းပါတယ်။ အသံသွင်းတာတောင် အကြာကြီး သွင်းရပါတယ်”လို့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

ဆက်လက်ပြီး ထွန်းအိန္ဒြာဗိုက ကာရိုက်တာ တခုကို အကျိုးအကြောင်း ဆီလျော်တယ်ဆိုရင် လုပ်ရတာ သိပ်ကောင်းတယ်လို့ ပြောပါတယ်။

“ဇာတ်တခုက ကိုယ်လုပ်ရမယ့် ကာရိုက်တာ တခုကို အကျိုးအကြောင်း ဆီလျော်တယ်ဆိုရင် လုပ်လို့ သိပ်ကောင်းတယ်။ ကျမ လူတွေကို စိတ်ကြိုက် သတ်တယ်။ ဒါပေမဲ့ သတ်ရတဲ့ အကြောင်းရင်း ကျမမှာ အပြည့်အစုံ ရှိတယ်။ တခါတလေ ကျမမျက်နှာ မပျော့ပျောင်းဘူး။ ကျမမျက်နှာ မာတဲ့ဟာတွေ၊ မိုက်မိုက်ရိုင်းရိုင်း မျက်နှာပေးတွေက ဒီကာရိုက်တာနဲ့ သိပ်လိုက်တဲ့အတွက် ကျမလက်ခံ ဖြစ်ခဲ့တာပါ”လို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။

“သူစိမ်းအိမ်” ဇာတ်ကားထဲက “သမီးတို့ ဘယ်သွားကြမလို့လဲ”ဆိုတဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တွေ အပျော်သဘောနဲ့ Troll နေကြတာကိုလည်း ကျေနပ်တယ်လို့ သူက ဆိုပါတယ်။

“သမီးတို့ ဘယ်သွားကြမလို့လဲ ဆိုတဲ့ အခန်းလေးကို Facebook မှာ လိုတာလေးတွေ ထည့်ရေးပြီး လုပ်ကြတာတွေ့တော့ အရမ်းဝမ်းသာတယ်။ ကျေနပ်ပါတယ်။ တော်တော်လည်း ရယ်ရတယ်။ ဖတ်ပြီး အူတက်နေတာ ‘သမီးတို့ရဲ့ ကောင်လေးတွေက ဂေးဖြစ်သွားတာ အန်တီသိပ်ဝမ်းသာတာပဲ’။ တော်တော်လည်း ရယ်ရတယ်။ သူတို့ စဉ်းစားတတ်ကြပါတယ်”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

သရုပ်ဆောင် ထွန်းအိန္ဒြာဗိုကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး အပါအဝင် အခုခေတ် လူငယ် ဒါရိုက်တာတွေ အပေါ် အမြင်ကိုလည်း အခုလိုပဲ ပြောပါတယ်။

“ထူးပိုင်တို့ အပါအဝင် အခုနောက်ပိုင်း ဒါရိုက်တာတွေနဲ့ Team တွေ အားလုံးက သေချာ ပညာသင်ပြီး လာကြတဲ့ ကလေးတွေဆိုတော့ နိုင်ငံတကာမှာလုပ်တဲ့ ပုံစံအတိုင်း လုပ်ကြတာကို တွေ့ရတယ်။ ကျမ ကျေးဇူးလည်း တင်တယ်။ ဝမ်းလည်း သာတယ်။ ကြိုလည်း ကြိုဆိုတယ်”

“ကျမ အမေရိကားမှာ တကား သွားရိုက်သေးတယ်။ သူတို့လုပ်တဲ့ ပုံစံအတိုင်း ထူးပိုင်တို့ လုပ်တာ တထပ်တည်း တွေ့ရတယ်။ ကွာခြားမှုတွေလည်း ရှိတယ်။ ကျမတို့က ရေချိုးသွားရုံပဲ။ ကိုယ်လုပ်မယ့် အလုပ်ကိုပဲ ပိုအာရုံစိုက်လို့ ရတယ်။ ဟိုခန်း ဘာဝတ်ရမလဲ၊ ဘာစီးရမလဲ လိုက်ပါ့မလားနဲ့ပေါ့။ အဲ့တော့ အခုလို သရုပ်ဆောင်ရုံပဲ ဆိုတော့ စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်လို့ရတာပေါ့”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ကိုတော့ သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်”လို့ ထွန်းအိန္ဒြာဗိုပြော 

လူသတ်ခန်းတွေ ပါလို့ ၁၃ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ “သူစိမ်းအိမ်”

“သူစိမ်းအိမ်” ရုပ်ရှင်ကို ၃ ခေါက် ကြည့်ပြီးပေမယ့် မရိုးသေးဘူးလို့ ပြောတဲ့ လင်းဇာနည်ဇော်

Did you find apk for android? You can find new Free Android Games and apps.
Loading