Entertainment

လျှို့ဝှက် လက်ထပ်လိုက်ပြီလို့ သတင်းထွက်လာတဲ့ မင်းသား စတီဖင်ချောင်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ စတီဖင်ချောင် (Stephen Chow) ဟာ သူ့ရဲ့ ပုဂ္ဂလိက ဘဝနဲ့ ပတ်သက်လို့ ကောလာဟလတွေ တော်တော်များများ ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာပဲ မင်းသမီး Cecilia Cheung ကနေ တတိယမြောက် မွေးဖွားခဲ့တဲ့ ရင်သွေးလေးရဲ့ ဖခင်ဟာ မင်းသား ချောင်ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။

အခုတော့ သူလက်ထပ်လိုက်ပြီ ဆိုတဲ့ သတင်းထွက်ပေါ်လာပြန်ပါပြီ။ ၂၀၁၀ ခုနှစ်မှာ ကာလကြာရှည်လက်တွဲခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ရဲ့ သမီး ချစ်သူ Yu Wenfeng နဲ့ လမ်းခွဲချိန်ကတည်းကစလို့ အသက် ၅၇ နှစ်အရွယ်မင်းသား တကိုယ်တည်း ရှင်သန်နေထိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ မင်းသား ချောင် လက်ထပ်လိုက်ပြီလို့ ဟောင်ကောင် အနုပညာလောကထဲက သတင်းထောက်ဟောင်း တယောက်က ထောက်လှမ်း သိရှိခဲ့တာကစပြီး ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Weibo လူမှုကွန်ရက်မှာ မင်းသား ချောင်ရဲ့ ရုပ်ရှင်တွေဟာ ဝင်ငွေကောင်းရတဲ့အကြောင်း အင်တာနက် သုံးစွဲသူ တယောက်ရဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားခဲ့တဲ့ အဲ့ဒီသတင်းထောက်က “ဇနီးအသစ်ရဲ့ တွန်းအားပေးမှုနဲ့ စတီဖင်ချောင်ရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ဟာ အသစ်တဖန် ပြန်ပြီးထွန်းလင်းလာပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူက “စတီဖင်ရဲ့ နှစ်ပေါင်းများစွာကြာ သရုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ပရိသတ်တွေ ဟာ ကျိန်းသေပေါက် စိတ်လှုပ်ရှားရမှာပါ။ အဲ့ဒီ ရုံဝင်ငွေစာရင်းမှာလည်း စံချိန်ချိုးမှုတွေ ရှိလာမယ်လို့ ကျနော် မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။

အဲ့ဒီ တုံ့ပြန်ပြောဆိုမှုကြောင့် အင်တာနက် သုံးစွဲသူတွေဟာ အံ့သြခဲ့ကြရပြီး “ဟာသဘုရင်”လို့ တင်စားကြတဲ့ မင်းသားဟာ လျှို့ဝှက်လက်ထပ်လိုက်ပြီလို့ ယူဆခဲ့ကြပါတယ်။ အဲ့ဒီအတွက် ပရိသတ်တွေဟာ မင်းသားထံ ဆုတောင်းစကားတွေ၊ ဆုမွန်ကောင်းတောင်းဆိုမှုတွေကို ဆိုရှယ် မီဒီယာပေါ်မှာ ပြောကြားခဲ့ကြပါတယ်။

တချိန်တုန်းက မင်းသားရဲ့ အဆက်ဟောင်းဖြစ်တဲ့ မင်းသမီး Karen Mok ကတော့ အခုလိုမျိုး မင်းသားရဲ့ လျှို့ဝှက် လက်ထပ်လိုက်ပြီလို့ ဆိုတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၂၄ ရက်နေ့တုန်းက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မင်းသမီးက သူလည်း အဲ့ဒီသတင်းတွေကို ကြားထားပေမယ့် အဲ့ဒီသတင်းရဲ့ တိကျခိုင်မာမှုကို သူအတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ မင်းသမီးက “သူကတော်တော်လေး ထူးဆန်းတယ်။ ရှင်တို့အားလုံး သူ့ကိုမေးသင့်တယ်” လို့ ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့ပါတယ်။

တကယ်လို့သာ အဲ့ဒီသတင်းက အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဂုဏ်ပြုရမှာပေါ့လို့ သူက ဆိုခဲ့ပါတယ်။ တချို့သတင်းတွေမှာတော့ အဲ့ဒီထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေဟာ အမှားတွေသာ ဖြစ်တယ်လို့ မင်းသားချောင်ရဲ့ လက်ထောက်က ပြောဆိုရှင်းလင်းထားပါတယ်။

Ref: asiaone

You May Also Like This Story:

“Kung Fu Hustle” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ရှိတယ်လို့ စတီဗင်ချောင် အတည်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading