တောင်ကိုရီးယားနိုင်ငံက OCN ရုပ်သံလိုင်းရဲ့ “Voice” ရုပ်သံစီးရီးကို ထိုင်းနိုင်ငံက ပြန်လည် ရိုက်ကူးတော့မယ်လို့ သိပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကို၂၀၁၇ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး 112 Emergency Call Center နဲ့ ပတ်သက်တဲ့ သည်းထိတ်ရင်ဖို ဒရာမာ ဖြစ်ပါတယ်။
ပထမဆုံး Season ကတော့ လူမှုဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသစ်ဖြစ်တာကြောင့် ချီးကျူးမှုတွေ ခံခဲ့ရပါတယ်။ ဒုတိယ Season ကတော့ OCN ရုပ်သံလိုင်းအတွက် လူကြည့်နှုန်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။
မကြာသေးခင်တုန်းကပဲ “Voice” ဒရာမာကို ဂျပန်နိုင်ငံမှာ “Voice 110 Emergency Control Room” ဆိုတဲ့ နာမည်နဲ့ စီးရီးပြန်လည် ရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာတော့ ထုတ်လွှင့်ပြသနေပါတယ်။ အခုတော့ ထိုင်းနိုင်ငံက အသစ်တဖန် ပြန်လည် ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဒရာမာ ပြန်လည် ထုတ်လွှင့်ခွင့်အတွက် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ဆွစ်ဇာလန်၊ ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၆ နိုင်ငံကို ရောင်းချထားပါတယ်။
ထိုင်းကနေ ပြန်လည် ရိုက်ကူးမယ့် “Voice” စီးရီးကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက “GOT7’s Real Thai” အစီအစဉ် ထုတ်လွှင့်ခဲ့တဲ့ True4U ရုပ်သံကနေ နိုဝင်ဘာလ ၅ ရက်နေ့ကစလို့ စတင်ပြသမှာ ဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Andrew Gregson နဲ့ Khemanit Jamikorn တို့က ခေါင်းဆောင် သရုပ်ဆောင်တွေအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
အခုလိုမျိုး တနှစ်တည်းမှာ “Voice” ဒရာမာကို ဗားရှင်း ၂ မျိုးနဲ့ သက်ဆိုင်ရာ နိုင်ငံတနိုင်ငံချင်းစီရဲ့ ဇာတ်လမ်းနဲ့ ပြန်လည် စီစဉ်ပြီး ပြန်လည် ရိုက်ကူးကြတာကို ဝမ်းမြောက်မိတဲ့ အကြောင်း CJ ENM ရဲ့ နိုင်ငံရပ်ခြား အချက်အလက်ဌာန အကြီးအကဲ Seo Jang Ho က ပြောပါတယ်။
OCN ကနေ ထုတ်လွှင့်ခဲ့တဲ့ “The Guest” ဇာတ်လမ်းတွဲဟာ နိုင်င့တကာ ရုပ်ရှင်ပွဲတော်တွေရဲ့ ဖိတ်ကြားမှုကို လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ “Voice” ရဲ့ Season တခုချင်းစီဟာ ချီးကျူးမှုတွေခံခဲ့ရပြီး “Voice 3” ကတော့ နာမည်ကျော်ကြားခဲ့ပြီး အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။
Ref. Soompi
You may also like these stories:
“Game of Thrones” နဲ့ ဆင်တူနေလို့ ဝေဖန်ခံနေရတဲ့ “Arthdal Chronicles” စီးရီး
တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြောင်း မြင်တွေ့ရမယ့် စီးရီးအသစ်များ