ရုပ်ရှင်ဇာတ်ကားတကား ကြည့်ပြီးတဲ့အချိန်မှာ ရုပ်ရှင်ရဲ့ အဆုံးသတ်အပေါ် ကြည့်ရှုသူတွေရဲ့ စိတ်ခံစားချက်နဲ့ ကြည့်ရှုသူ အချင်းချင်း ထင်မြင် ဆွေးနွေးမှုဟော ကျန်ရစ်ခဲ့ကြစမြဲပါ။ အခု ဖော်ပြပေးမှာကတော့ လွန်ခဲ့တဲ့ နှစ်တွေက ရိုက်ကူးပြသခဲ့ဖူးပြီး အေင်မြင်ကျော်ကြားပြီးသား ရုပ်ရှင်တွေကို နောက်တကြိမ် ပြန်လည် ရိုက်ကူးမယ်ဆိုရင်တောင် လူကြိုက်များနေဦးမယ့် ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။
(၁) The Chronicles of Narnia
ဗီရိုထဲကနေ တခြားကမ္ဘာတခုကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်နဲ့အတူ ခွန်အားကြီးမားလှတဲ့ ခြင်္သေ့ကြီး ပါဝင်တဲ့ “Narnia” ရုပ်ရှင်ကို မှတ်မိကြဦးမှာပါ။ Netflix ကနေ “Narnia” ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးဖို့အတွက် ဒါရိုက်တာနေရာနဲ့ ဇာတ်ညွှန်း ရေးသားဖို့အတွက် Mathew Aldrich ကို ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
Mathew ဟာ Animation ရုပ်ရှင်ကားတကားဖြစ်တဲ့ “Coco” ကို ဇာတ်ညွှန်း ရေးသားခဲ့သူ တဦးဖြစ်ပြီး “The Chronicles of Narnia” ကို ဘယ်လို ပုံဖော်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
(၂) Home Alone
တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ “Home Alone” ရုပ်ရှင်ကို “Deadpool” မင်းသား Ryan Reynolds က Producer အဖြစ် ထုတ်လုပ်မှာဖြစ်ပြီး ဇာတ်လမ်းကတော့ အရင့်အရင်က “Home Alone” နဲ့ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဆေးစွဲနေတဲ့ လူတယောက်က အိမ်တချို့ကို ဝင်ရောက် ဖောက်ထွင်းပုံနဲ့ ဇာတ်အိမ် တည်ထားမှာဖြစ်ပြီး “Stoned Alone” လို့ ရုပ်ရှင်နာမည်ကို လျာထားတာ ဖြစ်ပေမယ့် တရားဝင် သတင်း ထွက်ရှိထားခြင်း မရှိသေးပါဘူး။
(၃) Mulan
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းကမှ Trailer ထွက်ရှိထားတဲ့ Disney ရဲ့ “Mulan” ရုပ်ရှင်ဟာဆိုရင်လည်း အခြား Disney ရုပ်ရှင်တွေထက် စိတ်ဝင်စားမှု များပြားခဲ့တာဖြစ်ပြီး၂၀၁၈ ခုနှစ်မှာ ပြသဖို့ လျာထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား တကားလည်း ဖြစ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ရုပ်ရှင်ဇာတ်ကားများ
တရုတ်မင်းသမီး Liu Yifei ပါဝင်ထားတဲ့ “Mulan” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိ
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ
အပြင်မှာ တကယ်မရှိတဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ကောင်များ