အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ နိုင်ငံကျော် Makeup Artist မထက် (Pop Soul) ကတော့ နောက်ထပ် ချစ်သူ ထပ်ထားဖို့ ခဲယဉ်းသွားပြီလို့ ပြောပါတယ်။
“လောလောဆယ်တော့ ဘယ်ရည်းစားမှ ရွေးချယ်ချင်စိတ်လည်း မရှိဘူး။ ရည်းစားထားဖို့ကတော့ သိပ်ပြီး Feeling မရှိတော့ဘူး။ ဟိုဟာလေး ကြိတ်ကြိုက်လိုက်၊ ဒီဟာလေး ကြိတ်ကြိုက်လိုက်ပဲ ပျော်တယ်။ အချစ်ရေးက ကိုယ်နဲ့ အဝေးကြီး မဖြစ်နိုင်ဘူးလို့ ထင်သွားပြီ။ ရည်းစားထားဖို့ ကြောက်လည်း မကြောက်ဘူး။ စိတ်လည်း မနာဘူး။ လက်တွေ့ကျတာကို ပိုကြိုက်တဲ့အတွက် ရည်းစားထားဖို့ ခက်ခဲသွားပြီ”လို့ မထက်က ပြောပါတယ်။
အသည်းကွဲပြီးနောက်ပိုင်းမှာ ပိုလှလာတဲ့ မထက်ကတော့ နောက်တခါ ချစ်သူ ထပ်ထားဖြစ်ရင် ဘယ်သူ့ကိုမှ ပေးမသိတော့ဘူးလို့ ဆိုပါတယ်။
“သေချာ ရည်းစားမထားသေးဘဲ အေးဆေးပဲ နေပါဦးမယ်။ အသည်းကွဲပြီးနောက်ပိုင်း ပိုလှလာတာက ပိုလှရမယ်လေ။ ရည်းစားရှိတုန်းက စုတ်ပြတ်ပြီး နေခဲ့တာဆိုတော့ အခုချိန်မှာ ကိုယ်လှကြောင်း ပြရတာပေါ့။ ချစ်သူ ထပ်ထားဖြစ်ရင်လည်း ဘယ်သူမှ ထုတ်မပြဖြစ်တော့ဘူး။ ကိုယ့်မိတ်ဆွေတွေတောင် အသိမပေးချင်တော့ဘူး။ ဘာဖြစ်လို့လဲတော့ မပြောတတ်ဘူး။ ဘယ်သူမှ ပေးမသိချင်တော့တာ”လို့ မထက်က ပြောပါတယ်။
Makeup Artist တဦးအဖြစ် ရပ်တည်နေတဲ့ မထက် (Pop Soul) ဟာ ဒီနှစ်အတွင်း ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်မှာ သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး အဲဒီရုပ်ရှင်နဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။
“ကျားကျားကြိုက်ကြိုက် ဇာတ်ကားက ရုံတင်ဖို့တော့ နီးပြီ။ အဲ့ကားအတွက် ရင်တုန်နေတယ်။ သရုပ်ဆောင်တာ ကြည့်ပြီးသွားပြီ။ ဘယ်လို သရုပ်ဆောင်ထားမှန်း မသိဘူး။ ကိုယ့်ကိုယ်ကိုယ် ကြည့်ရတာ တမျိုးကြီးပဲ။ ကျန်တဲ့သူတွေက ကြည့်ရတာ အကုန်ကောင်းတယ်။ လှလည်း မလှဘူး။ ဇာတ်ကား ရိုက်နေတုန်းကတော့ အဆင်ပြေတယ်၊ ကောင်းတယ်တော့ ပြောကြတယ်။ အဆင်ပြေတယ်ပေါ့၊ ပျော်နေတာ။ တကယ် ထွက်လာတော့ လုပ်နေကျ မဟုတ်မှန်း သိသာနေတယ်။ သဘာဝမကျဘဲ ပဲများနေတယ်လို့ ခံစားရတယ်”လို့ မထက်က ဆိုပါတယ်။
ဆက်လက်ပြီး မထက်ကတော့ ကိုယ်တိုင်က သရုပ်ဆောင် မဟုတ်တဲ့အတွက် သရုပ်ဆောင် အလုပ်က မလွယ်ကူမှန်း ရုပ်ရှင်ရိုက်ပြီး သိလာတယ်လို့ ပြောပါတယ်။
“တကယ်တော့ မလွယ်ကူဘူးဆိုတာ သိလိုက်ရတယ်။ တခါလောက် လုပ်ဖူးတဲ့ အလုပ်လေးဆိုတော့ ကောင်းချင်တာပေါ့။ ကားက အရမ်းရယ်ရတော့ ကျေနပ်ပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းလာရင်တော့လည်း အခြေအနေအရပေါ့။ မြန်မာဝတ်စုံလေးတွေ ဝတ်ပြီး သရုပ်ဆောင်ရတဲ့ ကာရိုက်တာ ရိုက်ချင်သေးတယ်။ ရုပ်ရှင် မဟုတ်လည်း ဓာတ်ပုံ ရိုက်မယ်တော့ စဉ်းစားထားတယ်”လို့ မထက်က ပြောပါတယ်။
မြန်မာနိုင်ငံက Makeup Artist တဦးဖြစ်တဲ့ မထက် (Pop Soul) ကတော့ နိုင်ငံကျော် မိတ်ကပ် ပညာရှင် တဦးဖြစ်ပြီး လိင်ပြောင်းလဲ ခွဲစိတ်ထားသူလည်း ဖြစ်ပါတယ်။ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားဟာလည်း ဒီနှစ်အတွင်းမှာ မကြာခင် ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။
You may also like these stories:
၅ နှစ်တာ ကြိုက်ခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲပြီး အသည်းကွဲနေတဲ့ မထက် (Pop Soul)
မိတ်ကပ်ဖန်တီးရှင်များကို ပွဲထုတ်ရိုက်ကူးမယ့် “ကျားကျားကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး
“အများစုက ရေရှည် လက်မတွဲနိုင်သလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို မခံနိုင်ကြဘူး”
“ချစ်သူက လူရှေ့ထွက်ပြနိုင်တဲ့ အနေအထား မရှိတဲ့အတွက် ဝမ်းနည်းတာပါ”