နိုင်ငံတကာက ပရိသတ်တွေ အားပေး ချစ်ခင်ကြတဲ့ မင်းသားတွေထဲမှာ Keanu Reeves က တဦးအပါအဝင် ဖြစ်ပါတယ်။ သဘာဝအတိုင်း နေတတ်ပြီး လောဘနည်းတဲ့ မင်းသားအဖြစ် လူသိများသလို သူ့ရဲ့ အစအနောက်သန်ပြီး ယောကျာ်း ပီသမှုတွေကြောင့် လူတိုင်းက ချစ်ခင်ကြတဲ့ မင်းသားတဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မင်းသား Keanu Reeves အကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဂစ်တာ တီးသူ
Keanu Reeves ဟာ ၁၉၉၀ နှစ်များက “Dogstar” ဆိုတဲ့ အဖွဲ့မှာ ဘေ့စ်ဂီတာတီးသူ တယောက် ဖြစ်ပါတယ်။ Robert Mailhouse နဲ့ အတူ အဲဒီအဖွဲ့ကို တည်ထောင်ခဲ့ပြီး Alternative Rock ဂီတကို ၂၀၀၀ ခုနှစ်အထိ အတူတကွ တီးခတ် သီဆိုခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ သရုပ်ဆောင်တဲ့ အလုပ်ကို အချိန်ပိုရစေဖို့ အတွက် အဖွဲ့ကနေ ထွက်ခွာခဲ့ပါတယ်။
(၂) ကဗျာရေးသူ
Keanu Reeves ဟာ အနုပညာရှင် Alexandra Grant နဲ့အတူ ကဗျာစာအုပ် တအုပ်ကို ဖြန့်ချိဖူးပါတယ်။ “Ode to Happiness” လို့ အမည်ရတဲ့ အဲဒီ ကဗျာစာအုပ်ဟာ Keanu Reeves ရဲ့ ရင်တွင်းဖြစ် အနုပညာဆိုရင်လည်း မှားမယ် မထင်ပါဘူး။
(၃) ဟောကီ ကစားသူ
Keanu Reeves ဟာ သူ့ရဲ့ ဆယ်ကျော်သက် အရွယ်မှာ ဟောကီကစားခဲ့ပြီး ကနေဒါနိုင်ငံ ဟောကီအသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်အလုပ်ကိုသာ အသက်မွေးဝမ်းကြောင်းအဖြစ် မရွေးချယ်ခဲ့မိရင် ဟောကီကစားသမားအဖြစ် ဆက်လုပ်ဖြစ်မှာလို့ သူက ဆိုပါတယ်။
(၄) ဒါရိုက်တာ
Keanu Reeves ဟာ “Man of Tai Chi” ဆိုတဲ့ ရုပ်ရှင်ကားကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့ဖူးပါတယ်။ ဇာတ်ညွှန်းကိုတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ စတန့်သမားဆီက ရရှိခဲ့တာလို့ သိရပါတယ်။
(၅) အထီးကျန်သူ
မင်းသား Keanu Reeves ရဲ့ အားနည်းချက် တခုကတော့ သူဟာ အထီးကျန်သူတဦး ဖြစ်ပါတယ်။ အင်တာဗျူးတခုမှာ သူက “ကျနော် တယောက်တည်း နေဖို့ ကြိုးစားကြည့်တယ်။ တော်တော် ခက်တယ်။ တကယ်တော့ ကျနော်က အိမ်ထောင်တခုကို ထူထောင်ချင်တာ၊ ကလေးတွေကို လိုချင်တာ။ အဲဒါ ကျနော့်ရဲ့ အိပ်မက်ပါပဲ။ ကျနော့် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေမှာပါ”လို့ ဖြေခဲ့ဖူးပါတယ်။
Ref. brightside.me
You may also like these stories:
စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves
အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ်
ပရဟိတ လှူဒါန်းမှုတွေကို လျှို့ဝှက်လုပ်ဆောင်လေ့ ရှိတဲ့ မင်းသား Keanu Reeves
Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော