ပြီးခဲ့တဲ့ နွေရာသီကာလ အစောပိုင်းမှာ Netflix ဟာ မကြာခင် တင်ဆက်တော့မယ့် “The Naked Director” စီးရီးရဲ့ ပထမဆုံး Trailer ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် အခုတော့ Trailer အသစ်ကို ထပ်မံ ဖြန့်ချိလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အထင်ကရ အပြာရုပ်ရှင် ဒါရိုက်တာကြီး တိုရူ မူရာနီရှီ (Toru Muranishi) ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ အဲ့ဒီ ဇာတ်လမ်းတွဲဟာ ဂျပန်အပြာရုပ်ရှင် လုပ်ငန်းထဲက အခြေအနေတွေနဲ့ မူရာနီရှီက ခေတ်ပြောင်းတော်လှန်ရေး အနေနဲ့ ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာကို ပရိသတ်တွေက ရှုစားရမှာဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက စီးပွားရေးတွေ ဖွံ့ဖြိုးလာချိန်ကာလအတွင်းမှာ ဒါရိုက်တာကြီးဟာ ဘယ်လိုနာမည် ရလာတယ်၊ သူ့မှာ ဘယ်လို ရည်မှန်းချက်တွေ ရှိတယ်ဆိုတာနဲ့ သူ့ရဲ့ ဆုတ်ယုတ်မှုတွေအကြောင်း ပုံဖော် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
အဲ့ဒီ Netflix Originals စီးရီးမှာတော့ သရုပ်ဆောင်တွေ အဖြစ် Takayuki Yamada ၊ Shinnosuke Mitsushima နဲ့ Tetsuji Tamayama တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အပိုင်း ၁၀ ပိုင်း ပါဝင်မယ့် အဲ့ဒီစီးရီးမှာဆိုရင် ဂျပန်နိုင်ငံရဲ့ အပြာရုပ်ရှင်လုပ်ငန်း ဘယ်လို စတင်ပေါ်ပေါက်ပြီး နေရာတခုမှာ အောင်မြင်နေခဲ့တယ်ဆိုတာကို အနီးအဝေး အမြင်တွေနဲ့အတူ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဂျပန်နိုင်ငံက ပြိုပျက်လွယ်တဲ့ ခေတ်ကာလအတွင်းမှာ ဇာတ်ကောင်တွေဟာ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကို ဘယ်လိုတွေ့ကြုံခဲ့ရတယ်ဆိုတဲ့ အကြောင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
“The Naked Director” စီးရီးကိုတော့ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ Netflix ရုပ်သံလိုင်းကနေ စတင်ပြသတော့မှာ ဖြစ်ပါတယ်။
Ref. meaww.com
You may also like these stories:
Netflix မှာ ကြည့်ရှုသူ စံချိန်တင်ခဲ့တဲ့ “Stranger Things Season 3”
ရုရှားရုပ်သံစီးရီး “Silver Spoon” ကို ကိုရီးယားဒရာမာအဖြစ် ပြန်လည်ရိုက်ကူးမည်
ထိုင်းတောဝက် ဘောလုံးအသင်းအကြောင်း မီနီစီးရီး ရိုက်ရန် Netflix သဘောတူညီချက် ရရှိ