Entertainment

"အသက်ကြီးလာတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေကို နေရာဖယ်ပေးရတယ်"လို့ ထက်ထက်မိုးဦး ပြော

Want create site? Find Free WordPress Themes and plugins.

တခေတ်တခါက ကြော်ငြာမင်းသမီး တယောက်အနေနဲ့ သူ့ရဲ့ တခေတ် ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ အသက်ကြီးလာတဲ့ အချိန်မှာ ကိုယ့်ထက်ငယ်တဲ့ သူတွေကို နေရာဖယ်ပေးရတာ သဘာဝပဲလို့ ပြောပါတယ်။

“ဒီလိုပါပဲ။ လူဆိုတာတော့ အသက်ကြီးလာရင် ကိုယ့်ထက်ငယ်တဲ့သူ ဆိုရင်တော့ နေရာဖယ်ပေးရတာ သဘာဝပဲလေ။ အစ်မတို့အနေနဲ့ ငယ်ငယ်တုန်းက နေရာဖယ်ပေးခဲ့တဲ့ အကြီးတွေလည်း ရှိခဲ့တာပဲ။ အဲဒါတွေကိုတော့ စိတ်ထဲမှာတော့ ဘာမှ မဖြစ်ပေမယ့် ငယ်ငယ်တုန်းက အမှတ်တရတွေကို စကားကြုံတိုင်း ပြောမိတယ်။ ပျော်စရာ ကောင်းပါတယ်”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

အသက်အရွယ်တခု ရောက်လာတဲ့အခါမှာတော့ ငယ်စဉ်က လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရခဲ့ပြီး မိသားစုကို လုပ်ကျွေးခွင့်ရခဲ့တဲ့အတွက် အစစအရာရာ ဝမ်းသာတယ်လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။

ကျန်းမာရေး မကောင်းတဲ့ သူတယောက် ဖြစ်တာကြောင့် ခဏခဏ ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရပြီး နေပြန်ကောင်းတာနဲ့ အလုပ်တွေ ပြန်ကြိုးစားဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“စိတ်မပူပါနဲ့။ ကိုယ်ကတော့ ခဏခဏ နှလုံးခွဲလိုက်၊ လည်ပင်းခွဲလိုက်၊ ဗိုက်ခွဲလိုက်နဲ့ဆိုတော့ ကိုယ့်အတွက်က ဘာမှ သိပ်မထူးဆန်းတော့ဘူး။ ကြောက်တော့ ကြောက်တာပေါ့နော်။ နာလည်း နာတယ်။ ခဏပါပဲ။ ပြီးတော့လည်း အလုပ် ပြန်ကြိုးစားရမှာပေါ့” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ယခင်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ သူတယောက်အနေနဲ့ ယခုအခါမှာတော့ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ကြိုးစားနေပြီး အသက်အရွယ်နဲ့ လိုက်ဖက်အောင်နေမှ ပရိသတ်က ချစ်တာလို့ ဆိုပါတယ်။

“အသက်အရွယ်နဲ့ လိုက်ဖက်အောင် ကြိုးစားရမှာပေါ့။ လျှမ်းလျှမ်းတောက်ခဲ့တဲ့ စိတ်ကို လျှော့တာနဲ့ မဆိုင်ပါဘူး။ ကိုယ့်အသက်အရွယ် ရလာတဲ့အခါမှာ အံဝင်ခွင်ကျ ဖြစ်တော့ ပရိသတ် ချစ်တာပေါ့” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ထက်ထက်မိုးဦးဟာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ စိုးမြတ်သူဇာတို့နဲ့လည်း “မင်္ဂလာစုံတွဲ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားပြီး ထပ်မံပြီးတော့လည်း ရွှေထူးနဲ့ ရုပ်ရှင်ကား ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။

ထက်ထက်မိုးဦးကတော့ ကျန်းမာရေး အခြေအနေကြောင့် ယခင်ကလို အနုပညာအလုပ်များ မလုပ်နိုင်တော့ဘဲ ယခုရက်ပိုင်းမှာတော့ ကြော်ငြာ ရိုက်ကူးမှုများ၊ ဆိုင်ဖွင့်ပွဲများ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

You may also like these stories:

တခါက “ကြော်ငြာဘုရင်မ” မင်းသမီး ထက်ထက်မိုးဦး

Did you find apk for android? You can find new Free Android Games and apps.
Loading