Entertainment

"မင်္ဂလာဆောင်ရင် ခမ်းခမ်းနားနား မဆောင်ချင်ဘူး၊ ပိုက်ဆံတွေကို လှူလိုက်ချင်တယ်" 

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင် ရက်ပိုင်းအတွင်းက မင်္ဂလာဝတ်စုံ ဖက်ရှင်ရှိုးပွဲ တပွဲမှာ မင်္ဂလာဝတ်စုံ ဝတ်ပြီး ဖက်ရှင်ရှိုး လျှောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်ဟာ သူမင်္ဂလာဆောင်ရင်တော့ ခမ်းခမ်းနားနား မဆောင်ချင်ဘူးလို့ ပြောပါတယ်။

“မင်္ဂလာဝတ်စုံ ခဏခဏ ဝတ်ရလွန်းလို့ မင်္ဂလာဆောင်ရင် Surprise တောင် ဖြစ်တော့မယ် မထင်ပါဘူး။ ဒါပေမဲ့လည်း ကိုယ်တကယ် မင်္ဂလာဆောင်ရင် ခံစားမှုကတော့ တမျိုးဖြစ်မှာပေါ့။ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား မဆောင်ချင်ဘူး။ ဆွမ်းလေးကပ်ပြီး Dinner လေးပဲ လုပ်ချင်တယ်။ အကြီးအကျယ် လုပ်မယ့် ပိုက်ဆံတွေကို လှူလိုက်ချင်တယ်။ ကိုယ်ကတော့ အဲ့လိုလေးပဲ စဉ်းစားထားတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အသက် ၃၅ နှစ် မတိုင်ခင်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားပြီး ယူဖို့ အဆင်မပြေပါက အပျိုကြီးပဲ လုပ်တော့မယ်လို့ ဆိုပါတယ်။

“၃၅ မတိုင်ခင်တော့ ယူဖို့ ကြိုးစားမယ်။ အဲ့ကြားထဲမှာ စိတ်ကြိုက် မတွေ့ဘူး။ ယူဖို့ အဆင်မပြေဘူးဆိုရင် အပျိုကြီးပဲ လုပ်လိုက်တော့မယ်။ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်မှာ အိမ်ထောင်တွေကလည်း ကွဲတာ များတယ်လေ။ တချို့တွေဆို ကလေးတွေ ရပြီးမှ ကွဲကြတဲ့အခါကျတော့ ကိုယ့်အလှည့်ကျရင် အဲ့လိုမျိုး မဖြစ်ချင်ဘူး။ အိမ်ထောင် မပြုဘဲနဲ့ နေလိုက်တာကမှ အပျိုကြီးဆိုတဲ့ ဂုဏ်ရှိသေးတယ်လေ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

အသည်းကွဲနေတဲ့ မိန်းကလေးတိုင်း အလှဆုံး ပြင်ဆင်နေထိုင်ဖို့ ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်က အချစ်ရေးနဲ့ ပတ်သက်ရင် ရင့်ကျက်ပြီလို့ ဆိုပါတယ်။

“မိန်းမတယောက်က Single ဖြစ်နေချိန်ဆို ကိုယ့်ကိုယ်ကိုယ် ပိုသဖြစ်တယ်။ ချစ်သူရှိတယ်ဆိုရင် ကိုယ့်အတွက် စဉ်းစားရတယ်၊ သူ့အတွက်လည်း စဉ်းစားရတော့ အလှပြင်ဖို့ အချိန် သိပ်မရှိဘူး။ အဲ့ဒါကြောင့် မလှကြတာလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကောင်းတဲ့ အိမ်ထောင်ဘက်မျိုး အရမ်းကောင်းတဲ့သူမျိုးနဲ့ တွေ့ရင် ဒီမိန်းမ တယောက်က လှနိုင်တယ်။ ကိုယ့်အတွက် မကောင်းမှသာ မလှချင် မလှတာပေါ့”

“ကိုယ်ကြုံတွေ့ရတာလေးပေါ့။ အသည်းကွဲနေတဲ့ မိန်းကလေးတိုင်း အလှပဆုံး ပြင်ဆင်ပြီးတော့ အကောင်းဆုံး တယောက်ကို စောင့်နေပါလို့ ပြောချင်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ရင် ရင့်ကျက်ပြီလားဆို တခြားနေရာမှာတော့ ရင့်ကျက်တယ်။ ဒါပေမဲ့ တခါတလေကျရင် အိမ်မှာ ကလေးလိုပဲ။ မိဘ ရင်ခွင်ထဲရောက်ရင် ကလေးလိုပဲ ပြန်ဖြစ်သွားတဲ့ အခါတွေလည်း ရှိတယ်”လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဖက်ရှင်တွေမှာ အမြဲ Sexy ကျကျ ဝတ်ဆင် ပွဲတက်လေ့ရှိပြီး ခန္ဓာကိုယ် အလှအပကို အသားပေးကာ ဝတ်ဆင်တတ်ပါတယ်။ နိုင်ငံခြားသား တဦးနဲ့ ချစ်ကြိုက်ခဲ့တဲ့ သူ့ရဲ့ အချစ်ရေးကိုလည်း ပရိသတ်ထံ ပွင့်ပွင့်လင်းလင်း ချပြခဲ့ပြီး အခုချိန်မှာတော့ အဲဒီ ချစ်သူနဲ့ လမ်းခွဲခဲ့ပြီ ဖြစ်ပါတယ်။

You may also like these stories:

“ပရိသတ်တွေ တောင်းဆိုကြလို့ ဖက်ရှင်တွေ သိပ်မဖော်ဖြစ်ဘူး”လို့ သင်ဇာဝင့်ကျော် ပြော

“ရည်းစားနဲ့ ပြတ်သွားတာ အတွေ့အကြုံ ရတယ်”လို့ ပြောတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်နဲ့အတူ “ခရီးသွားကောက်ကြောင်း” ရိုက်ကူးနေတဲ့ ပိုင်တံခွန်

ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

Did you find apk for android? You can find new Free Android Games and apps.
Loading