Entertainment

Ed Sheeran ကို "Bond 25" ရုပ်ရှင်ဇာတ်ဝင်တေး ဆိုစေချင်တဲ့ မင်းသား Daniel Craig

Want create site? Find Free WordPress Themes and plugins.

ဂျိမ်းစ်ဘွန်းမင်းသား Daniel Craig ဟာ အဆိုတော်၊ သီချင်းရေးဆရာ Ed Sheeran ကို ၂၅ ကားမြောက် ကမ္ဘာကျော် အက်ရှင် စပိုင်ရုပ်ရှင်မှာ ဇာတ်ဝင်တေး သီဆိုစေချင်တယ်လို့ ဆိုပါတယ်။

The Sunday Mirror သတင်းရဲ့အဆိုအရ မင်းသားရဲ့သမီးလေး Ella ဟာ အဆိုတော် Ed ရဲ့သီချင်းတွေကို သူ့ဆီ မိတ်ဆက်ပေးခဲ့တာပါ။ အတွင်းသတင်းတခုက “Ed ရဲ့သီချင်းတွေကို Daniel ဆီ မိတ်ဆက်ပေးခဲ့သူက သူ့သမီးလေး Ella ဖြစ်ပါတယ်။ သမီးလေးက Ed ကို သဘောကျပါတယ်။ ပြီးတော့ Daniel ကလည်း သူ့ရဲ့ ဂီတတွေကို တကယ် သဘောကျလာပါပြီ။ ပြီးတော့ Ed ကို ဇာတ်တေး ဆိုစေချင်နေတာပါ” လို့ ပြောပါတယ်။

အသက် ၅၁ နှစ်အရွယ် မင်းသား Daniel ဟာ အေးဂျင့် 007 အဖြစ် ပြန်လည် သရုပ်ဆောင်ရုံသာမက ထုတ်လုပ်သူ တဦးအနေနဲ့လည်း ပါဝင်လာပါတယ်။ တခြားထုတ်လုပ်သူတွေကတော့ “Skyfall” ဇာတ်ဝင်တေးကို သီဆိုခဲ့တဲ့ Adele ကို လိုချင်နေကြပေမယ့် မင်းသားကတော့ အခု ရုပ်ရှင်အသစ်နဲ့ ပတ်သက်လို့ အကြံတခုခု ရှိပုံရပါတယ်။

Adele သီဆိုခဲ့တဲ့ သီချင်းက တော်တော်လေးကို ပေါက်ခဲ့တာကြောင့် နောက်တကြိမ် Adele နဲ့ ထပ်ဖန်တီးဖို့ ဆွေးနွေးနေပေမယ့် Ed ကိုလည်း သေသေချာချာ စဉ်းစားနေတဲ့အထဲ ထည့်ထားပါတယ်။

ပိုပြီး အဓိကကျတဲ့ အချက်ကတော့ အဆိုတော် Ed ဟာ လူငယ်မျိုးဆက်သစ်တွေဆီ ပိုလက်ဆင့် ကမ်းနိုင်ပြီး Adele ကကျတော့ အသက်အရွယ်စုံဆီ လွှမ်းခြုံနိုင်တာ ရှိခဲ့ပေမယ့်လည်း တခြားအနုပညာတွေကိုပါ လေ့လာနေတယ်လို့ ဆိုပါတယ်။

Dan Romer ကတော့ ဇာတ်ဝင်တေးကို ရေးသားပေးရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Cary Fukunaga ရိုက်ကူးနေတဲ့ အဲ့ဒီရုပ်ရှင်ကတော့ မင်းသား Daniel အတွက် ပဉ္စမမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင် ဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: ptinews

You may also like these stories:

‘Bond 25’ ရုပ်ရှင်ရိုက်ကွင်းမှာ စမ်းသပ်ဖောက်ခွဲမှုကြောင့် ဝန်ထမ်းတဦး ဒဏ်ရာရရှိ

“Bond 25” ရုပ်ရှင် ရိုက်ကူးနေတဲ့ ဒါရိုက်တာ ဂိမ်းစွဲစွဲလမ်းလမ်း ဆော့တာကြောင့် ရှူတင်ချိန် နှောင့်နှေးခဲ့ရ

ခြေထောက် ဒဏ်ရာရရှိထားတာတောင် “Bond 25” ရုပ်ရှင်အတွက် လေ့ကျင့်နေတဲ့ Daniel Craig

ခြေကျင်းဝတ်ဒဏ်ရာ ကုသပြီးနောက် “Bond 25” ရိုက်ကွင်းကို ပြန်ရောက်လာတဲ့ Daniel Craig

Did you find apk for android? You can find new Free Android Games and apps.
Loading