၂၀၁၁၊ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ ကမ္ဘာကျော် ဖက်ရှင်ရှိုး Victoria’s Secret ပွဲကို လျှောက်လှမ်းခဲ့ဖူးတဲ့ သြစတြေးလျ မော်ဒယ် Shanina Shaik ရဲ့ အဆိုအရ ၂၀၁၉ ခုနှစ်မှာ နှစ်စဉ် ကျင်းပနေကျ အဲ့ဒီအတွင်းခံ ဖက်ရှင်ရှိုးကို ပြုလုပ်တော့မှာ မဟုတ်ဘဲ ကုန်ပစ္စည်းတွေ ကြော်ငြာဖို့သာ အာရုံစိုက်တော့မယ့် အကြောင်း ပြောဆိုလိုက်ပါတယ်။
“ကံမကောင်းစွာနဲ့ပဲ ဒီနှစ်အတွက် Victoria’s Secret ဖက်ရှင်ရှိုး လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ နှစ်တိုင်း ဒီအချိန်လောက်ဆို ကျမက နတ်သမီးလေးလို လေ့ကျင့်နေရတာ ဆိုတော့ နေသားမကျတော့ ဖြစ်နေပါတယ်။ ဒါပေမဲ့ နောက်တချိန်မှာတော့ ပြန်ကျင်းပမယ်ဆိုတာ ကျမ အတတ်ပြောနိုင်ပါတယ်။ သူတို့တွေဟာ ကုန်ပစ္စည်းတွေကို တိုးတက်ထုတ်လုပ်နေပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးရှိုးုဖြစ်တာကြောင့် အဲ့ဒီရှိုးကို လုပ်ဖို့ နည်းလမ်းအသစ်တွေ ရှာကြံနေတယ်လို့ ထင်ပါတယ်”လို့ မော်ဒယ် Shaik က Daily Telegraph သတင်းစာကို ပြောပါတယ်။
အခုလိုမျိုး ပွဲကို ဖျက်သိမ်းလိုက်တဲ့ သတင်းဟာ Victoria’s Secret ရဲ့မူပိုင်ခွင့်ကုမ္ပဏီ L Brands ရဲ့ အမှုဆောင်အရာရှိချုပ် Leslie Wexner က ၂၄ နှစ်အတွင်းမှာ လူကြည့်နှုန်း ကျဆင်းလာတာကြောင့် ရုပ်သံလိုင်းပေါ်ကနေ ဖက်ရှင်ရှိုးကို လွှင့်ထုတ်တော့မှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့ပြီး ၂ လလောက် အကြာမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
သူက “ဖက်ရှင်ဆိုတာ စီးပွားရေး အပြောင်းအလဲ တခု ဖြစ်ပါတယ်။ ကျနော်တို့ဟာ ဆင့်ကဲ ပြောင်းလဲရမယ်။ ကြီးထွားဖွံ့ဖြိုးဖို့ ပြောင်းလဲမှုတွေ လုပ်ရမယ်။ စိတ်ထဲမှာတော့ ကျနော်တို့ဟာ သမာရိုးကျ လုပ်နေတဲ့ Victoria’s Secret ဖက်ရှင်ရှိုးအတွက် ပြန်စဉ်းစား သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ L Brands ရဲ့ ဈေးကွက် ရှာဖွေရေးအကြီးအကဲ Ed Razek က ဖက်ရှင်ရှိုးမှာ လိင်ပြောင်း မော်ဒယ်တွေ ပါဝင်လာခြင်း မရှိတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပြီးတဲ့နောက် တော်တော်လေး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ Razek က လိင်ပြောင်း မော်ဒယ်တွေဟာလည်း ထူးခြားတဲ့ ဒီလိုမျိုး ဖက်ရှင်ပွဲတော်မှာ ပါဝင်သင့်တယ်လို့ ထင်ကြောင်း Vogue မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ပါပါရာဇီဓာတ်ပုံကို ခွင့်ပြုချက် မယူဘဲ သုံးခဲ့တဲ့အတွက် Gigi Hadid ထပ်မံ တရားစွဲခံရ
Justin Bieber နဲ့ ရင်သွေးယူချင်နေပြီ ဆိုတဲ့ Hailey Baldwin
နာမည်ကြီး Super Model တွေရဲ့ အသားအရေအလှအပဆိုင်ရာ လျှို့ဝှက်ချက်များ
အသက် ၂၂ နှစ်အရွယ် Down Syndrome ဝေဒနာရှင် မော်ဒယ်မိန်းကလေး