အဆိုတော်လေဒီဂါဂါဟာ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာတဦးနဲ့ တွဲနေတာ ရက်သတ္တပတ်အနည်းငယ် လောက်ရှိပြီလို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ပေါ့ပ်အဆိုတော် ဂါဂါဟာ Dan Horton ဆိုသူနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ် ကုန်ပိုင်းတုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ စတူဒီယိုစီးတီးမှာ နေ့လယ်စာ အတူတူ သုံးဆောင်နေခဲ့ကြပြီး နမ်းရှုံ့နေတာကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဟာ အခုသီတင်းပတ်အစောပိုင်းမှာ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ တော်တော်လေး ရင်းနှီးနေတဲ့ ပုံမှာရှိပါတယ်။
သတင်းရင်းမြစ်တခုက “ဂါဂါဟာ Dan နဲ့ တကယ်တွဲနေတာပါ။ သူတို့နှစ်ယောက်တွဲနေကြတာ သီတင်းပတ် အနည်းငယ်လောက်ရှိပါပြီ။ ပြီးတော့အတူတူ အလုပ်တွဲနေကြတာလည်း ရှိပါတယ်။ သူတို့ဟာ သီချင်းအသစ် ကို ဖန်တီးနေကြပြီးတော့ အလုပ်ကို နာရီနဲ့ချီပြီးအတူတူ လုပ်နေကြပါတယ်။ အဲ့ဒီကနေ တစတစ ရင်းနှီးခဲ့ကြတာပါ။ သူတို့ဟာဟောလိဝုဒ်မှာရှိတဲ့ စတူဒီယိုတခုမှာ အရမ်းကို နီးနီးကပ်ကပ်အလုပ်နေ ကြပါတယ်” လို့ ‘Entertainment Tonight’ မီဒီယာကို ပြောကြားခဲ့ပါတယ်။
လူတွေက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို စောစောစီးစီး တွေ့မြင်ခဲ့ကြတာဖြစ်ပြီး အခုတော့ ဂါဂါက ချစ်သူထားဖို့ အချိန်ယူစဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။
သူတို့နှစ်ယောက်ဟာ တော်တော်လေး လိုက်ဖက်တယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိနေတာပါ။ ဒါဟာ အဆိုတော် ဂါဂါအတွက်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Christian Carino နဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းပြီးတဲ့နောက် လူမြင်ကွင်းမှာ လူတယောက်ကို နမ်းနေတာ ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
သတင်းရင်းမြစ်တခုက “Dan ကချစ်ဖို့ကောင်းတယ်။ တောင်ပိုင်းဆန်တယ်။ သာမန် ဟောလိဝုဒ်က ယောကျာ်းတွေနဲ့ တော်တော်လေးကွဲပြားတယ်။ အခုတော့ သူတို့က တော်တော်လေး ပျော်နေကြပြီး အဆင်ပြေနေပါပြီ” လို့ ဆိုပါတယ်။
ဂါဂါက ချစ်သူကို ဂီတကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုနိုင်ပြီး Dan နဲ့အတူ တွဲအလုပ်လုပ်ဖူးတဲ့ နာမည်ကျော်အနုပညာရှင် တွေအားလုံးကိုလည်း ဂါဂါက သိတယ်လို့ ဆိုပါတယ်။ Dan ဟာ Camila Cabello ၊ Bruno Mars ၊ Justin Timberlake ၊KISS ၊ Lenny Kravitz နဲ့ JAY-Z တို့လိုမျိုး နာမည်ကျော်တွေနဲ့ တွဲအလုပ်လုပ်ဖူးသူဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ မင်းသား Taylor Kinney နဲ့ စေ့စပ်ခဲ့ဖူးတဲ့ ဂါဂါဟာ လက်ရှိမှာတော့ Christian နဲ့ ပြတ်ခဲ့ဖူးတာကလွဲရင် တလျှောက်လုံးမှာ အရှုပ်အရှင်းကင်းခဲ့တဲ့သူလို့ ဆိုကြပါတယ်။
Ref: asiaone
You May Also Like These Stories:
ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆုမရလို့ စိတ်ပျက်နေတဲ့ လေဒီဂါဂါ
ကယ်လီဖိုးနီးယားတောမီးသင့်သူတွေကို ပီဇာ၊ ကော်ဖီနဲ့ လက်ဆောင်ကတ်တွေ ပေးခဲ့တဲ့ လေဒီဂါဂါ