Entertainment

အဆိုတော် Kwon Nara တွဲနေတယ်လို့ သတင်းထွက်လာတဲ့ မင်းသား လီဂျောင်ဆော့

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယားမင်းသား လီဂျောင်ဆော့ဟာ Girl Group အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်တဲ့ Kwon Nara နဲ့ တွဲနေတယ်လို့ဆိုတဲ့ ကောလာဟလသတင်းတွေကို သူတို့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီအသီးသီးက ပယ်ချလိုက်ပါတယ်။

အခုလိုမျိုးကောလာဟလသတင်းတွေ ထွက်လာတာကတော့ သြဂုတ်လ ၁ ရက်နေ့မှာ Newsis မီဒီယာရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ Hello Venus အဖွဲ့ထဲမှာ မိန်းကလေး Kwon ရှိနေစဉ် အချိန်တည်းက တွေ့ခဲ့ကြတာဖြစ်ပြီး ချစ်သူအဖြစ်ကို ရောက်ခဲ့ကြတာလို့ ဖော်ပြခဲ့ရာကနေ ကောလာဟလသတင်းတွေ စတင်ပျံ့နှံ့လာတာပဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းအတွင်းသတင်းရဲ့ အဆိုအရ မင်းသားလီဟာ ပြီးခဲ့တဲ့ မေလတုန်းက Hello Venus အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် သူ့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီဖြစ်တဲ့ A-MAN Project ကို ဝင်ရောက်ဖို့ Kwon ကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကုမ္ပဏီတည်ထောင်သူဖြစ်တဲ့ မင်းသား လီဟာ စဉ်းစားဖို့အချိန်ပေးခဲ့တဲ့အပြင် Kwon ကိုလည်း ထပ်မံစင်တင်ပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ အတူတူ ချိန်းတွေ့နေတာမျိုးကိုတွေ့ခဲ့ရပြီး Kwon ကို မင်းသား လီရဲ့ ဆိုးလ်မြို့က 89 Mansion ကဖေးဆိုင်မှာ မကြာခဏတွေ့ရတယ်လို့လည်း ဆိုပါတယ်။

မင်းသားလီကို ချစ်ခင်နှစ်သက်ကြတဲ့ ပရိသတ်တွေကတော့ အခုလိုမျိုး ကောလာဟလသတင်းတွေ စတင်ထွက်ပေါ် လာချိန်မှာပဲ ဝမ်းနည်းကြေကွဲတဲ့အကြောင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ မင်းသား လီနဲ့ အဆိုတော် Kwon တို့ကို ကိုယ်စားပြုတဲ့ A-Man Project က အဲ့ဒီ ကောလာဟလသတင်းတွေကို ပယ်ချခဲ့ပါတယ်။

ကုမ္ပဏီက “ဒီနေ့မှာ သူတို့နဲ့ ပတ်သက်လို့ ထွက်ခဲ့တဲ့ သတင်းက အမှားကြီး ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ စီနီယာ-ဂျူနီယာ ဆက်ဆံရေးသာ ရှိကြတာပါ” လို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လတုန်းကပဲ စတင်စစ်မှုထမ်းခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် မင်းသား လီဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးမှာဖြစ်ပါတယ်။ မင်းသားလီဟာ Pinocchio ၊ While You Were Sleeping နဲ့ Romance Is A Bonus Book တို့လိုမျိုး နာမည်ကျော် ဒရာမာဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် Kwon ကတော့ Hello Venus အဖွဲ့ကို ဖျက်သိမ်းပြီးနောက်ပိုင်း သရုပ်ဆောင်ပိုင်းကိုပဲ အာရုံစိုက်နေပြီးတော့ Doctor Stranger ဒရာမာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

Angelababy နှင့် ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းများကို မင်းသား Huang Xiaoming ငြင်းဆို

ကွာရှင်းမှုနဲ့ ပတ်သက်ပြီး အမုန်းစကား ရေးနေသူများကို ဆောင်းဟေဂိုရဲ့ အေဂျင်စီ တိုင်ကြား

Did you find apk for android? You can find new Free Android Games and apps.
Loading