Entertainment

နေခြည်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ပုရိသ” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာတော့ နေခြည်ဦးက ပလီပလာပလူးပလဲနဲ့ ခပ်သွက်သွက် ကောင်မလေးတယောက်နေရာက သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

“ပရိသတ်တွေအနေနဲ့လည်း အရှေ့မှာတွေ့တဲ့ ဇာတ်ကားတွေမှာက နေခြည့်ကို ရိုးရိုးအေးအေးလေး ကျောင်းသူ တယောက်အနေနဲ့တွေ့ခဲ့ရတာဆိုတော့ ဒီကားမှာကျတော့ လုံးဝကိုဟော့ပြီးတော့ ယောကျ်ားလေးတွေနဲ့ ပလီပလာပလူးပလဲနဲ့ သရုပ်ဆောင်ရတော့ သူများတွေကမေးကြတယ်။ ကိုကျော်ရဲအောင်တို့ ကိုရဲအောင်တို့လည်းပါတယ်။ အဆင်ပြေရဲ့လားပေါ့”

“ နေခြည်အဖေအမေတွေကအစ မေးကြတယ်။ ကိုယ့်သူငယ်ချင်း တိုင်ရွန်တို့ ချမ်းမင်းရဲထွဋ်တို့လည်းပါတော့ အဆင်ပြေပါတယ်။ မရှိန်ဘူး။ ပလီပလာ တီတာနဲ့ဆိုတော့ အမေကတောင် လန့်သွားတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ ကျော်ရဲအောင် ၊ ရဲအောင် နှင့် ခိုင်သင်းကြည်တို့နဲ့အတူ သရုပ်ဆောင်ရတဲ့အခါမှာလည်း ရှိန်မနေဘဲ အဆင်ပြေပြေနဲ့ ရိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မခိုင်လေးနဲ့ အပြိုင်ကြဲတယ်ဆိုတာ ဇာတ်ကောင်အရပေါ့။ တော်တော်များများကတော့ နေခြည့်ကို အရမ်းသွက်တယ် ဆိုတော့ ကိုယ်တိုင်လည်း ကြောင်မနေဘူးပေါ့”လို့ နေခြည်ဦးက ပြောပါတယ်။

“ပုရိသ” ရုပ်ရှင်ဇာတ်ကားကတော့ နေခြည်ဦးရဲ့ တတိယမြောက်ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီးဖြစ်ပြီး အရှေ့က “ရန်သူ” နဲ့ “ဧည်သည်” ဇာတ်ကားများထဲကလို အငြိမ်ဇာတ်ရုပ်မဟုတ်တဲ့အတွက် အပြင်ကာရိုက်တာလည်း နီးစပ်တဲ့အတွက် ဒီကားအတွက် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ပုရိသက ၈ရက် ၈လမှာကြည့်ရတော့မယ်။ ၁ရက်နေ့မှာတော့ ပရက်ရှိုးရှိပါတယ်။ ပထမဆုံးဟာသကားဖြစ်တဲ့အတွက် ပရိသတ်က ဘယ်လိုတုန့်ပြန်မလဲပေါ့။ မြန်မာနိုင်ငံမှာကျတော့ ဟာသကား အရမ်းကြည့်ကြတယ်”

“ နေခြည့်အိမ်မှာကအစ ဟာသကားဆို တအိမ်လုံးကြည့်ကြတာဆိုတော့ ပရိသတ်တွေလည်း ဝေဖန်ထောက်ပြကြ လိမ့်မယ်လို့ ထင်သလို အားပေးကြမယ်လို့လည်း ထင်ပါတယ်။ နမူနာမှာလည်း အရမ်းပေါက်တယ်ဆိုတော့ နေခြည်တို့ ကိုယ်တိုင်လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

ပုရိသ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ သရုပ်ဆောင်များအဖြစ် ကျော်ရဲအောင် ၊ ရဲအောင် ၊ ထက်အောင်ရှိုင်း ၊ တိုင်ရွန် ၊ ချမ်းမင်းရဲထွဋ် ၊ အေးချမ်းမောင် ၊ ခိုင်သင်းကြည် ၊ နေခြည်ဦးတို့က သရုပ်ဆောင်ထားပြီး သြဂုတ်လ ၈ရက်နေ့မှ စကာရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading