အဆိုတော် ကေတီပယ်ရီက ခရစ်ယာန် Rap သီချင်းကို ကူးချခဲ့တယ်လို့ တရားရုံးအမိန့်ချ
အမေရိကန်အဆိုတော် ကေတီပယ်ရီရဲ့ ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Dark Horse သီချင်းဟာ ခရစ်ယာန် Rap သီချင်းတပုဒ်ကို ကူးယူထားတာဖြစ်တဲ့အကြောင်း လော့စ်အင်ဂျလိစ် တရားရုံးတခုက ဇူလိုင်လ ၂၉ ရက်နေ့မှာ အမိန့်ချလိုက်ပြီဖြစ်ပါတယ်။
အဖွဲ့ဝင် ကိုးဦးပါဝင်တဲ့ ဂျူရီအဖွဲ့က အဆိုတော် ကယ်တီက သီချင်းရဲ့ Marcus Gray ရဲ့ “Joyful Noise” ဆိုတဲ့ သီချင်းကြား တူညီမှုတွေဟာ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အမိန့်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
သီတင်းပတ်တွေနဲ့ချီပြီး ကြာမြင့်ခဲ့တဲ့ အဲ့ဒီတရားခွင်မှာကတော့ အဆိုတော် ကေတီဟာ မျက်မြင်သက်သေ အဖြစ်သာ ထွက်ဆိုခဲ့ပါတယ်။
အဲ့ဒီမှာ သူက သူ့ရဲ့ သီချင်းဟာ မူရင်းရေးသားဖန်တီးသီဆိုမှုသာ ဖြစ်ပြီး အခုပြောနေတဲ့ Rap သီချင်းကို ကြားတောင်မကြားဖူးတဲ့အကြောင်း ဂျူရီလူကြီးတွေကို ပြောဆိုခဲ့တာပါ။ သူနဲ့အတူ ပူးတွဲထုတ်လုပ်ခဲ့သူတွေဟာ သီချင်းအတွက် တီးခတ်ထားတဲ့ တေးသွားအတို နမူနာလေးတွေကို ယူလာခဲ့ပါတယ်။ အဲ့ဒီတေးသွားတွေကို နမူနာပြုပြီး Dark Horse သီချင်းကို ဖန်တီးခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီသီချင်းနှစ်ပုဒ်ဟာ တူညီနေရာကနေ အသံထွက်ပုံကို ယူထားတာဖြစ်ပေမယ့် မူပိုင်ခွင့်တော့ ရယူထားနိုင်ခဲ့တာ မရှိဘူးလို့ သူ့ရဲ့ အဖွဲ့ကဆိုပါတယ်။ အဆိုတော် Gray ရဲ့ ရှေ့နေတွေကတော့ တရားစွဲခံရသူတွေဟာ သူ့သီချင်းရဲ့ ၁၆ စက္ကန့်ကြာမြင့်တဲ့ တေးသံအပိုင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတခုကို ကော်ပီယူခဲ့တယ်လို့ဆိုပါတယ်။
မျက်မြင်သက်သေနေရာကနေ အဲ့ဒီသီချင်းကို တိုက်ရိုက်သီဆိုပြဖို့ တောင်းဆိုခံရချိန်မှာ ဖက်ဒရယ် တရားရုံးရဲ့ စပီကာစနစ်မှာ နည်းပညာဆိုင်ရာ ပြဿနာဖြစ်သွားတာကြောင့် ကေတီက ရယ်မောခဲ့တာကိုလည်းတွေ့ရပါတယ်။ အဲ့ဒီကြားနာမှုကိုတော့ လာမယ့် သြဂုတ်လ ၆ ရက်နေ့မှာ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး Gray အနေနဲ့ ဘယ်လောက်နစ်နာသွားတယ်ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ကယ်တီဟာ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာလုံးကိုထုတ်လွှင့်ခဲ့တဲ့ Super Bowl မှာ “Dark Horse” သီချင်းကို ဖျော်ဖြေခဲ့ဖူးပါတယ်။ “Joyful Noise” သီချင်းကတော့ Youtube မှာ ကြည့်ရှုတဲ့အကြိမ်ရေ ၃ သန်းကျော် ရှိနေပါတယ်။ Gray ရဲ့အဖွဲ့က ကယ်တီကို၂၀၁၄ ခုနှစ်မှာ ပထမဆုံးစတင်တရားစွဲခဲ့တာ ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
ပရဟိတငွေ လှူဒါန်းဖို့ ချစ်သူ Orlando Bloom နဲ့ နေ့လယ်စာစားခွင့် လေလံပစ်ခဲ့တဲ့ Katy Perry
သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift
LGBT နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဝေဖန်မှုများကြောင့် ဆော်ဒီဖျော်ဖြေပွဲမှ Nicki Minaj နုတ်ထွက်
ရုရှား Instagram Star ဆရာဝန် မိန်းကလေးကို ခရီးဆောင်အိတ်ထဲ သေဆုံးလျက် တွေ့ရှိ