Entertainment

ဖွေးဖွေးရဲ့ လက်တွဲကူညီမှုကြောင့် “သူစိမ်းအိမ်” ရုပ်ရှင်ကားမှာ အဆင်ပြေခဲ့တယ်လို့ မြတ်နိုးအေး ပြော

Want create site? Find Free WordPress Themes and plugins.

မျက်နှာသစ်လူငယ် အနုပညာရှင်များစွာ စုပေါင်းပါဝင် သရုပ်ဆောင်ထားကြတဲ့ ‘ည’ ဇာတ်ကားကြီးမှာ ပရိသတ်တွေ စတင်သိရှိလာတဲ့ သရုပ်ဆောင် မြတ်နိုးအေးဟာ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ “သူစိမ်းအိမ်” ဇာတ်ကားမှာ အကယ်ဒမီ ဖွေးဖွေးနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ ဖွေးဖွေးက လက်တွဲကူညီခဲ့တာကြောင့် စိတ်ဖိစီးမှုတွေလျော့ပြီး လေ့လာသင်ယူခွင့်တွေ ရရှိခဲ့တယ်လို့ မြတ်နိုးအေးက ဆိုပါတယ်။

“သူစိမ်းအိမ် ဇာတ်ကားထဲမှာ ညီမက “ကေသီ” ဆိုတဲ့ ဇာတ်ကောင်ပေါ့၊ အရမ်း Active ဖြစ်ပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်တတ်တဲ့ ကောင်မလေး၊ အရမ်းလည်း ကြောက်တတ်တယ်။ မဖွေးနဲ့က Best Friend ပုံစံမျိုး သရုပ်ဆောင် ရတာဖြစ်သလို တကားလုံး တွဲပြီးသရုပ်ဆောင်ရတာဆိုတော့ သူရဲ့ Support အများကြီးရခဲ့တယ်”

“မဖွေးက ဝါရင့်အနုပညာရှင် ဖြစ်နေတော့ ရှိန်နေတာမျိုးတွေ မဖြစ်အောင် လက်တွဲခေါ်ပါတယ်။ ဒီဇာတ်ကား မတိုင်ခင် အကြိုလေ့ကျင့် ပြင်ဆင်ကြကတည်းက အရမ်းခင်မင်သွားအောင် ရင်းရင်းနှီးနှီး လက်တွဲခေါ်ပေး တယ်။ သူ့ဆီကနေ လေ့လာသင်ယူခဲ့ရတယ်။ တကယ်ရိုက်ရတဲ့အချိန်မှာ ပိုပြီးအဆင်ပြေသွားတာပေါ့”

“ဝါရင့်အနုပညာရှင်တွေ အားလုံးကလည်း မိသားစုဝင်တွေလိုပဲ နွေးနွေးထွေးထွေး ဆက်ဆံပေးတော့ စိတ်ဖိစီးမှုတွေလျော့ပြီး အကောင်းဆုံးကြိုးစားနိုင်ခဲ့တယ်”လို့ မြတ်နိုးအေးက ပြောပါတယ်။

မြတ်နိုးအေးရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ “သူစိမ်းအိမ်”ဇာတ်ကားဟာ လုပ်ကွက်လည်း ပိုရတာကြောင့် အရမ်း ကျေနပ်မိတယ်လို့ မြတ်နိုးအေးက ဆိုပါတယ်။

“ည ဇာတ်ကားမှာတုန်းကတော့ လုံးဝအသစ် တယောက်အနေနဲ့ အတွေ့အကြုံတွေအားလုံးက အသစ်ပေါ့နော်၊ ဇာတ်ရုပ်အတွက်ပြင်ဆင်ပြီး ကိုထူးပိုင် ညွှန်ကြားတဲ့အတိုင်းပဲ သရုပ်ဆောင်ခဲ့တယ်။ “ည” ရုပ်ရှင်ဇာတ်ကား ထွက် လာပြီးနောက်မှာ ကြော်ငြာရိုက်ရတာတွေ၊ ဓာတ်ပုံရိုက်ရတာတွေ ရှိလာတယ်”

“ အခုကတော့ ဒုတိယမြောက် ဇာတ်ကား ပေါ့။ အသစ်တယောက် အတွက်ကတော့ Training က အရမ်းစကားပြောပါတယ်၊ On Scene ပေါ်မှာ ဒီတိုင်းကြီး ရိုက်လိုက်တာထက် မရိုက်ခင် Script နဲ့ရင်းနှီးမှုရအောင် လေ့ကျင့်ပေးတယ်။ ကိုယ့်ဇာတ်ရုပ်ရဲ့ စိတ်ခံစားမှုတွေ၊ အပြုအမူ အနေအထိုင်တွေ ဖြစ်အောင်နေခိုင်းတယ်”

“ ည” နဲ့နှိုင်းယှဉ်မယ်ဆိုရင် အခု ဒုတိယမြောက် ဇာတ်ကားမှာ လုပ်ကွက်လည်း ပိုရလာသလို အားကောင်းတဲ့ ကာရိုက်တာမှာ သရုပ်ဆောင် ခွင့်ရတာကြောင့်ပိုပြီး ကျေနပ်ရပါတယ်။ လတ်တလောမှာတော့ စီးရီးလေး တခုနဲ့ ဓာတ်ပုံရိုက်တာတွေ လောက်ပဲရှိတယ်”လို့ မြတ်နိုးအေးက ပြောပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦး ပုံဖော် ရိုက်ကူးခဲ့တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာ၊ အားကိုးရာ တို့ပါဝင်ထားပြီး သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

“သူစိမ်းအိမ် ရိုက်ရင်း ကျနော့်ကြောင့် ဖွေးဖွေး ဒဏ်ရာနှစ်ခု ရခဲ့တယ်”လို့ လွင်မိုး ပြော 

မင်းသမီးဖြစ်ချင်တာထက် သရုပ်ဆောင်ဖြစ်ချင်တဲ့ “ည” မင်းသမီးလေး မြတ်နိုးအေး

Did you find apk for android? You can find new Free Android Games and apps.
Loading