၂၀၁၉ ခုနှစ်က Elizabeth Olsen အတွက် ပျော်စရာနှစ်တနှစ်ဆို မမှားပါဘူး။ Scarlet Witch နေရာမှာ သရုပ်ဆောင်ပြီး အမျိုးသားတွေရဲ့ အသည်း နှလုံးကို ကိုင်လှုပ်ခဲ့သူ Elizabeth Olsen စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းကို PEOPLE မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
သုံးနှစ်တာ တွဲခဲ့တဲ့ ချစ်သူဖြစ်တဲ့ Milo Greene အဖွဲ့က အဆိုတော် Robbie Arnett နဲ့ စေ့စပ်ခဲ့တာ ဖြစ်ပြီး လက်ထပ်ဖို့ကတော့ အချိန်ယူဦးမယ်လို့ သိရပါတယ်။ အခုအချိန်အထိ မင်းသမီးဘက်က တိကျတဲ့ အဖြေကို ပြောထားခြင်းမရှိပေမယ့် ပရိသတ်တွေကတော့ ဝမ်းသာကြောင်း သတင်းစကားတွေ ပြောခဲ့ကြပါတယ်။
သူတို့ စုံတွဲဟာ ပရိသတ်ရှေ့ကို ၂၀၁၇ ခုနှစ်က စတင်ထွက်ခဲ့တာဖြစ်ပြီး သူတို့ဟာ ၂၀၁၇ ခုနှစ် မတ်လကတည်းက ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ၂ယောက်ကို နယူးယော့က်ခ်မြို့မှာ မကြာခဏဆိုသလို ပျော်ရွှင်စွာ လက်ချင်းချိတ်ပြီး သွားလေ့ရှိတယ်လို့ ပရိသတ်တွေက ပြောပါတယ်။
မင်းသမီး Elizabeth Olsen အတွက် အခုစေ့စပ်မှုဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူမဟာ ၂၀၁၄ခုနှစ်မှာ စေ့စပ်မှုတခါပြုလုပ်ခဲ့ပြီး ၃နှစ်ခန့်တွဲပြီးနောက်မှာတော့ အဲဒီရည်းစားနဲ့ ပြတ်စဲခဲ့ပါတယ်။
ပရိသတ်ကြိုက်တဲ့ မင်းသမီး Elizabeth Olsen ဟာ မာဗယ်ကထပ်ပြီး ထွက်ရှိမယ့် Phase IV မှာ ပါဝင်ဖို Wanda Vision ဆိုတဲ့ တကိုယ်တော်ရုပ်ရှင်ထွက်ဖို့ သေချာနေတာကြောင့် လက်ထပ်ဖို့ အိပ်မက်ကတော့ အနည်းငယ် ဝေးနေပါသေး တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်မှာ စေ့စပ်ခဲ့သူတွေအထဲမှာ မာဗယ်က သရုပ်ဆောင်တော်တော်များများပါဝင်ပြီး မကြာသေးခင်ကပဲ မင်းသမီး စကားလက်ဂျိုဟန်ဆန်လည်း စေ့စပ်ခဲ့ပါတယ်။
Ref;comicbook.com