Entertainment

အသက် ၃၀ကျော်ရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားထားတဲ့ မေမီကိုကို

Want create site? Find Free WordPress Themes and plugins.

ပရိသတ်အချစ်တော် ဇာတ်လမ်းတွဲမင်းသမီးတဦးဖြစ်တဲ့ မေမီကိုကိုကတော့ လတ်တလော ချစ်သူရည်းစား မရှိသေးပေမယ့် အသက် ၃၀ကျော်ရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားထားတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“လောလောဆယ်တော့ မပြောတတ်သေးဘူး။ ၃၀ကျော်ရင်တော့ စဉ်းစားထားတယ်ဆိုပေမယ့် လောလောဆယ် ရည်းစားလည်းမရှိဘူး။ Crush လည်းမရှိဘူး။ အချစ်ရေးနဲ့ပတ်သက်ရင် စိတ်ထဲမှာဘာမှမရှိသေးတော့ ဝေးဦးမယ်ထင်ပါတယ်” လို့ မေမီကိုကိုက ပြောပါတယ်။

မင်္ဂလာဝတ်စုံများကိုတော့ မြန်မာဝတ်စုံနဲ့ အနောက်တိုင်းဝတ်စုံ ၂မျိုးလုံးကို သဘောကျပြီး ၂ပွဲလုပ်ဖို့အတွက် စဉ်းစားထားတယ်လို့ ဆိုပါတယ်။

“အနောက်တိုင်းဝတ်စုံလည်း သဘောကျတယ်။ မြန်မာဝတ်စုံလည်း သဘောကျတယ်။ ၂ပွဲလုပ်မယ်။ Dinner နဲ့ မနက်ပွဲပေါ့နော်” လို့ မေမီကိုကိုက ပြောပါတယ်။

အနာဂတ်အတွက် ချစ်သူပုံစံကိုတော့ အရင်ကတွေးထားတာမျိုးရှိပြီး နောက်ပိုင်းမှာတော့ မတွေးတော့ဘူးလို့ ဆိုပါတယ်။

“အရင်တုန်းက စိတ်ကူးတာရှိတယ်။ အဓိကက စိတ်ကောင်းရှိဖို့ပေါ့နော်။ နောက်ပိုင်းကျတော့ အများကြီးတော့ မတွေးတော့ဘူး။ နှလုံးသားကတွေ့လို့ ချစ်မိသွားရင်တော့ ချစ်သွားမှာပေါ့။ အဲ့လိုပဲတွေးပါတယ်။ အခုခေတ်မှာက ချောတိုင်းလည်းမချစ်ဘူး။ အရာရာပြီးပြည့်စုံတိုင်းလည်း ချစ်ချင်မှချစ်တာဆိုတော့” လို့ မေမီကိုကိုက ပြောပါတယ်။

လက်ရှိမှာတော့ ချစ်သူရည်းစားမရှိသေးတဲ့ မေမီကိုကိုကတော့ အနုပညာအလုပ်များကိုသာ ဆက်တိုက်လုပ်ဖြစ်နေပြီး မကြာခင်မှာကျင်းပမယ့် Aroma Wedding Fair မှာလည်း ရှိုးလျှောက်ဖို့ရှိတယ်လို့ သိရပါတယ်။

“ပျားရည်အိုင်” ထဲက “မြိုင်” အဖြစ်ပရိသတ်များရဲ့ ချစ်ခင်မှုရရှိပြီးနောက်မှာတော့ မကြာခင်မှာလည်း ဆရာမကြီးမစန္ဒာရဲ့ “ဂျီဟောသူ” ဝတ္ထုကိုပြန်လည်ပုံဖော်မယ့် ဇာတ်လမ်းတွဲမှာ “ ညိုထွေး” ဇာတ်ရုပ်ဖြင့်မြင်ရမှာဖြစ်ပါတယ်။

You may also like these stories:

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးဖို့ရှိနေတဲ့ သရုပ်ဆောင် မေမီကိုကို

“ဂျီဟောသူ” ဇာတ်လမ်းတွဲအတွက် ကာရိုက်တာ လေ့လာမှုတွေ လုပ်နေတဲ့ မေမီကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading