မင်းသား Dwayne “The Rock” Johnson ဟာ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် သူဟာ တကယ့်သမ္မတအဖြစ် ရွေးချယ်ခံမယ့်သူလိုပဲ လှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
“Hobbs & Shaw” မင်းသား Dwayne ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ “The Tonight Show With Jimmy Fallon” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ မွေးရပ်မြေ ပြည်နယ်ဖြစ်တဲ့ ဟာဝိုင်အီမှာ မြင့်မြတ်တယ်လို့ အများက ယူဆထားကြတဲ့ မီးတောင်တခုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းချက်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
မင်းသားက “ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှုတခုခုကို ထိအောင်လုပ်နေတဲ့ လူသားတွေရှိမယ်ဆိုရင် ကျနော်တို့က အဲ့ဒါကို ရပ်တန့်ဖို့ ကြိုးစားရပါလိမ့်မယ်။ စဉ်းစားကြရပါမယ်။ ကိုယ်ချင်းစာတတ်ရမယ်။ ကျနော်တို့ရဲ့ ပြည်သူတွေကို စောင့်ရှောက်ရမယ်။ ဒီနေ့အဆုံးသတ်မှာ လူတွေကို ဂရုစိုက်တယ်ဆိုတဲ့ လုပ်ရပ်နဲ့ပဲ အဆုံးသတ်ချင်တယ်” လို့ဆိုပါတယ်။
မင်းသား Dwayne ဟာ ဟာဝိုင်အီကျွန်းရဲ့ အရှည်ဆုံးတောင်တန်း ဖြစ်တဲ့ Mauna Kea မှာ ကြီးမားတဲ့အဝေး ကြည့်မှန်ပြောင်း ဆောက်လုပ်မှုကို ရပ်တန့်ဖို့ကြိုးစားနေကြတဲ့ ဆန္ဒပြသူတွေနဲ့ အတူပူးပေါင်းခဲ့ပါတယ်။
မင်းသား Dwayne က “ကျနော် ဒီကိုလာချင်ခဲ့တယ်။ ကျနော်တို့လူတွေကို ကြည့်ချင်ခဲ့တယ်။ သူတို့နဲ့အတူ ရပ်တည်ချင်ခဲ့တယ်။ ထောက်ခံပေးချင်ခဲ့တယ်” လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ မင်းသားဟာ အခုလိုမျိုး ယဉ်ကျေးမှုတွေ၊ လူသားမျိုးနွယ်ထိခိုက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်နေတာကြောင့် အသိပညာပေးရေး လုပ်ငန်းစဉ်မှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေတဲ့သူလည်း ဖြစ်ပါတယ်။
မင်းသား Jason Statham နဲ့အတူ မင်းသား Dwayne ပါဝင်သရုပ်ဆောင်ထားတဲ့ “Hobbs & Shaw” ရုပ်ရှင်ကို အခု နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ စတင်ပြသနေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်အတွင်းမှာပဲ မင်းသားရဲ့ “Jumanji: The Next Level” ရုပ်ရှင်ကို ရုံတင်ဖို့ရှိနေပါတယ်။
Ref: cnn
You May Also Like These Stories:
Netflix နဲ့အတူ လက်တွဲပြီး ရုပ်ရှင်ထုတ်လုပ်၊ သရုပ်ဆောင်မယ့် Dwayne Johnson
တကမ္ဘာလုံး သန့်ရှင်းရေးအတွက် Iron Man မင်းသား ပြုလုပ်မယ့် ၁၀ နှစ်တာ စီမံကိန်း